မီတာ(၄၀၀) အပြေးပွဲတွင် တောင်အာဖရိက အပြေးသမား ဗန်နီကက် ကမ္ဘာ့စံချိန်ကို ချိုးဖျက်ကာ ရွှေတံဆပ်ဆု ဆွတ်ခူး

13988206_1751376568448560_9195708653400332545_o

ရီယိုအိုလံပစ် အမျိုးသား မီတာ(၄၀၀) အပြေးပွဲတွင် တောင်အာဖရိက အပြေးသမား ဗန်နီကက်က ကမ္ဘာ့စံချိန်ကို ချိုးဖျက်ကာ ရွှေတံဆပ်ဆု ဆွတ်ခူးခဲ့ကြောင်း သိရသည်။

ဗန်နီကက်သည် (၄၃.၀၃)စက္ကန့်ဖြင့် ပန်းဝင်ခဲ့ပြီး ၁၉၉၉ ခုနှစ်က မိုက်ကယ်ဂျွန်ဆင် တင်ရှိခဲ့သည့် ကမ္ဘာ့စံချိန်ကို (၀.၁၅)စက္ကန့်အသာဖြင့် ချိုးဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချန်ပီယံ ကာကွယ်ရန် ကြိုးပမ်းခဲ့သည့် ဂရီနာဒါ အပြေးသမား ကီရာနီဂျိမ်းစ်မှာ (၄၃.၇၆)စက္ကန့်ဖြင့် ပန်းဝင်ခဲ့သဖြင့် ငွေတံဆိပ်ဆုသာ ရရှိခဲ့ကြောင်း သိရသည်။

Photo: AFP


Leave a Reply