တာတိုဘုရင် အူစိန်ဘော့ကို ပြေးခုန်ပစ်ကြယ်ပွင့်များ နှုတ်ဆက်မည်

ပြေးခုန်ပစ်အားက စားသမား စူပါစတားနှင့် တာတိုဘုရင် အူစိန်ဘော့နောက်ဆုံး ပါဝင်ယှဉ်ပြိုင်မည့် ဇွန်လ ၁၀ ရက်Racers Track Grand Prix ပြိုင်ပွဲတွင် ဗြိတိန်မှ မိုဖာရာနှင့် ကင်ညာနိုင်ငံမှ ဒေးဗစ်ရူရှီဒါကိုလည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

ဂျမေကာမြို့တော် ကင်စတန်အမျိုးသားအားကစားကွင်း၌ အားကစားလောကမှ အနားယူ တော့မည် အူစိန်ဘော့နှင့် ၎င်းတို့ နှစ်ဦးအပြင် အခြားနိုင်ငံတကာ ပြေးခုန်ပစ် ကြယ်ပွင့်များပါဝင် မည်ဟု ပွဲစီစဉ်သူများက ပြော သည်။

ဖာရာသည် ခေတ်သစ်အို လံပစ်သမိုင်း၌ ဗြိတိန်၏ အအောင်မြင်ဆုံးအပြေးသမားဖြစ်ပြီး ၂၀၁၂ နှင့် ၂၀၁၆ အိုလံပစ် ပြိုင်ပွဲနှစ်ခုစလုံး၌ မီတာ ၅၀၀၀ နှင့် ၁၀၀၀ တွင် ရွှေဆုများ ဆွတ် ခူးခဲ့သည်။ ရူရှီဒါသည် အိုလံပစ် မီတာ ၈၀၀ လက်ရှိချန်ပီယံဖြစ်ပြီး တောင်အာဖရိကမှ မီတာ ၄၀၀ ကမ္ဘာ့စံချိန်ရှင် ဗန်နိုင်ကတ်လည်း ပါဝင် ယှဉ်ပြိုင်မည်ဖြစ်သည်။

‘‘အမိမြေမှာ ကျွန်တော်ရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်ပါလိမ့်မယ်။ကျွန်တော်စတင်ယှဉ်ပြိုင်တဲ့ ဂျမေကာမြေပေါ် မှာပဲ ပြည်ဖုံးကား ချရမှမို့လို့ စိတ်လှုပ်ရှားတတ်သူ မဟုတ်ပေမယ့်လည်း ကျွန်တော် မျက်ရည်ကျကောင်း ကျနိုင်ပါ တယ်’’ဟု အူစိန်ဘော့က ပြော ကြားသည်။

ယင်းပြိုင်ပွဲကို ‘ဂန္ထ၀င်တစ် ဦးအား နှုတ်ဆက်အလေးပြုခြင်း’ ဟု ကင်ပွန်းတပ်ထားသည်။

—Ref:AFP