သွေးလည်ပတ်မှု ကောင်းပီး ကိုယ်အလေးချိန်ကျဆင်းစေမယ့် မင်းကွတ်သီးရဲ့ အကျိုးကျေးဇူး

မင်းဂွတ်သီးမှာ  ဗီတာမင်၊ သတ္တုဓာတ်တွေဖြစ်တဲ့ ဗီတာမင် B1, C, Niacin, ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်တွေနဲ့တခြားသော အာဟာရဓာတ်တွေ အများကြီးပါဝင်နေပါတယ်။ ကြီးထွားမှု၊ ဖွံ့ဖြိုးမှု စတာတွေကို ထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။

သွေးလည်ပတ်မှုကို မြှင့်တင်ပေး

မင်းဂွတ်သီးက သွေးလည်ပတ်မှုကိုအားကောင်းစေပြီး နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ သွေးလည်ပတ်မှုကို အားကောင်းစေတာကြောင့် ရင်ဘတ်အောင့်တာတွေ၊ နှလုံးအောင့်တာေ တွကို မဖြစ်အောင် ကာကွယ်ပေး ပါတယ်။

သခွားမွေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး

သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။ သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။

(၁) အသားအရေကို ကျန်းမာလှပစေပါတယ်

ဆား များများစားရင် သွေးဖိအား မြင့်တက်လာနိုင်

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ဆန် ဂျုံ စတာတွေ စားသုံးပေမဲ့၊ ဆားများများစားရင်တော့ သွေးဖိအား မြင့်တက်လာမှာဖြစ်တယ်လို့ လေ့လာချက် အသစ်တရပ်က ဖေါ်ပြပါတယ်။ သက်လတ်ပိုင်းအရွယ် လူ ၄၆၈၀ ကို လေ့လာချက်အရ အဆီအဆိမ့်နဲ့ အသားတွေ လျော့စားပြီး အသီးအနှံတွေ ပိုမိုစားသုံးပေမဲ့၊ ဆိုဒီယမ် ပမာဏ ပါဝင်မှုများတဲ့ အစာတွေကြောင့် သွေးဖိအား မြင့်တက်စေတယ်လို့ သိရပါတယ်။

အုန်းရည်သောက်သင့်တဲ့အချက် (၅) ချက်

 ဘာဝခွန်အားဖြည့် အချိုရည်လို့တောင် ခေါ်ဝေါ်နိုင်တဲ့ အုန်းရည်မှာ အစွမ်းသတ္တိတွေ အများကြီး ရှိနေတာကို သိပါသလား။ ခန္ဓာကိုယ်တွင်း လိုအပ်တဲ့ သကြားဓာတ်နဲ့ အခြားခွန်အားဖြည့်အစွမ်းတွေ ရှိနေပါတယ်။ အုန်းရည်ဆိုရင် အုန်းစိမ်းရည်ကို သောက်တာက ပိုပြီး အာနိသင်ရှိတယ်ဆိုတာလည်း မမေ့ပါနဲ့။ ဒါကြောင့် အုန်းရည်သောက်သင့်တဲ့ အကြောင်းရင်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ ရေဓာတ်ဖြည့်နိုင်

၂။ သွေးဖိအားမှန်စေ

Milkshake တစ်ခွက်သောက်လျှင်ပင် နှလုံးကျန်းမာရေးထိခိုက်နိုင်

Milkshake များသည် ကလေးများရော လူကြီးများပါ လူကြိုက်များသော ဖျော်ရည်ဖြစ်သည်။ သို့သော် အရသာ ရှိသော်လည်း ယင်း Milkshake များသည် နှလုံးကျန်းမာရေးအပေါ် အန္တရာယ်ရှိသော သက်ရောက်မှု ရှိသည်ဟု သုတေသနအသစ်တစ်ရပ်က ဖော်ပြ သည်။

ဂျော်ဂျီယာဆေးတက္ကသိုလ်မှ သုတေသီများက ယင်း Milkshake ဖျော်ရည်များသည် ခန္ဓာကိုယ်ကို နှလုံးရောဂါ လမ်းကြောင်း ပေါ်သို့ ရောက်စေနိုင်သည်ဟု Laboratory Investigation ဂျာနယ်တွင် ရေးသားဖော်ပြခဲ့သည်။

သိရှိထားရမည့် အာရုံကြောထိခိုက်မှုဆိုင်ရာ လက္ခဏာများ

လူတစ်ဦး၏ ခန္ဓာကိုယ်တွင် အာရုံကြောများ ဘီလီယံနှင့်ချီရှိပြီးသစ်ပင်တစ်ပင်၏ အကိုင်းအခက်များကဲ့သို့ ဖြန့်ကြက်ကာ ဦးနှောက်နှင့် ကျောရိုးမသို့ သတင်းပေးပို့သည်။ အာရုံကြော လုပ်ဆောင်ချက်အားလုံး အဆင်ပြေ ချောမွေ့နေပါက ဦးနှောက်သည် ကြွက်သားများလှုပ်ရှားနိုင်ရန်၊ နာကျင်မှုကိုသိရှိရန်နှင့် ကိုယ်တွင်းအင်္ဂါများ ကောင်းစွာ အလုပ်လုပ်ရန် လိုအပ်သော အချက်အလက် များကိုရရှိသည်။ သို့သော် အာရုံကြောဆိုင်ရာ ထိခိုက်ပျက်စီးမှုဖြစ်ပါက လမ်းလျှောက်ခြင်းကစ၍ ပြဿနာများစွာ ကြုံလာနိုင်သည်။

သခွားသီးကနေ ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

သခွားသီးကကျန်းမာရေးအတွက် တော်တော်လေး အထောက်အကူပြုပေးပါတယ်။ နွေရာသီမှာဆိုရင်လည်း သခွားသီးကရေဓာတ်ပြည့်ဝစေပါတယ်။ သခွားသီးမှာ ဗီတာမင်အေ၊ ဗီတာ မင်စီ၊ ဖောလစ်အက်ဆစ်တို့ပါဝင်သလို အမျှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်ပါတယ်။ မဂ္ဂနီဆီယမ်၊ molybdenum နဲ့ ပိုတက်ဆီယမ် တို့လိုမျိုး သတ္ထုဓာတ် တွေလည်းပါဝင်ပါတယ်။

သခွားသီးမှာတွယ်ဆက်တစ်သျှူးတွေကို အားဖြည့်ပေးနိုင်တဲ့ သတ္ထုဓာတ်တစ်မျိုးဖြစ်တဲ့ silica ပါဝင်နေပါတယ်။ သခွားသီးမှာရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်တဲ့ ascorbic နဲ့ caffeic အက်ဆစ်တို့ ပါဝင်နေပါတယ်။ အနာ လည်း ကျက်စေနိုင်ပါတယ်။ မျက်ရည်အိတ်ဖောင်းတာနဲနေလောင် တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

အလှအပ အတွက် အကျိုးပြုတဲ့ နာနက်သီး

နာနတ်သီးကို အပေါဆုံး တွေ့ရတာ ဒီရာသီပါ။ ပေါတဲ့ ရာသီမို့ နာနတ်သီးနဲ့ ပတ်သက်ပြီး အသုံးဝင်စေမယ့် နည်းလေးတွေကို မျှဝေပါရစေ။ နာနတ်သီးမှာ ဗီတာမင်ဓာတ်များစွာပါဝင်ပြီး သတ္တုဓာတ်ေ တွလည်း ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်နဲ့ မက်ဂနီဆီယမ်ဓာတ်တွေ ပေါများစွာ ပါဝင်ပါသေးတယ်။
နာနတ်သီးဟာ လူကြီးလူငယ်မရွေး စားသုံးလို့ တည့်ပြီး အကျိုးလည်း များစေပါတယ်။ နာနတ်သီးဟာ အမြင်အာရုံ ကြည်လင်စေပြီး အရိုးကိုလည်း သန်စွမ်းစေပါတယ်။ ဗီတာမင်စီ အများအပြား ပါဝင်တာကြောင့် အအေးမိ ဖျားနာခြင်းတွေကို ကာကွယ်ပေးပါတယ်။

မျက်နှာပေါ်က အမည်းစက်တွေနဲ့ တင်းတိတ်တွေ လျှော့ပါး သက်သာစေဖို့

မျက်နှာပေါ်မှာ အမည်းစက်သေးသေးလေးတောင်မှ အထင်မခံချင်ကြပါဘူး။ အမည်းစက်ဆိုတာက နေရောင်ချည်ထိတွေ့တာကြောင့်လည်းဖြစ်နိုင်သလို၊ ကိုယ်ဝန်ဆောင်တာကြောင့်၊ သင်သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်နဲ့ အသည်းပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအတွက် သဘာဝနည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

၁။ သံပုယိုရည်

သံပုယိုသီးကို အရည်ညှစ်လိုက်ပါ။ ပြီးရင် ဝါဂွမ်းနဲ့တို့ပြီးအမည်းစက် ရှိတဲ့နေရာမှာ လိမ်းပေးလိုက်ပါ ။ မိနစ် အနည်းငယ်လောက်ကြာရင် ရေဆေးချလိုက်ပါ။

မနက်ခင်းနဲ့ လီမွန်ပျားရည်

လူအများစုဟာ ကျန်းမာအောင် ပြုမူနေထိုင်ချင်ကြပါတယ်။ လေ့ကျင့်ခန်းတွေကို အချိန်ပေးပြီး ပုံမှန်လုပ်ချင်တယ်။ အစားအစာတွေကို ကျန်းမာရေးနဲ့ ညီညွှတ်တာတွေ စဉ်းစား ချက်ပြုတ် စားချင်ကြပါတယ်။ ကျန်းမာရေး ဆောင်းပါးတွေ ဖတ်ပြီး ပြုမူနေထိုင်မယ်လို့ တွေးကြတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ရုန်းကန်လှုပ်ရှားနေရတဲ့ လူမှုအဖွဲ့အစည်းမှာ အိမ်အလုပ်၊ ၀င်ငွေရှာ ရတဲ့အလုပ်၊ လူမှုရေးတွေနဲ့ အချိန်ကုန်ပြီး ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့ အချိန်မပေးနိုင်ဘဲ ဖြစ်နေတတ်ကြပါတယ်။ ကဲ..ဒီလို လူမျိုးတွေအတွက် သတင်းကောင်း တစ်ခု မျှဝေချင်ပါတယ်။ အချိန်ပေးစရာ မလိုဘဲ ကျန်းမာရေးနဲ့ ညီညွှတ်မယ့် နည်းလမ်းတစ်ခုပါ။