ဆက်သွယ်ရေးအော်ပရေတာလုပ်ငန်းလိုင်စင် ပဏာမစာရင်းဝင် ပြည်ပမိတ်ဖက်ကုမ္ပဏီ Viettel က မြန်မာနိုင်ငံတွင် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံမည်ဟုဆို

ပြည်တွင်း၌ စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်းလိုင်စင်အတွက် ပဏာမ ရွေးချယ်စာရင်းတွင် ပါဝင်သော ပြည်ပမိတ်ဖက် ကုမ္ပဏီအဖြစ် ရွေးချယ်ခံထားရသည့် ဗီယက်နမ် ဆက်သွယ်ရေး Viettel ကုမ္ပဏီက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း နိုင်ငံတကာ သတင်းဌာနတစ်ခုဖြစ်သည့် www. capacitymedia. com တွင် ဧပြီ ၁၉ ရက်ဖော်ပြချက်အရ သိရသည်။

ပြည်တွင်း၌စတုတ္ထမြောက် ဆက် သွယ်ရေးအော်ပရေတာလိုင်စင် အား Viettel ကုမ္ပဏီအနေဖြင့် ပြည်တွင်းအများပိုင် ကုမ္ပဏီ ၁၁ ခုဖွဲ့စည်းထားသည့် အများပိုင် ကော်ပိုရေးရှင်းနှင့် ပြည်ထောင်စု အစိုးရ ကိုယ်စားပြု အမေ Star Hight Public ကုမ္ပဏီတို့နှင့် ဖက်စပ်ဆောင်ရွက် ခွင့်ရရှိမည်ဖြစ်ပြီး အော်ပရေတာ လိုင်စင်ကို လာမည့်လအနည်းငယ် အတွင်းရရှိဖွယ်ရှိကြောင်း သိရသည်။

Viettel အုပ်စု၏ ဒုတိယအ ထွေထွေညွှန်ကြားရေးမှူး လီဒန်ဒွန် က ” မြန်မာနိုင်ငံ၏ တယ်လီကွန်း အခြေခံအဆောက်အအုံများ တိုးချဲ့တည်ဆောက်မှုဟာ မိုဘိုင်းနဲ့ စမတ်ဖုန်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်စေပြီး ၂၀၂၀ မှာ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းထံရောက် ရှိလာနိုင်စေမယ့် အစိုးရရဲ့ ရည်မှန်းချက်ကိုလည်း အောင်မြင် နိုင်ရန် အကူအညီပေးသွားမှာပါ ” ဟု ဆိုသည်။

Viettel ကုမ္ပဏီသည် လုပ်ငန်းပထမငါးနှစ်တွင် နိုင်ငံအတွင်းလွှမ်းခြုံနိုင်မည့် ကွန်ရက်တစ်ခုကို တည်ဆောက်သွားမည်ဖြစ်ပြီး သုံးနှစ်အတွင်း မြန်မာနိုင်ငံရှိ လူဦးရေ၏ ၉၅ ရာခိုင်နှုန်းကို ၀န်ဆောင်မှုပေးရန် ရည်မှန်းထားကြောင်း သိရသည်။

အဆိုပါဆက်သွယ်ရေး စတုတ္ထ လိုင်စင်အတွက် လိုင်စင်တန်ဖိုးအ ဖြစ် အမေရိကန်ဒေါ်လာသန်း ၃၀၀ သတ်မှတ်ထားပြီး Viettel ကုမ္ပဏီက ရှယ်ယာ ၄၉ ရာခိုင်နှုန်း၊ မြန်မာ ကုမ္ပဏီနှစ်ခုက ရှယ်ယာ ၅၁ ရာခိုင် နှုန်းဖြင့် ဖက်စပ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိမြန်မာနိုင်ငံသည် ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဆောင်ရွက်ခဲ့ရာ ပြည်ပဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် အော်ရီဒူး၊ တယ်လီနော နှင့် ပြည်တွင်းအော်ပရေတာဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးနှင့် KDDI Symmit Global Myanmar တို့အား ဆက်သွယ်ရေးဥပဒေနှင့်အညီ လိုင်စင်များ ချထားပေးခဲ့ပြီး ဆက်သွယ်ရေး ၀န်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

Democracytoday


Leave a Reply