မူဝါဒအပြောင်းအလဲကြောင့် ဧရာဝတီကစားသမား ၂၀ ခန့် အသင်းနှင့်လမ်းခွဲ

ပြီးခဲ့သည့်ဘောလုံးရာသီ၌ ဧရာဝတီအသင်းနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ − MFF)

 

 မြန်မာလိဂ်ကလပ် ဧရာဝတီယူနိုက်တက်အသင်းသည် ၂၀၁၉ ဘောလုံးရာသီသစ်တွင် အသက်(၃၀)ကျော် ကစားသမားများကို အသင်း၌ ဆက်မထားလိုသည့် မူဝါဒအပြောင်းအလဲကြောင့် စာချုပ်သက်တမ်းကုန်ဆုံးသည့် ကစားသမား ၂၀ ခန့် အသင်းနှင့်လမ်းခွဲခဲ့သည်။ 

လမ်းခွဲခဲ့သည့် ကစားသမား ၂၀ ခန့်တွင် အသင်းခေါင်းဆောင် မင်းမင်းသူအပါအဝင် အဓိက ကစားသမားများ ဖြစ်သည့် ဗန်လားဟာရွယ်၊ နိုင်လင်းဦး၊ မိုင်းအိုက်နိုင်၊ အာကာနိုင်၊ နေဇော်အောင် စသည့် ပြည်တွင်းကစားသမား ၁၇ ဦးနှင့် ပြည်ပကစားသမားသုံးဦးပါဝင်သည်။ 

ထိုသို့လမ်းခွဲသည့် ကစားသမားများအစား ပြည်တွင်းနှင့် ပြည်ပကစားသမားသစ်များ ပြန်လည်ခေါ်ယူရန် စီစဉ် ထားကြောင်း အသင်းမီဒီယာတာဝန်ခံ ကိုသန့်စင်အောင်က ပြောသည်။ 

‘‘မနှစ်က ကစားသမားတော်တော်များများ အသင်းနဲ့ လမ်းခွဲတယ်ဆိုတာက အသက်(၃၀)ကျော် ကစားသမား တွေကို ဆက်မထားဘူးဆိုတဲ့ မူဝါဒကြောင့်ပါ။  တခြားအသင်းမှာ ပြဿနာမရှိပါ ဘူး။ သူတို့အစား အခု ပြည်တွင်း ရော၊ ပြည်ပရော ကစားသမား သစ်တွေခေါ်ဖို့ ခြေစမ်းနေပါတယ်။ ဒါ့အပြင် သက်တမ်းအလိုက် လူငယ်အသင်း တွေအတွက်လည်း လူရွေးပွဲလုပ်ပြီး အင်အားဖြည့်သွားမှာပါ။ လာမယ့် ဘောလုံးရာသီမှာတော့ အသင်းက လူငယ်တွေကို ဦးစားပေးယှဉ် ပြိုင်သွားပါမယ်’’ ဟု ကိုသန့်စင် အောင်က ဆိုသည်။ 

လက်ရှိတွင် ဧရာဝတီအသင်းသည် မကွေးအသင်းမှ မြန်မာ့လက်ရွေးစင်ဟောင်း ဂိုးသမား ကျော်ဇင်ထက်နှင့် နောက်ခံလူ ကျော်ဇင်လွင်တို့ကို ခေါ်ယူရန် အကြိုသဘောတူညီမှုရရှိထားသည်။ 

ထို့အပြင် ပေါ်တူဂီ၊ မက္ကဆီကို၊ အာဖရိက စသည့် နိုင်ငံများမှ ပြည်ပကစားသမားအချို့ကို ခြေစွမ်းစမ်းသပ်မှုများ ပြုလုပ်နေသည်။ 

ဧရာဝတီအသင်းသည် နိုဝင်ဘာ ၂၈ ရက်က ရာသီကြိုခြေစမ်းပွဲအဖြစ် ရန်ကုန်အသင်းနှင့် ယှဉ်ပြိုင်ရာ သီဟဇော်၊ ကျော်မြင့်ဝင်း၊ မိုက်ကယ်တို့က ဂိုးများ သွင်းယူပြီး၃-၂ ဂိုးဖြင့် အနိုင်ရထားသည်။ 

7Days