ပင်လည်ဘူးမြို့နယ်ကံကုန်းကျေးရွာအုပ်စုတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ပင်လည်ဘူး ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်ပင်လည်ဘူးမြို့နယ် ကံကုန်း ကျေးရွာအုပ်စု ကျေးရွာ၊ ရပ်ကျေးပါတီဝင်ဦးသန်းဇော်အိမ်သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်အသစ်တင်ပြီး ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးဝင်းသိန်း၊ ပါတီနာယ က ဦးမျိုးမြင့်၊ ပါတီအတွင်းရေးမှူး ဦးသောင်းဌေး၊အမျိုးသမီရေး ရာ ဒုတာဝန်ခံဒေါ်တင်မာစိုး၊ ရုံးဝန်ထမ်းဦးစိုးကျော်ဦး၊ (Union Daily) သတင်းမီဒီယာတာဝန်ခံ ပင်လည်ဘူးမြို့ ဦးအောင်မျိုးဦး နှင့် ကံကုန်းကျေးရွာပါတီဝင်များအင်အား ၇ဝကျော်ခန့် တက် ရောက်ခဲ့ကြောင်း သိရသည်။

ဝန်းသိုမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ

 

ဝန်းသို ဇန်နဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဝန်းသိုမြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပရာ ဝန်းသို မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ သံဃာတော်များ အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ်ပြည်ခိုင်ဖြိုးပါတီအမျိုးသမီးရေးရာလှုပ်ရှားမှု

 

ဝက်လက် ဇန်နဝါရီ ၂၈

ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့နံနက် ၉နာရီခန့်က မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးခိုင်၊အမျိုးသမီးရေးရာတာဝန်ခံဒေါ်တင်မာနိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များဦးဆောင်ပြီး ရုံးသာ ကျေးရွာဓမ္မစကူးလ်ကျောင်းသို့ အာဟာရဒါနကျွေးမွေးခြင်း အခမ်းအနား ကျင်းပခဲ့သည်။

ရုံးသာကျေးရွာဓမ္မစကူးလ်တွင် ကျောင်းသားကျောင်းသူပေါင်း ၁၂ဝ ရှိပြီး လာမည့်နှစ်များတွင်လည်း ဆက်လက်ဖွင့်လှစ်နိုင်ရေးကူညီပေးပါရန် ကျောင်းသားမိဘများကတောင်းဆိုခဲ့ကြောင်း သိရသည်။

စစ်ကဲကြီး(ဝက်လက်)

ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လင်ပုန်းရည်ကျေးရွာတွင် ပါတီဝင်များနှင့် ရေနွေးကြမ်းဝိုင်း တွေ့ဆုံဆွေးနွေး

 

ကနီ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် လင်ပုန်းရည်ကျေးရွာ အုပ်စု၊ လင်ပုန်းရည်ကျေးရွာ ရပ်မိရပ်ဖများ၊ ပါတီဝင်များနှင့်ယမန်နေ့ နံနက် ၁ဝ နာရီတွင် ရပ်/ကျေးပါတီ ဥက္ကဋ္ဌနေအိမ်၌တွေ့ဆုံ၍ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ရေနွေးကြမ်းဝိုင်းဆွေးနွေးခဲ့သည်။

ပုလဲမြို့နယ်တွင် ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင် ပါတီဝင်များနှင့်တွေ့ဆုံ

 

ပုလဲ ဇန်နဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ပုလဲမြို့နယ် အင်းကန် ကျေးရွာအုပ်စု အင်းကန်ကျေးရွာ ဦးဖိုးနီနေအိမ်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်း ဘုတ်တင်ပွဲအခမ်းအနားနှင့် ပါတီ ဝင်များအား ယနေ့ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ၊ စီးပွား ရေး၊ လူမှုရေးအခြေအနေများ တွေ့ ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ကနီမြို့နယ်တွင်ကျေးရွာအုပ်စုပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပါတီဝင်များနှင့်တွေ့ဆုံ

 

ကနီ ဇန်နဝါရီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင်ကနီမြို့နယ်နတ်ရဲတောင် ကျေးရွာအုပ်စု နတ်ရဲတောင် ကျေးရွာ မြို့နယ်ကော်မတီဝင် ဦးညဏ်လင်းနေအိမ်၌ ပြည်ခိုင်ဖြိုး ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနား နှင့်ပါတီဝင်များအားတွေ့ဆုံဆွေးနွေး ပွဲကို ကျင်းပခဲ့သည်။

ယင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁နာရီတွင်ကနီမြို့နယ်ပါတီနာယက ဦးရှိန်၊ခရိုင်ကော်မတီဝင်ဦးချစ်မွှေး၊ ဥက္ကဋ္ဌဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦးနှင့်မြို့နယ်ပါတီကော်မ တီဝင်များ၊ရပ်ကျေးပါတီဥက္ကဋ္ဌတို့က အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်း ပြီး ဆိုင်းဘုတ်တင်ပွဲခမ်းအနားကို ကျင်းပခဲ့ပြီးပါတီဝင်များနှင့်တွေ့ဆုံ ၍ အခမ်းအနားပြီးစီးခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာတာဝန်ခံ ကသာခရိုင်လူငယ်တာဝန်ခံများနှင့်တွေ့ဆုံ

 

အင်းတော် ဇန်နဝါရီ ၂၄

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်လူငယ်ရေးရာတာဝန်ခံ ဒေါက်တာ အောင်မြတ်ဦးနှင့် ကသာခရိုင်အတွင်းရှိ လူငယ်ရေးရာတာဝန်ခံများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်က အင်းတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့သည်။

ယင်းမာပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

ကနီ ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင်လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပခဲ့သည်။

ယင်းအစည်းအဝေးသို့ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသောင်းဟန်၊ အတွင်း ရေးမှူးဦးမြင့်စိုး၊ခရိုင်ပါတီကော်မတီဝင်များ၊ လေးမြို့နယ်မှ ပါတီဥက္ကဋ္ဌ များနှင့် ခရိုင်ဦးစီးရုံးအဖွဲ့များတက်ရောက်ခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များဆွေး နွေးခဲ့ကြသည်။ ထို့နောက် မြို့နယ်ဥက္ကဋ္ဌများက မိမိတို့မြို့နယ်အခြေ အနေများကို တင်ပြဆွေးနွေးကာ အစည်းအဝေးကိုမွန်းလွဲ ၃ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

ကောလင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကြို့ပင်ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင်

 

ကောလင်း ဇန်နဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကြို့ပင်အုပ်စု ကြို့ပင်ကျေးရွာနေ ပြည်ခိုင်ဖြိုး ရပ်/ကျေးပါတီဥက္ကဋ္ဌ ဦးထိန်ဝင်းနေအိမ်၌ ယမန်နေ့ နံနက် ၁ဝ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။

ယင်းဆိုင်းဘုတ်တင်ပွဲသို့ ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင် သန်းဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ဦးရီ(ဆည်မြောင်းညွှန်မှူး၊ ငြိမ်း)၊ ရပ်မိရပ်ဖ များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ စုစုပေါင်းအင်အား ၃ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ဘုတလင်မြို့နယ်တွင် ကျေးရွာပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ဘုတလင် ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်ဘုတလင် မြို့နယ် ခိုချောင်းကျေးရွာအုပ်စု အောင်ဆန်း မြင့်ကျေးရွာ ဦးမိုးမြင့်၏နေအိမ်ခြံဝင်းအတွင်း ၌ ယမန်နေ့နံနက် ၈ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မုံရွာခရိုင် ပါတီ ကော်မတီဝင် ဦးစိန်ဝင်းလှိုင်၊ ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်း ရေးမှူး ဦးသက်နိုင်ဦးနှင့် မြို့နယ်ကော်မတီဝင် များနှင့် ကျေးရွာပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။