ပြည်ကြီးတံခွန်တွင် ပါတီမျက်နှာစုံညီ အစည်းအဝေးကျင်းပ

ပြည်ကြီးတံခွန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို မြို့ နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ယခုလ ၂၅ရက် နံနက် ၉ နာရီက ကျင်းပရာ ပြည်ခိုင်ဖြိုးပါတီ ဗဟို အလုပ်အမှုဆောင် မန္တလေးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးရဲမြင့် တက်ရောက်ခဲ့သည်။
အစည်းအဝေးသို့ ပါတီဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်၊တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးဦးဝင်းမောင်၊ တိုင်းဒေသကြီးပါတီကော် မတီဝင်များ၊ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ် ပြန်လည်ပြင်ဆင်ရွေးချယ် ရေးကော်မတီဝင်များ၊ လေ့လာသူ မြို့နယ်ပါတီအတွင်းရေးမှူးများနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အစည်းအဝေးသို့ တက်ရောက်ခွင့် ရှိသူကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များအပါအဝင် စုစုပေါင်းအင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင်သဘာပတိ အဖွဲ့မှနေရာယူကာ အစည်းအဝေး ကို စတင်ဖွင့်လှစ်ပြီး သဘာပတိက အဖွင့်အမှာစကားပြောကြားခဲ့ကာ မြို့နယ်ပါတီကော်မတီ၏ စည်းရုံးရေးကဏ္ဍ၊စီးပွားရေးကဏ္ဍနှင့် လူမှုယဉ်ကျေးကဏ္ဍ အစီရင်ခံစာများကို သက်ဆိုင်ရာမြို့နယ် ပါတီ ကော်မတီဝင်အသီးသီးက ဖတ်ကြားခဲ့ပြီး အစည်းအဝေးကို ခေတ္တရပ်နားခဲ့သည်။

ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပရာ လက်ရှိမြို့ နယ်ပါတီကော်မတီဝင်များက နုတ်ထွက်ခဲ့ကာ မြို့နယ်ပြန်လည်ပြင်ဆင် ရွေးချယ်ရေးကော်မတီမှ မြို့နယ် ဖွဲ့စည်းရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်ပါတီဝင် အသစ်များနှင့် အရန်မြို့နယ်ပါတီ ကော်မတီဝင်အသစ်များ၏ အမည်စာရင်းတင်သွင်းခြင်း၊ အတည်ပြု ခြင်း၊ကြေညာခြင်းများကိုဆောင်ရွက် ခဲ့ပြီးနောက်သဘာပတိ၏ရှေ့မှောက် တွင် ကတိသစ္စာပြုကာ တာဝန် များအားအသီးသီးပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ကြီးတံခွန် မြို့နယ်ပါတီဥက္ကဋ္ဌသစ် ဦးအောင် နိုင်ဦးက နှုတ်ခွန်းဆက်စကားပြော ကြားခဲ့ကာ ခရိုင်ပါတီမျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ခွင့် ရမည့်ကိုယ်စားလှယ်ငါးဦးကိုဆက် လက်ရွေးချယ် အတည်ပြုခဲ့သည်။ ထို့နောက်သဘာပတိကနိဂုံးချုပ် စကားပြောကြားခဲ့ကာအစည်းအဝေးကို ကြွေးကြော်သံများဖြင့် ဟစ်ကြွေး၍ ရုပ်သိမ်းခဲ့သည်။

အစည်းအဝေးပြီးဆုံးချိန်နောက်ပိုင်းတွင် ပါတီဗဟိုအလုပ်အမှုဆောင်၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးရဲမြင့် တို့က မြို့နယ်ပါတီကော်မတီဝင်ဟောင်းများနှင့် ရွေးကောက်တင် မြှောက်ခြင်းခံခဲ့ရသည့်မြို့နယ်ပါတီ ဥက္ကဋ္ဌ၊ မြို့နယ်ပါတီ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးတို့အပါအဝင်မြို့နယ် ပါတီကော်မတီဝင်၁၅ ဦးနှင့် အရန် မြို့နယ်ပါတီကော်မတီဝင် ၁၅ ဦးတို့ အားပါတီ၏ရှေ့ဆက်သွားမည့်လုပ် ငန်းစဉ်များအပါအဝင်ပါတီကျစ်လျစ် ခိုင်မာရေး၊ပြည်သူလူထုအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို မှာကြားကြောင်းသိရသည်။

သုတ


Leave a Reply