ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ H.E. Mr.Hideo Watanabe နှင့်အဖွဲ့အား ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ လက်ခံတွေ့ဆုံ

 

28-1-2019

ဂျပန်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ H.E. Mr.Hideo Watanabe နှင့်အဖွဲ့ဝင်တွေကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ တွေ့ဆုံပွဲကို ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ ပါတီပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့်၊ ဗဟိုကော်မတီဝင် ဦးရဲထွဋ်အောင်နှင့် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံတကာရေးရာဌာနမှူး ဦးမြင့်ကိုကိုတို့က လက်ခံတွေ့ဆုံခဲ့ပြီး ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုများ ရခိုင်ပြည်နယ်ဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့သည်။