ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ရေဖြူကျေးရွာအုပ်စု ညောင်သုံးပင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းဝန်း၌ ကျေးရွာနေပြည်သူလူထုကို အခမဲ့ကျန်းမာရေး စောင့်ရှောက်နေမှုအား ဗဟိုအတွင်းရေးမှူး ကြည့်ရှု့ အားပေး

 

ထန်းတပင်၊ ဇူလိုင် ၁

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ​ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် အလင်းရောင် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာဦးနေလင်းနှင့် တိုင်းကော်မတီဝင်များသည် ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ အထူးကု ဆရာဝန်များ ပါဝင်သော ဆေးအဖွဲ့ဖြင့် ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု ညောင်သုံးပင်ကျေးရွာသို့ သွားရောက်ကာ ၎င်းကျေးရွာနှင့် ဆက်စပ်လျက်ရှိသည့် ကျေးရွာများမှ ကျန်းမာရေး ချို့တဲ့သူ မိဘပြည်သူများကို ညောင်သုံးပင်ကျေးရွာ ဘုန်းတော်ကြီးေ ကျာင်းအတွင်း၌ အခမဲ့ကျန်းမာရေး ကူညီ စောင့်ရှောက်နေမှုအား ကြည့်ရှု့ အားပေးသည်။ အဆိုပါ ကျန်းမာရေး ကူညီစောင့်ရှောက်မှု ခရီးစဉ်တွင် ဗဟို အတွင်းရေးမှူးနှင့်အတူ တိုင်းပါတီကော်မတီဝင်များ ဖြစ်ကြသော ဒေါ်စန်းစန်းဝင်း၊ ဦးသန်းမြင့်၊ ဦးမိုးဝင်းကျော်၊ မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်ယု အတွင်းရေးမှူး ဦးမျိုးဇော်နှင့် ခရိုင်ကော်မတီဝင်များ၊ ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းရီနင့် မြိုနယ် ကော်မတီဝင်များ အရန်ကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ လူငယ်အဖွဲ့၊ ကျေးရွာပါတီဥက္ကဋ္ဌနှင့် အရန် မီးသတ် တပ်ဖွဲ့ဝင်များ ကျေးရွာကော်မတီဝင်များက အတူလိုက်ပါခဲ့ပြီး ကျေးရွာနေပြည်သူများအား ရင်းရင်း နှီးနှီး တွေ့ဆုံအားပေး ခဲ့ကြောင်းနှင့် လာရောက်ပြသူ ရဟန်းရှင်လူပြည်သူ ကလေးလူကြီး စုစုပေါင်း (၁၂၁) ဦး ဖြစ်ကြောင်း သိရှိရသည်။  Zaw Thein(ထန်းတပင်