ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဖော်ထုတ်ချက်ရလဒ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖော်ထုတ်ချက်ရလဒ်များ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို သြဂုတ် (၁၁) ရက် နံနက် (၈) နာရီခွဲအချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် သင်တန်းကျောင်းခမ်းမတွင် ကျင်းပပြုလုပ်ရာ ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်၊ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ ပြည်နယ်/ တိုင်းဒေသကြီးများမှ ပါတီကေဒါများ၊ ပါတီဌာနချုပ်မှ တာဝန်ရှိသူများ စုစုပေါင်း (၁၉၈) ဦး တက်ရောက်ကြသည်။

_DSC1067 _DSC1162

အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့် ဒေါက်တာကျော်ကျော်ဌေးတို့က ဆောင်ရွက်ကြပြီး ဆွေးနွေးချက်ရလဒ်များအား အစုအဖွဲ့အလိုက်တင်ပြကြရာ အစုအဖွဲ့ (၁) မှ မြန်မာနိုင်ငံ သမိုင်း ကြောင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးစာတမ်း လေ့လာဖော်ထုတ်ချက်များကို နှစ်ပိုင်းခွဲ၍ တင်ပြခဲ့သည်။

13892072_1736838923238726_491432422039167234_n _DSC1115

အစုအဖွဲ့ (၁) မှ မြန်မာနိုင်ငံသမိုင်းကြောင်းနှင့် ပတ်သက်၍ လေ့လာဖော်ထုတ်ချက်များကို ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီကော်မတီဝင် ဒေါက်တာဝင်းအောင်ကျော်မှလည်းကောင်း၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပတ်သက်၍ လေ့လာဖော်ထုတ်ချက်များကို ကချင်ပြည်နယ်ပါတီ ကော်မတီဝင် ဦးမရန်ဘရန်ရှောင်မှ လည်း ကောင်း၊ အစုအဖွဲ့ (၂) ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်မှု ဆောင်ရွက်ချက်များစာတမ်း လေ့လာ ဖော်ထုတ်ချက်များကို မန္တလေးတိုင်း ဒေသကြီးမှ ဦးအောင်နိုင်ဦးကလည်းကောင်း၊ အစုအဖွဲ့ (၃) တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ဦးတည်သော ဖက်ဒရယ်ပြည်ထောင်စုဖော်ဆောင်ရေး စာတမ်းနှင့်ပတ်သက်၍ တနင်္သာရီ တိုင်းဒေသကြီးကော်မတီဝင် ဦးကျော်ကျော်မှ လည်းကောင်း၊ အစုအဖွဲ့ (၄) ပြည်ထောင်စုအဓွန့်ရှည် တည်တံ့ ခိုင်မြဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး စာတမ်းနှင့်ပတ်သက်၍ ကရင်ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းတင်မှလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

_DSC1130 _DSC1146 _DSC1165

ထို့နောက် ပါတီဥက္ကဋ္ဌကြီး ဦးသိန်းစိန်မှ တင်ပြချက်များနှင့်ပတ်သက်၍ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


Leave a Reply