ရွှေလှေရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ချောင်းဦး ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာအုပ်စု ရွှေလှေရွာ ဦးလှဝင်း နေအိမ်၌ ယမန်နေ့ နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။ ရွှေလှေကျေးရွာအုပ်စု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်ကို ခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုးက အမွှေးနံ့သာများ ပက်ဖျန်းပေးပြီး ပါတီဆိုင်းဘုတ်ကို ဖွင့်လှစ်ခဲ့ကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

မော်လိုက်မြို့နယ် ကင်းတပ်ကျေးရွာအုပ်စု ရှားပင်ကျေးရွာတွင် ခရိုင်ပါတီမှ ကြီးမှူးဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံ သင်တန်းဖွင့်ပွဲ ကျင်းပ

 

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မော်လိုက်မြို့နယ် ကင်းတပ်စံပြကျေးရွာအုပ်စု ရှားပင်ကျေးရွာတွင် ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူးဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြင့်စိုးဆင့်နှင့် ရွာမိရွာဖ ဦးကျော်ဝင်းတို့က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သင်တန်း သားသင်တန်းသူ ၃၄ ဦး တက်ရောက်ကြရာ သင်တန်းကာလမှာ တစ်လဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ဒုတိယနေ့ အစီအစဉ် ဆက်လက် ကျင်းပ

 

ဇွန်-၄။ မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး
ဒုတိယနေ့ အစီအစဉ်ကို မုံရွာမြို့ တိုင်းပါတီရုံး အစည်းအဝေး ခန်းမတွင် ယနေ့နံနက် (၀၈:၀၀) နာရီအချိန်က
ကျင်းပပြုလုပ်ခဲ့ရာ ပါတီဗဟိုအတိုင်ပင်ခံ ဦးသာအေး၊  ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စစ်ကိုင်းတိုင်း ဒေသကြီး တာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီ နာယကများဖြစ်ကြသည့် ဦးဥာဏ်ထွန်း၊ ဦးသန်းထွန်းအောင်နှင့် ဦးတင်ငွေတို့ တက်ရောက် ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသာအေးနှင့် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်

 

ဇွန်-၃။ မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (၄) လပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မုံရွာမြို့ တိုင်းပါတီရုံး အစည်းအဝေး ခန်းမတွင် ယမန်နေ့ နံနက် (၀၉:၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသာအေး၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း၊ တိုင်းပါတီ နာယကများ ဖြစ်ကြသည့် ဦးသန်းထွန်းအောင်နှင့် ဦးတင်ငွေတို့  တက်ရောက် ခဲ့ကြသည်။

ကောလင်း ဆင်ဂေါင်းကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ကောလင်း မေ ၂၈

ကောလင်းမြို့နယ် ဆင်ဂေါင်းအုပ်စု ဆင်ဂေါင်းကျေးရွာနေ ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးကျော်မြိုင် နေအိမ်တွင် ယမန်နေ့ နံနက် ၁၁နာရီက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်ခဲ့သည်။

ယင်းဆိုင်းဘုတ်တင်ပွဲကို ကောလင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ် အမှုဆောင်များ၊ ရပ်မိရပ်ဖများ၊ သတင်းမီဒီယာများနှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ မုံရွာမြို့နယ် ရပ်ကျေးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

မုံရွာ မေ ၂၇

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းသည် မုံရွာမြို့နယ် ရပ်ကျေးပါတီဝင်များနှင့် မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမ၌ ပါတီလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့်အတူ တိုင်းဒေသကြီး ပါတီကော်မတီဝင် ဒေါ်ယဉ်မာဝင်း၊ မုံရွာခရိုင် အလုပ်အမှုဆောင်ဥက္ကဋ္ဌ ဦးအောင်တိုးတို့လည်း တက်ရောက် ဆွေးနွေး ခဲ့ကြသည်။

ခင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်သူများဘဝ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေး

 

ခင်ဦး မေ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမ၌ ပြည်သူများ ဘဝလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ တိုင်းဒေသကြီး၊ ခရိုင်တာဝန်ခံများ၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌ များ စုစုပေါင်း အင်အား ၁ဝဝ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီ ဆိုင်းဘုတ်တင် ပါတီဝင်များနှင့်တွေ့ဆုံ

 

ကလေး မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့တွင် ယခင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်တို့ ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၇ နာရီခွဲတွင် ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် ရပ်ကျေး ဦးဘိုရွှေနေအိမ်တွင် ကလေးမြို့ ခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ရပ်ကျေးပါတီ ဆိုင်းဘုတ် စိုက်ထူကြပြီး ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံကာအားလုံး စည်းစည်းလုံးလုံး ရှိကြရန်နှင့် ပါတီ၏ မူဝါဒ များကို ရှင်းလင်းပြောကြားကာ တွေ့ဆုံပွဲကို နံနက် ၉ နာရီတွင် ပြီးစီးခဲ့ကြောင်း သိရသည်။   ဂျွိုင်းဆက်(ကလေး