ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့် အောင်လံမြို့နယ်ရှိ ပြည်သူများနှင့်တွေ့ဆုံ

 

အောင်လံ၊

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးတင်​​အောင်​ချစ်​သည်​ ​အောင်​လံမြို့နယ်​ ပြည်ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံး အစည်းအ​ဝေး ခန်းမ၌ နံနက်​ ၁၀း၃၀ နာရီတွင်​ မြို့နယ်​​ကော်​မတီဝင်​များနှင့်​​ တွေ့စုံကာ ပါတီ၏ လုပ်​ငန်းစဉ်​များ ​ဆောင်​ရွက်​ချက်​များကို ​ဆွေး​နွေးတိုင်​ပင်​ခဲ့ကြပြီး အစည်းအ​ဝေးကို​ ​နေ့လည်​ ၁၃း၃၀ နာရီတွင်​ ရပ်​နားခဲ့ကြ ပါသည်​။

၎င်း​နောက်​ ​နေ့လည်​ ၁၅း၀၀ နာရီအချိန်​တွင်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး ဦးတင်​​အောင်​ချစ်​နှင့်​ အဖွဲ့သည်​ ​အောင်​လံမြို့နယ်​ ဒုရင်္ဂဗိုလ်​အ​ခြေစိုက်​ ကွမ်း​လောင်း (ကုန်း)​ ကျေးရွာ ရပ်​​ကျေးပါတီ ဥက္ကဋ္ဌ​ နေအိမ်​၌ ရပ်​​ကျေးပါတီဥက္ကဋ္ဌနှင့်​ အဖွဲ့ဝင်​များ ရပ်​မိရပ်​ဖများနှင့်​​ တွေ့စုံ၍ ​ရေ​နွေးကြမ်းစကားဝိုင်း ပြုလုပ်​ကြကာ ရပ်​​ရေးရွာ​ရေးကိစ္စများ ရာသီသီးနှံစိုက်​ပျိုးထားမှု အ​ခြေအ​နေများကို အပြန်​အလှန်​​ ဆွေး​နွေးတိုင်​ပင်​ခဲ့ကြပြီး ည​နေ ၁၆း၃၀ နာရီတွင်​ ​၎င်း​ကျေးရွာမှ ပြန်​လည်​ထွက်​ခွာ ခဲ့ကြပါသည်​။