ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်ပါတီ ကော်မတီဝင် ဒေါ်တင်မေထွန်း ဦးဆောင်၍ တာချီလိတ်ခရိုင်ပါတီဥက္ကဌ ဦးဘိုစံ၊ ခရိုင်ပါတီကော်မတီဝင်ဦးဝေယံဦး (ဘဏ္ဍာရေးမှူး)၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းလုံ၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း (မြို့နယ်ဘဏ္ဍာရေးမှူး) ဦးစိုးကျော်အောင်၊ မြို့နယ်(အရံ)ကော်မတီဝင် ဦးခင်မောင်လွင်၊ ဦးဘိုဘိုမောင်တို့သည် အောက်တိုဘာ (၂၆) ရက် နံနက် (၉) နာရီခွဲအချိန်က တာချီလိတ် ခရိုင်/မြို့နယ်ပါတီရုံး၌ ပုန်းထွန်၊ ၀မ်ကောင်း၊ မကာဟိုခမ်းရပ်ကွက် ပါတီခေါင်းဆောင်၊ ဒု-ခေါင်းဆောင်များ၊ ပါတီအမျိုးသမီးအဖွဲ့များနှင့် တွေ့ဆုံ၍ ပါတီရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းအသေးစိပ်များကို ရပ်ကွက်အလိုက် ဖွဲ့စည်းမည့် ပါတီကဏ္ဍများကို ဆွေးနွေးခဲ့သည်။