ပခုက္ကူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီစည်းဝေးသို့ တိုင်းပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ တက်ရောက် အမှာစကား ပြောကြား

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မျက်နှာစုံညီ အစည်း အဝေးကို ပခုက္ကူခရိုင်ပါတီရုံးခန်းမတွင် ဇွန်လ (၂၈) ရက် နံနက် (၁၀)နာရီတွင်ကျင်းပရာ ဗဟိုအလုပ် အမှုဆောင် မကွေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေ တက်ရောက်ခဲ့သည်။

13533234_249964585389687_5336178618744280950_n

အစည်းအဝေးသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေနှင့်အတူ တိုင်း ပါတီအတွင်းရေးမှူး ဦးကြည်ထွန်း၊ တိုင်းပါတီကော်မတီဝင် ခရိုင်တာဝန်ခံ ဦးကျော်တင့်၊ ခရိုင်ပါတီနာယက ဦးသိန်းထွန်း၊ ခရိုင် ပါတီအတွင်းရေးမှူး ဦးသော်ဇင်ဦး၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းများ၊ ခရိုင်ပါတီကော်မတီ ၀င်များ၊ မြို့နယ် ပြန်လည်ပြင်ဆင် ရွေးချယ်ရေးကော်မတီဝင်များ၊ မြို့နယ် အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်း အင်အား (၁၆၀)ခန့် တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် သဘာပတီအဖွဲ့မှနေရာယူပြီး ပြည်ခိုင်ဖြိုးလူငယ်များမှ ပြည်ခိုင်ဖြိုးအဖွင့်သီချင်းဖြင့် အခမ်း အနားကိုစတင်ဖွင့်လှစ်ပြီး သဘာပတိမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ကော်မတီများ၏ စည်းရုံးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုယဉ်ကျေးကဏ္ဍ အစီရင်ခံစာများကို မြို့နယ်ပါတီ အတွင်းရေးမှူး ဦးသန်းအေးမှဖတ်ကြားခြင်း၊ မြို့နယ်ကော်မတီဝင်များ နှုတ်ထွက်ခြင်း၊ မြို့နယ်ကော်မတီဝင်နှင့် အရန်မြို့နယ် ကော်မတီဝင်များ အမည်စာရင်း တင်သွင်းခြင်းများဆောင်ရွက်၍ အစည်းဝေးကို ခေတ္တရပ်နား ပါသည်။

ထို့နောက်အစည်းဝေးကိုဆက်လက်ကျင်းပရာ မြို့နယ်ပြန်လည်ပြင်ဆင် ရွေးချယ်ရေးကော်မတီမှ မြို့နယ် ဖွဲ့စည်းရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးကြပြီးနောက် မြို့နယ် ကော်မတီ ၀င်အသစ်များနှင့် အရန်မြို့နယ်ကော်မတီဝင်အသစ်များ၏ အမည်စာရင်း တင်သွင်းခြင်း၊ အတည်ပြုခြင်း၊ ကြေညာခြင်းများကို ဆောင်ရွက်ကာ အရွေး ချယ်ခံ မြို့နယ်ကော်မတီဝင်များ၊ အရန်မြို့နယ် ကော်မတီဝင်များအား တာဝန် အပ်နှင်းခြင်းနှင့် ကတိသစ္စာပြုခြင်းများ၊ အရွေးချယ်ခံမြို့နယ်ကော်မတီဝင် (၁၅) ဦးအနက်မှ မြို့နယ်ပါတီဥက္ကဋ္ဌအဖြစ် ဦးသန်းအေး၊ မြို့နယ်ပါတီ အတွင်း ရေးမှူးအဖြစ် ဦးဆွေလင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဒေါ်ခင်ခင်ဝင်း တို့အား ရွေးကောက်တင်မြှောက်၍ ခရိုင်ပါတီမျက်နှာစုံညီ အစည်း အဝေးသို့ တက်ရောက်ခွင့်ရမည့် ကိုယ်စားလှယ် (၅) ဦးကို ဆက်လက်ရွေးချယ် အတည် ပြုခဲ့သည်။

ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေမှ လမ်းညွှန် အမှာစကားပြောကြားပြီး သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို နေ့လည် (၁၂း၄၅) နာရီတွင် ပြည်ခိုင်ဖြိုးပါတီ အောင်ရ မည်ဟု ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့ပါသည်။

လေးမောင်(ဆိပ်ဖြူ)


Leave a Reply