ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နယ်လှည့် ဆေးကုသရေး အဖွဲ့ အခ%8

 

ဇူလိုင် ၃၊ မှော်ဘီ

ပြည်သူ့ကျန်းမာရေး အထူးကုဆရာဝန်ကြီးများ ပါဝင်သော နယ်လှည့်ဆေးကုသရေး အဖွဲ့ဖြင့် နိုင်ငံအဝှမ်း လှည့်လည်ပြီး အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဇူလိုင်လ (၂) ရက်နေ့ နံနက် ၈ နာရီမှ စတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစံပြကျေးရွာ၊ ဇေယျသိဒ္ဓိသိမ်ကျောင်းတိုက်တွင် စတင်ကုသပေးလျက်ရှိရာ ပြည်ခိုင်ဖြိုးပါတီ ဗဟို အတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ တိုင်းပါတီကော်မတီဝင်များ ဖြစ်ကြသော မြောက်ပိုင်းခရိုင် တာဝန်ခံ ဒေါက်တာနေလင်း၊ ဒေါ်စန်းစန်းဝင်းနှင့် မြောက်ပိုင်းခရိုင် ပါတီကော်မတီဝင်များ၊ မှော်ဘီမြို့နယ်ပါတီဥက္ကဌ ဦးလှဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များ လာရောက်အားပေး ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် အမျိုးသမီးထုနှင့် စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်

 

ဇူလိုင် ၃၊ မှော်ဘီ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်၊ တိုင်းပါတီကော်မတီဝင် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်စန်းစန်းဝင်း၊ မြောက်ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်ချမ်းမြအေးနှင့် မှော်ဘီ မြို့နယ်၊ အမျိုးသမီးရေးရာ အဖွဲ့တို့၏ တွေ့ဆုံဆွေးနွေး စကားဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက မှော်ဘီမြို့နယ်၊ မြောင်းတကာ စံပြကျေးရွာ၊ ဇေယျသိဒ္ဓိ သိမ်ကျောင်းတိုက်၌ ကျင်းပကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် အောင်လံမြို့နယ်ရှိ ပြည်သူများနှင့်တွေ့ဆုံ

 

အောင်လံ၊

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးတင်​​အောင်​ချစ်​သည်​ ​အောင်​လံမြို့နယ်​ ပြည်ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံး အစည်းအ​ဝေး ခန်းမ၌ နံနက်​ ၁၀း၃၀ နာရီတွင်​ မြို့နယ်​​ကော်​မတီဝင်​များနှင့်​​ တွေ့စုံကာ ပါတီ၏ လုပ်​ငန်းစဉ်​များ ​ဆောင်​ရွက်​ချက်​များကို ​ဆွေး​နွေးတိုင်​ပင်​ခဲ့ကြပြီး အစည်းအ​ဝေးကို​ ​နေ့လည်​ ၁၃း၃၀ နာရီတွင်​ ရပ်​နားခဲ့ကြ ပါသည်​။

ကမာရွတ်မြို့နယ် ပါတီကော်မတီဝင်များ ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

ရန်ကုန် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေးပါတီမှ အမှတ် (၂) ရပ်ကွက်သို့ ယမန်နေ့ နံနက်ပိုင်းက သွားရောက်၍ ရေနွေးကြမ်းစကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းအဝေး ကျင်းပ

 

ရန်ကုန် ဇူလိုင် ၁

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ (၁) ရပ်ကွက် မာဃလမ်းရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးတွင် ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ ဥက္ကဋ္ဌနှင့်ပါတီ ကော်မတီဝင်များ လပတ်အစည်းအဝေး ပြုလုပ်ရာ မြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဒေါ်ခင်မြတ်စုက အဖွင့်အမှာစကား ပြောကြားကြောင်း သိရသည်။

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ရေဖြူကျေးရွာအုပ်စု ညောင်သုံးပင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝန်း၌ ကျေးရွာနေပြည်သူလူထုကို အခမဲ့ကျန်းမာရေး စောင့်ရှောက်နေမှုအား ဗဟိုအတွင်းရေးမှူး ကြည့်ရှု့ အားပေး

 

ထန်းတပင်၊ ဇူလိုင် ၁

အမျိုးသမီးနှင့် လူငယ်စကားဝိုင်းသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် တက်ရောက်

 

ဇူလိုင် ၁၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ-​ဒေါ်စန်းစန်းနွယ်နှင့် ဗဟိုကော်မတီဝင် ဒေါက်တာနေလင်း ရန်ကုန်တိုင်းပါတီ ကော်မတီဝင် ဦးသန်းမြင့်၊ ဦးမိုးဝင်းကျော်၊ ဒေါ်စန်းစန်းဝင်း၊ တိုင်း ကော်မတီဝင်များ ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌဦးတင်ယုနှင့် ခရိုင်ကော်မတီဝင်များ ထန်းတပင်မျြို့နယ် ပြည်ခိုငိဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းရီနှင့် မြို့နယ်ကော်မတီဝင်များ ထန်းတပင်မြို့နယ် ရေဖြူကျေးရွာအုပ်စု ညောင်သုံးပင် ကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ နံနက် (၈) နာရီအချိန် အမျိုးသမီးနှင့် လူငယ် စကားဝိုင်း ကျင်ပးကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးနှင့် ဗဟိုကော်မတီဝင်၊ တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ တိုက်ကြီးမြို့နယ် ကတိုင်စိန်ကျေးရွာသို့ ကွင်းဆင်း၍ ကျေးရွာနေပြည်သူလူထုကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်နေမှုအား ကြည့်ရှုအားပေး

 

တိုက်ကြီး_ ဇွန် ၃၀

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး  ဒေါက်တာ-​ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်  အလင်းရောင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ-ဦးနေလင်းနှင့် တိုင်းကော်မတီဝင်များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍
အထူးကု ဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်၊ ကတိုင်စိန် ကျေးရွာသို့ သွားရောက်ကာ ၎င်းကျေးရွာနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာများမှ ကျန်းမာရေးချို့တဲ့သူ မိဘပြည်သူများကို ကတိုင်စိန်ကျေးရွာ၊ အေးချမ်းအောင်မြေ ကျောင်းတိုက်အတွင်း၌ အခမဲ့ကျန်းမာရေး ကူညီေ စာင့်ရှောက် နေမှုအား ကြည့်ရှု့ အားပေးသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

 

ရန်ကုန် ဇွန် ၂၆

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။