ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း

• အခုလက်ရှိ မြို့နယ်ဥက္ကဋ္ဌတာဝန် ဆိုတော့ အရင်ပါတီမှာ ဘယ်အပိုင်း ကဏ္ဍကနေ တာဝန်ယူဆောင်ရွက်ခဲ့တယ် ဆိုတာ သိချင်ပါတယ်။
ကျွန်မက ၁၉၉၃ ခုနှစ် အသင်းကြီး စကတည်းက အသင်းဝင်အဖြစ် ပါဝင်ခဲ့ တယ်။ လူမှုရေးလုပ်ငန်းတွေလုပ်ရင်းနဲ့ ပါလာတယ်။ အသင်းအဆင့်ဆင့်ကနေ ပါဝင်ရင်း အသင်းမှာ အမှုဆောင်တာဝန် ပေးခြင်းခံရတယ်။ ၂ဝ၁၂ ခုနှစ် ပြန်ရွေး ချယ်တဲ့အခါကျတော့ အဲ့ဒီအချိန်တုန်းက ကျွန်မတို့ရဲ့အတွင်းရေးမှူးက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ကျွန်မ က မဲအများဆုံးရရှိခဲ့တယ်။ အဲဒီအချိန်မှာ ၂ဝ၁၂ စွန်းစွန်းမှာပဲ ကျွန်မရဲ့အတွင်းရေး မှူးက ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်တဲ့အခါကြတော့ ကျွန်မကိုအများ က နေပြီးတော့ တင်မြှောက်လိုက်တယ်။ အများဆန္ဒနဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ လိုက်ရတယ်။

13906668_633886953447486_4207778105417233013_n

ဒေါ်စမ်းစမ်းဌေးဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ

• ဒဂုံတောင်ပိုင်းမြို့နယ်မှာ ရပ်/ကျေး အဆင့်ဆင့်ကနေပြီးတော့ မြို့နယ်ဥက္ကဋ္ဌ တွေကို ဘယ်လိုရွေးချယ် တယ်ဆိုတာကို တစ်ချက်လောက်ရှင်းပြပေးပါ။
ရပ်ကွက်အဆင့်က ကျွန်မတို့ တိုင်း ခရိုင် ညွှန်ကြားချက်တွေနဲ့ ရွေးချယ် ဖွဲ့စည်းရေးလုပ်ထုံးလုပ်နည်းများကျွန်မတို့ ရပ်ကွက်အဆင့်တွေရွေးချယ်တယ်။ အဲလို ရွေးချယ်တဲ့အခါကျတော့ ဒါအားလုံး ရပ်ကွက်တွေက ပါတီဝင်တွေ နောက် စိတ်ဝင်စားတဲ့ပြည်သူတွေပေါ့။ ဖိတ်ကြား ပြီးတော့မှ ရပ်ကွက်အဆင့် ပါတီခေါင်း ဆောင်ပေါ့။ ပြည်သူ့အကျိုး တကယ် ထမ်းဆောင်နိုင်မယ့် ပါတီအကျိုးကို လည်း စိတ်ဝင်တစားလုပ်ဆောင်နိုင်မယ့် သူ့ကို ကျွန်မတို့ ဒီမိုကရေစီနည်းကျကျ ကျွန်မတို့ရွေးချယ်လိုက်တယ်။ ပြီးတော့ မှ ရပ်ကွက်အဆင့် ပါတီခေါင်းဆောင် ဒုခေါင်းဆောင်ဆိုပြီးတော့ ကျွန်မတို့က ရပ်ကွက်အဆင့်ရွေးတယ်။ ရပ်ကွက် အဆင့်ကနေမှ တစ်ခါ မြို့နယ်အဆင့်ဆို ပြီးတော့ ပါတီခေါင်းဆောင် ဒုခေါင်း ဆောင်အဆင့်တွေကို တက်ပြီးတော့ ဝင်ရောက်ရွေးချယ်ပေးပါဆိုပြီးတော့ ကျွန်မတို့ကဖိတ်ကြားပြီးတော့ ရွေးချယ် တယ်။ရပ်ကွက်အဆင့်တွေထဲကပဲဖြစ်ဖြစ် ကော်မတီဝင်ငါးဦးထဲကပဲဖြစ်ဖြစ် စိတ် ဝင်စားပြီး အချိန်ပေးနိုင်တဲ့သူတွေကို တာဝန်ထမ်းဆောင်နိုင်မယ့်လူငယ်တွေ ကိုကျွန်မတို့ကနေပြီးတော့ မြို့နယ်အဆင့် ရွေးချယ်တဲ့အထဲမှာ ထည့်သွင်းပြီးတော့ ရွေးချယ်ခဲ့တယ်။ ရွေးချယ်တဲ့အခါမှာ လည်း ကျွန်မတို့က ဒီမိုကရေစီနဲ့အညီ မဲပေးပြီးတော့ ရွေးချယ်လိုက်တယ်။ ရွေးချယ်ပြီးတဲ့အခါ မြို့နယ်ကော်မတီဝင် တွေရွေးတယ်။ မြို့နယ်ကော်မတီဝင် ၁၅ ဦးထဲကမှတစ်ခါ ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးဆိုပြီး တော့တစ်ခါ ဒီမိုကရေစီနည်းနဲ့မဲပေးပြီး တော့ ရွေးချယ်ခံရတယ်ပေါ့။ အဲဒီထဲကမှ ကျွန်မက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဆောင်ရွက်ရတာဖြစ်ပါတယ်။
• ဆရာမအနေနဲ့ လက်ရှိအပြောင်း အလဲမှာ ရွေးချယ်မှုအဆင့်ဆင့်က ဘယ် လိုအပြောင်းအလဲတွေရှိနေတယ်လို့မြင် ပါသလဲခင်ဗျ။ ၁၉၉၃ ကတည်းက ပါတီဝင်တစ်ယောက်အဖြစ် လုပ်ခဲ့တယ် ဆိုတော့ ဘယ်လိုကွာဟမှုရှိသလဲပေါ့။
ဘယ်လိုကွာဟမှုရှိသလဲ ဆိုတော့ ထူးထူးခြားခြားကြီး ကွာဟသွားတာ တော့မရှိပါဘူး။ ပြောင်းလဲသွားတာ လည်းမရှိပါဘူး။ ဒါပေမဲ့တစ်ခုက ဘာရှိ သလဲဆိုတော့ စောစောတုန်းကပြောသလို ပေါ့။ ပါတီအကျိုး၊ ပြည်သူအကျိုးကို တကယ်ပဲထမ်းဆောင်ချင်တဲ့ စိတ်တွေ များပြီးတော့ သူတို့အချင်းချင်း အားပြိုင် ကြတယ်။ နောက်ဒီမှာ ရွေးချယ်လိုက် တယ်ပေါ့နော်။ ရွေးချယ်တဲ့အခါမှာ လည်း ဒီမိုကရေစီစနစ်နဲ့ရွေးချယ်တော့ သူတို့အချင်းချင်း ကြားထဲမှာလည်း ယှဉ် ပြိုင်မှုလေးတွေရှိကြတယ်ပေါ့။ အဲဒီ ပြိုင်ဆိုင်မှုတွေရှိတဲ့အခါ အဲလိုပြိုင်ဆိုင် စိတ်ကနေပြီးတော့ မလိုလားအပ်တာတွေ ဖြစ်မှာစိုးလို့ Selected လေးတွေရွေး လိုက်တယ်။ အဲလို Selected ရွေးတဲ့ အခါမှာလည်း အပေါ်ကချပေးတဲ့ Selected မျိုးမဟုတ်ဘဲနဲ့ ကိုယ့်မြို့မှာ တကယ်ကိုပဲ ပြည်သူအတွက် ပါတီ အတွက် တကယ်ကိုပဲ လိုအပ်မယ့်သူ ကို ရွေးချယ်လိုက်တာပါ။ သိပ်တော့ အပြောင်းအလဲတော့မရှိပါဘူး။
• ပါတီမှ ရွေးချယ်ရေးလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်လဲ။
ကျွန်မတို့ပါတီမှာ ပါတီအဆင့်ဆင့် ပြန်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေးလုပ်ထုံး လုပ်နည်းများ ပီပီပြင်ပြင်ရှိပါတယ်။ အဲဒီ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ကြတာပါ။
• ၂ဝ၁၅ ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆရာမတို့မြို့နယ်အနေနဲ့ ပါတီအနေနဲ့ ဘယ်လိုမျိုးကြုံတွေ့ရသလဲဆိုတာ နည်း နည်းလောက် ပြောပြပေးပါခင်ဗျ။
၂ဝ၁၅ ရွေးချယ်မှုပြီးသွားတဲ့ အခါ ကြတော့ ကျွန်မတို့မျှော်လင့်မထားဘူး ပေါ့။ မျှော်လင့်မထားဘဲဖြစ်သွားတယ်။ ကျွန်မတို့ပါတီ ပြည်သူအကျိုးကို အများ ကြီးလုပ်ပေးခဲ့တယ်။ ပြည်သူအတွက်ကို ဆောင်ရွက်ပေးခဲ့တယ်။ ဒါပေမဲ့ မျှော် လင့်မထားတဲ့အရာကို ရင်ဆိုင်လိုက်ရ တယ်။ အဲဒီ ရင်ဆိုင်လိုက်ရတဲ့အထဲကမှ ကျွန်မတို့အကောင်းဆုံး အမြတ်ကို ပြန်ထုတ်တယ်။အဲ့ဒါဘာလဲဆိုတော့ ကျွန်မတို့ပါတီမှာ လိုအပ်တဲ့အား နည်းချက်တွေ၊ လိုအပ်တာတွေ ဒါ တွေကိုပြုပြင်မယ်ဆိုပြီးတော့လုပ်ခဲ့ တယ်။ဒါကတော့အရှုံးထဲကအမြတ် ပါပဲ။ပါတီအဆင့်ဆင့်ပေါ့။ဒါဆောင် ရွက်နေပါတယ်။ ကျွန်မတို့လည်း ဆောင်ရွက်နေပါတယ်။ဒါအားလုံး အရှုံးထဲကအမြတ်ပါပဲ။အကောင်း ဆုံးအမြတ်ကိုယူမယ်။ အဲ့ဒါဘာ လဲဆိုတော့ ပါတီမှာဘာတွေလို အပ်နေသေးလဲ။ဘာတွေ ဆောင် ရွက်ရဦးမလဲ။ ပြည်သူတွေကိုဘာ တွေလုပ်ပေးဖို့လိုနေသေးသလဲပေါ့။ ဒါတွေအားလုံးကို အနှစ်ပြန်ချုပ်ပြီး တော့ခုပါတီညီလာခံဆိုတာကလည်း အဲ့ဒါပဲ။ ကျွန်မတို့အောက်ခြေကနေ အဆင့်ဆင့်တွေတက်လာတယ်။ပြီး တော့ညီလာခံပေါ့။ပြည်သူအတွက် ဘာတွေဆောင်ရွက်ရမယ်၊ဘာတွေ လုပ်ပေးရမလဲပေါ့။ အားနည်းချက် တွေကိုလည်း ပြန်ပြီးသုံးသပ်နိုင် မယ်ထင်ပါတယ်။
• ဆရာမကညီလာခံတက်ရမယ် ဆိုတော့ ညီလာခံအတွက်ဘာတွေ များကြိုတင်ပြင်ဆင်ထားတာရှိပါ သလဲခင်ဗျ။
ကြိုတင်ပြင်ဆင်ထားတာက တော့ ညီလာခံမှာတာဝန်ပေးချက် အရ အစုအဖွဲ့လိုက်ဆွေးနွေးရမယ်။ဆွေးနွေးတဲ့အခါကျွန်မတို့မြို့နယ် အတွက်၊ ပါတီအတွက်ဘာတွေ လုပ်ပေးနိုင်မလဲ၊ပြုပြင်ပြောင်းလဲမှု တွေဘာတွေ ပြောင်းလဲပြီးတော့ ဖော်ဆောင်နိုင်မလဲ၊ ပြည်သူ့အတွက် ဘာတွေလုပ်ပေးရင် ဘယ်လောက် အကျိုးတွေရှိမလဲပေါ့။ အဲ့ဒါတွေ ဝင်ရောက်ဆွေးနွေးခွင့်ရမယ်ဆိုရင် ဆွေးနွေးခဲ့မယ်ပေါ့။ဒါတွေကိုတော့ ပြင်ဆင်ထားပါတယ်။ ကိုယ့်မြို့ နယ်ရဲ့အချက်အလက်တွေကိုလည်း စုစည်းထားပါတယ်။
• ဆရာမအနေနဲ့ ဒဂုံတောင်မြို့ နယ်ကိုယ်စား ပြည်သူကိုဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲခင်ဗျ။
ပြည်သူတွေနဲ့ ကျွန်မစကား ပြောတဲ့အခါမှာ ပြည်သူတွေပြော တာရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ ကျွန်မတို့ပါတီရှုံးသွားတယ်။ ပါတီ ရှုံးတာ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ ပါတီရှုံးတယ်ဆိုပေမဲ့ စီးပွားရေး အရသူတို့တွေက ပြောင်းလဲချင် တယ်ပေါ့။ အပြောင်းအလဲဖြစ်ချင် တယ်။ အပြောင်းအလဲကိုလိုချင်လို့ ကျွန်မတို့ကိုမဲမပေးဘူး။ ကျွန်မတို့ လက်ခံလို့ရတယ်။အဲဒီစီးပွားရေးအရ အရမ်းအောင်မြင်ချင်တယ်။ ဖွံ့ဖြိုး တိုးတက်ချင်တယ်။ရတယ်၊လက်ခံ လို့ရတယ်။ ပါတီတွေပါတီတွေကို မဲပေးသွားတယ်။ ကျွန်မတို့ကို ဒီ ငါးနှစ်အတွက်မဲမပေးဘူး။ရတယ်။ ဒါပေမဲ့အဲဒီမှာပြည်သူတစ်ယောက် ရဲ့စကားသံတစ်ခုကို ကျွန်မကြား လိုက်ရတယ်။ ဘာလဲဆိုတော့ အနောက်အုပ်စုရဲ့ စစ်စခန်းတွေ ဆောက်ခွင့်ရဖို့ ပေးချင်ပေးလိုက် မယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရင်ပြီးရောဆိုတဲ့ စကားလေးကို ကျွန်မပြည်သူတွေကို Message ပေးချင်တယ်။ ကိုယ့်နိုင်ငံ၊ကိုယ့်လူ မျိုး၊ကိုယ့်ရဲ့အစိုးရအုပ်ချုပ်တာပဲလို ချင်တယ်။ အခြားတိုင်းတစ်ပါးက လာပြီးအုပ်ချုပ်တာမျိုးကို မလိုချင် ဘူး။ အဲ့ဒါကိုတော့ Message ပေး ချင်တယ်။ တကယ်လို့သာ တိုင်း တစ်ပါးကလာပြီး အုပ်ချုပ်တာ ကောင်းတယ်ဆို ဗိုလ်ချုပ်အောင် ဆန်းဟာဘာလို့အသက်ကိုအသေခံ ပြီးလွတ်လပ်ရေးကို ပြန်ရအောင်ယူ ခဲ့မလဲပေါ့။ ကျွန်မကတော့ အဲ့ဒါ ပြန်ပြောချင်တယ်။ မေးချင်တယ် ပေါ့နော်။

နေထက်ဝေ


Leave a Reply