ခိုးဝင်လာသူများကို လက်ခံမည်မဟုတ်ဟု အမေရိကန်သမ္မတ သတိပေး

အမေရိကန်သမ္မတဒေါ်နယ်ထရန့်က နိုင်ငံအတွင်းသို့ ခိုးဝင်လာသူများကို လူသားချင်းစာနာထောက်ထားမှု ခေါင်းစဉ်ဖြင့် နိုင်ငံအတွင်း လကခံကာနေထိုင်ခွင့်ပေးမည်မဟုတ်ဟု ပြောကြားခဲ့ေ ကြာင်း အယ်လ်ဂျာဇီးယား သတင်းဌာနက ဖော်ပြသည်။

ဗဟုတ်အမေရိကန်နိုင်ငံများမှ ထွက်ခွာလာသော ရာနှင့်ချီသည့် ရွှေ့ပြောင်းအခြေချသူများသည် မက္ကဆီကိုနိုင်ငံကို ဖြတ်သန်းကာ အမေရိကန်နိုင်ငံအတွင်းသို့ ၀င်ရောက်ခွင့်ရရန် ကြိုးပမ်းလျက် ရှိသော ဒေါ်နယ်ထရန့်က ခိုးဝင် လာသူများအား လက်ခံမည်မဟုတ်ဟု သတိပေးခဲ့ခြင်းဖြစ်သည်။

ဒေါ်နယ်ထရန့်သည် နိုင်ငံအတွင်းသို့ ခိုးဝင်မှုများကို ကာကွယ်ရန်အတွက် မက္ကဆီကိုနှင့်ထိစပ်နေသော နယ်စပ်ဒေသများတွင် တံတိုင်းအပြည့်ကာရန် ဆုံးဖြတ်ခဲ့သည့်အပြင် နိုင်ငံအတွင်း နေထိုင်ခွင့်ပေးထားသော ရွှေ့ပြောင်း အခြေချသူအချိုးကိုလည်း မိခင်နိုင်ငံများသို့ ပြန်ပို့ရန်ဆုံးဖြတ်ခဲ့သူဖြစ်သည်။

ကုလသမဂ္ဂဒုက္ခသည်များ အေဂျင်စီက နိုင်ငံတကာဥပဒေများနှင့် ကိုက်ညီသော ရွှေ့ပြောင်းအခြေချသူများအား အမေရိကန်နိုင်ငံအတွင်း နေထိုင်ခွင့်ပေးရန် တိုက်တွန်းလျက် ရှိသော်လည်း ဒေါ်နယ်ထရန့် သည် မက္ကဆီကို နယ်စပ်မှ တစ်ဆင့် ရွှေ့ပြောင်း အခြေချသူများ မ၀င်ရောက်နိုင်စေရန်အတွက် အမေရိကန်တပ်ဖွဲ့ဝင်များကို တိုးချဲ့ချထားခဲ့သည်။

-Ref: Aljazeera