စစ်တွေခရိုင်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ မျက်နှာစုံညီ စည်းဝေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စစ်တွေခရိုင်ကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များ၏ မျက်နှာစုံညီ အစည်းအဝေးကို ဒီဇင်ဘာ (၅) ရက် မွန်းတည့် (၁၂) နာရီအချိန်က စစ်တွေခရိုင် ပြည်ခိုင်ဖြိုးပါတီ၌ ကျင်းပ ပြုလုပ်ရာ ခရိုင်ဥက္ကဌဦးကျော်စိုးမှ အဖွင့်အမှာစကားပြောကြားပြီး ပါတီ၏ ရှေ့ဆက်သွားရမည့် လုပ်ငန်းစဉ်များကို ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်အတွင်းရေးမှူး ဒေါ်မြမြအေးမှ ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် မြို့နယ်များနှင့် ဆက်သွယ်ရမှု အခြေအနေများကို ပြောကြားပြီး တက်ရောက်လာကြသော ကော်မတီဝင်များနှင့် အရန်ကော်မတီ ၀င်များမှ မိမိမြို့နယ်များရှိ အခြေအနေများအား ဆွေနွေးကြကာ မြို့နယ် တာဝန်ခံ ခရိုင်ကော်မတီဝင်များမှလည်း ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အစည်းအဝေးကို နေ့လည် ၂း၃၀. အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

mya mya aye


Leave a Reply