ဖြိုးစေတနာနယ်လှည့် ကျန်းမာရေးအခမဲ့ ဆေးကုသအဖွဲ့ ကျောက်တန်းမြို့နယ် တွင်းသို့ ကွင်းဆင်းကုသ

 

ရန်ကုန် ဇွန် ၂၃

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ဦးစီးလျှက် ခရိုင်အတွင်း မြို့နယ်အသီးသီးရှိ သွားလာမှု ခက်ခဲပြီး ဝေလံခေါင်းဖျားနေရာများသို့ အိမ်တိုင်ရာရောက် အခမဲ့ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု များအား ပြုလုပ် လျက်ရှိရာ ယမန်နေ့ နံနက် ၉နာရီက ကျောက်တန်းမြို့နယ် ပုတ္တလုပ်ကျေးရွာရှိ မင်္ဂလာရာမ ဘုန်းတော်ကြီး ကျောင်းတိုက်အတွင်းတွင် ဒေါက်တာရီရီဝင်း ဦးဆောင်သော ဖြိုးစေတနာ နယ်လှည့်ဆေးကုသ အဖွဲ့ သွားရောက်ကွင်းဆင်း ကုသပေး ခဲ့သည်။

ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူ့စကားဝိုင်း ကျင်းပ

 

ရန်ကုန် ဇွန် ၂၃

ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့စကားဝိုင်း ကျင်းပ ခဲ့ကြောင်း သိရသည်။ အဆိုပါ စကားဝိုင်းသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာ နေလင်း၊ တိုင်းဒေသကြီးပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဦးသန်းမြင့်၊ ဒေါပုံမြို့နယ် ဂုဏ်ထူးဆောင် နာယက ဦးလှမြင့်၊ မှော်ဘီမြို့နယ် ရန်ကုန်တိုင်းဒေသကြီး ပါတီနာယက ဦးကြည်မြင့်တို့ တက်ရောက် ခဲ့ကြသည်။

အင်းစိန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့သစ် (၈) ရပ်ကွက်တွင် ကျန်းမာရေးအခမဲ့ ကွင်းဆင်း ဆေးကု

 

ရန်ကုန် ဇွန် ၂၃

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် မိုးဦးရာသီ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက် ဝမ်းလျှောနှင့် တခြားမလိုလားအပ်သော ရောဂါဘေးအန္တရာယ်များကို ကာကွယ်ရန် ခရိုင်အတွင်းရှိ မြို့နယ်များသို့ လစဉ်ကွင်းဆင်း၍ ကျန်းမာရေးဗဟုသုတ ဟောပြောခြင်း၊ ဆေးကုသပေးခြင်းများကို ပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီမှ စတင်၍ အင်းစိန်မြို့နယ် မြို့သစ် (၈) ရပ်ကွက် A.C.E သဲကွင်းပုညကိရိယ ဆွမ်းလောင်း ဓမ္မာရုံတွင် လူနာ ၁၇၅ ဦးအား ညနေ ၅ နာရီအထိ ဒေါက်တာဟန်လင်းထွန်းနှင့် ကျန်းမာရေး သူနာပြုဝန်ထမ်းများ စမ်းသပ် စစ်ဆေးကုသ ပေးခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီမှ လူငယ် ၊ အမျိုးသမီးနှင့် အလုပ်သမားရေးရာ လှုပ်ရှားမူ့ မော်တာစက်ချုပ်သင်တန်း ဖွင့်လှစ်ခြင်း

 

လှိုင်သာယာ ၊ ဇွန် ၊၂၃ ၊၂၀၁၉

ရန်​ကုန်​တိုင်း​ဒေသကြီး၊​ မြောက်​ပိုင်းခရိုင်​၊ လှိုင်​သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ
မြို့နယ်ပါတီရုံး၌ ယမန်နေ့ မော်တာစက်ချုပ် သင်တန်းစတင် ဖွင့်လှစ်ခဲ့ပါသည်။ ထိုမော်တာ စက်ချုပ်သင်တန်းကို မြောင်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌ ဦးတင်ယု တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပြီး၊ ခရိုင်လူငယ်တာဝန်ခံ ဒေါ်ချမ်းမြအေးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးဇေယျာ အောင်မှ သင်တန်း၏ ရှေ့လုပ်ငန်းစဉ်များ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား ခဲ့ပါသည်။ သင်တန်းမှူးအဖြစ် မြို့နယ်ကော်မတီဝင် အလုပ်သမားရေးရာ တာဝန်ခံ ဦးမောင်မောင်မြင့်နှင့် မြို့နယ်အမျိုးသမီး တာဝန်ခံ ဒေါ်ဖြိုးဖြိုးဝေတို့ကို တာဝန်ပေးအပ်ခဲ့ကာ သင်တန်းကာလအဖြစ် ၁၁ ရက်ကြာမြင့်မည် ဖြစ်ပါသည်။

သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဘုန်းတော်ကြီး ကျောင်းအတွင်း လုပ်အားဒါနပြု

 

ရန်ကုန် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့နှင့် ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်အဖွဲ့တို့ ပူးပေါင်း၍ သုံးခွမြို့နယ် ကျောင်းစု ပတုပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နံနက် ၇ နာရီခွဲက စုပေါင်းလုပ်အားဒါန ပြုကြကြောင်း သိရသည်။ ယင်းစုပေါင်း လုပ်အားဒါန ပြုလုပ်ရာသို့ သုံးခွမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးမောင်မောင်သင်နှင့် ကော်မတီဝင်များ၊ ခရမ်းမြို့နယ် ပါတီကော်မတီဝင်များ၊ သုံးခွမြို့နယ် ပါတီ လူငယ်တာဝန်ခံ ကိုရဲသီဟနှင့်အဖွဲ့၊ ခရမ်းမြို့နယ် ပါတီလူငယ်တာဝန်ခံ ကိုမျိုးဇော်ဦးနှင့် အဖွဲ့တို့ ပူးပေါင်းအင်အား ၈ဝ တို့ လုပ်အားဒါန ပြုလုပ်ပေးကြကြောင်း သိရသည်။ကြည်စိုးလွင်(သုံးခွ)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ ရပ်မိရပ်ဖများပြည်သူများ၊ ပါတီဝင်များနှင့် တွေ့ဆုံ

 

ရန်ကုန် ဇွန် ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ယနေ့ ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ ပါဒကြီးကျေးရွာ၊ ပါဒကြီး ငါးထပ်ကြီးဘုရားတန်ဆောင်း အတွင်းတွင် ကျောက်တန်းမြို့နယ် ပါတီဝင်များ၊ ရပ်မိရပ်ဖများ၊ ပြည်သူများဖြင့် တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုရသူအား ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ထပ်ဆင့်ဂုဏ်ပြုပွဲ ပြုလုပ်

 

ရန်ကုန် ဇွန် ၁၁

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြန်မာနိုင်ငံ လုံးဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုရသူ မဆုလာဘ်ထာအား ထပ်ဆင့်ဂုဏ်ပြု အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်ပါတီ ရုံးခန်းမ၌ ပြုလုပ်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဘ နှစ်ပတ်လည်ကို ဂုဏ်ပြု ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ သွေးလှူဒါန်း

 

ရန်ကုန် ဇွန် ၈

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ပါတီ၏ (၉) နှစ်မြောက် အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင် ၁၇ဝ ကျော်တို့သည် ယမန်နေ့ နံနက် ၁ဝ နာရီက ရန်ကုန်အမျိုးသား သွေးလှူဌာနတွင် အကြိမ် (၆ဝ) မြောက် ငါးနှစ်ပြည့် သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး စက်ချုပ်သင်တန်းနှင့် ဂျပန်စကားပြောသင်တန်း ဖွင့်ပွဲ တက်ရောက်

 

ရန်ကုန် ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အခြေခံ၊ အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ် (၈)၊ ဂျပန်စာ၊ ဂျပန်စကားပြော သင်တန်းအမှတ်စဉ် (၁) သင်တန်းဖွင့်ပွဲနှင့် ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ အခမ်း အနားကို ယမန်နေ့ နံနက် ၉ နာရီက သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။