အမျိုးသမီးနှင့် လူငယ်စကားဝိုင်းသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် တက်ရောက်

 

ဇူလိုင် ၁၊ ရန်ကုန်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ-​ဒေါ်စန်းစန်းနွယ်နှင့် ဗဟိုကော်မတီဝင် ဒေါက်တာနေလင်း ရန်ကုန်တိုင်းပါတီ ကော်မတီဝင် ဦးသန်းမြင့်၊ ဦးမိုးဝင်းကျော်၊ ဒေါ်စန်းစန်းဝင်း၊ တိုင်း ကော်မတီဝင်များ ရန်ကုန်မြောက်ပိုင်းခရိုင် ပါတီဥက္ကဋ္ဌဦးတင်ယုနှင့် ခရိုင်ကော်မတီဝင်များ ထန်းတပင်မျြို့နယ် ပြည်ခိုငိဖြိုး ပါတီဥက္ကဋ္ဌ ဦးသိန်းရီနှင့် မြို့နယ်ကော်မတီဝင်များ ထန်းတပင်မြို့နယ် ရေဖြူကျေးရွာအုပ်စု ညောင်သုံးပင် ကျေးရွာဘုန်းတော်ကြီး ကျောင်းတွင် ယမန်နေ့ နံနက် (၈) နာရီအချိန် အမျိုးသမီးနှင့် လူငယ် စကားဝိုင်း ကျင်ပးကြောင်း သိရသည်။

အဆိုပါ စကားဝိုင်းတွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့်  ရန်ကုန်တိုင်း ကော်မတီဝင် ဦးမိုးဝင်းကျော် ဒေါ်စန်းစန်းဝင်း ရန်ကုန်မြောက်ပိုင်းခရိုင် ကော်မတီဝင် ဒေါ်ချမ်းမြအေး ထန်းတပင်မြို့နယ် ကော်မတီဝင် ဒေါ်အေးသီတာထွန်းတို့သည် နံနက် (၈) နာရီအချိန်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ် ညောင်သုံးပင်ကျေးရွာ၌ အမျိုးသမီးနှင့် လူငယ်စကားဝိုင်းကို ကျင်းပ ပါသည်။

အဆိုပါ စကားဝိုင်းတွင် ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်က ယနေ့ မျက်မှောက်ခေတ်
မြန်မာ့နိုင်ငံရေး အခြေအနေများနှင့် အမျိုးသမီးနှင့် လူငယ်များ၏ အခန်းကဏ္ဍ၊ အမျိုးသမီးများ၏ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေအပေါ် ကြုံတွေ့ခံစားနေရသည့် အခြေအနေများ၊ သဘောထား ရပ်တည်မှုများ၊
ပြည်ခိုင်ဖြိုးပါတီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တက်ရောက်လာသူများနှင့် အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ စကားဝိုင်းဖွဲ့ ဆွေးနွေးပြောကြားခဲ့ကြပြီး ညောင်သုံးပင်ကျောင်း ဆရာတော်အား ဝါဆိုသင်္ကန်း နှင့် ဝထ္ထုငွေများ ဆပ်ကပ်၍ ရေစက်ချ လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။