ဝက်လက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စင်းတဝဲ(ရ)ကျေးရွာတွင် ပါတီဆိုင်းဘုတ်တင် ပါတီရုံးခွဲဖွင့်

 

ဝက်လက် ဇန်နဝါရီ ၁၅

ပြည်ခိုင်ဖြိုးပါတီ ရွှေဘိုခရိုင် ဝက်လက်မြို့နယ် စင်းတဝဲ (ရ) ကျေးရွာပါတီဆိုင်းဘုတ်တင်ပွဲနှင့် ရပ်ကျေးပါတီရုံးခွဲ ဖွင့်လှစ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီက ကျင်းပ ခဲ့သည်။ အဆိုပါအခမ်းအနားကို ဝက်လက်မြို့နယ် ပါတီ ဥက္ကဋ္ဌဦးစိုးခိုင်နှင့်မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးဝင်းမြင့်၊ ဦးသောင်းမင်းထိုက်၊ ဦးညီညီအောင်၊ ဒေါ်ခင် အေး၊ ဒေါ်တင်မာနိုင်တို့ တက်ရောက်ခဲ့သည်။

ကောလင်းမြို့နယ် ခွင်တောင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ကောလင်း ဇန်နဝါရီ ၁၅

ကောလင်းမြို့နယ် ခွင်တောင်းကျေးရွာအုပ်စု ခွင်တောင်းရွာ နေဦးကျော်ခင်နေအိမ်၌ ယမန်နေ့ မွန်းတည့် ၁၂နာရီတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲပြုလုပ်ခဲ့သည်။

ထိုဆိုင်းဘုတ်တင်ပွဲကို ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးအောင်သန်းဦး၊ မြို့နယ်ပါတီအမှုဆောင်များ၊ အမျိုး သမီးရေးရာ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ပါတီရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ကျော်လွင်ဦး(ကောလင်း)

ဘုတလင်မြို့နယ် သီးပင်အိုင်ကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ဘုတလင် ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် သီးပင်အိုင်ကျေးရွာအုပ်စု သီးပင်အိုင်ကျေးရွာ ဦးသိန်းဝင်း ၏ နေအိမ်ခြံဝင်းအတွင်းတွင် ယမန်နေ့နံနက် ၁၁ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ပြုလုပ် ခဲ့သည်။

အဆိုပါအခမ်းအနားသို့ မုံရွာခရိုင် ပါတီကော်မတီဝင် ဦးစိန်ဝင်းလှိုင်၊ ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူးဦးသက်နိုင်ဦးနှင့် မြို့နယ် ကော်မတီဝင်များနှင့်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင်များတက် ရောက်ခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ် မင်းကုန်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲကျင်းပ

 

ကောလင်း ဇန်နဝါရီ ၁၄

ကောလင်းမြို့နယ် နှင်းတောအုပ်စု မင်းကုန်းကျေးရွာနေ မောင်မုန်း(ခ)ဦးဖိုးစိုးနေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပသည်။

အဆိုပါ ဆိုင်းဘုတ်တင်ပွဲသို့ ကောလင်းမြို့နယ်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မင်းကုန်းကျေးရွာမှ ရပ်မိရပ်ဖ များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အင်းတော်တွင် ရပ်ကျေးပါတီဝင်များတွေ့ဆုံပွဲကျင်းပ

 

အင်းတော် ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီနှင့် ရပ်/ကျေးပါတီဝင်များ တွေ့ဆုံပွဲကို ယမန်နေ့မွန်းတည့် ၁၂ နာရီက ကွင်းချောင်းအုပ်စု သောင်မြင်းကျေးရွာနှင့် မွန်းလွဲ ၁နာရီ၌ ညောင်ကုန်းအုပ်စု ဗုဓလက်ကျေးရွာတို့တွင် ပြုလုပ် ခဲ့သည်။

ကောလင်းမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ကောလင်း ဇန်နဝါရီ ၁၃

ကောလင်းမြို့ မင်းတဲကြီး ရပ်ကွက်နေ ပြည်ခိုင်ဖြိုးပါတီရပ်ကျေး ဥက္ကဋ္ဌ ဦးဇော်မိုးနိုင် နေအိမ်တွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီက ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်တင်ပွဲပြုလုပ်ခဲ့သည်။

ထိုဆိုင်းဘုတ်တင်ပွဲသို့ ကောလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်သန်းဦး၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီရုံးဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ ပါတီဝင်များ၊ သတင်းမီဒီယာများ စုစုပေါင်းအင်အား ၂ဝ ကျော် တက်ရောက်ခဲ့ကြသည်။

ကနီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ နတ်ကြီးကျေးရွာ၌ ဆိုင်းဘုတ်တင်ပွဲ ပါတီဝင်များနှင့်တွေ့ဆုံ

 

ကနီ ဇန်နဝါရီ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် နတ်ကြီး ကျေးရွာအုပ်စုနတ်ကြီးကျေးရွာရပ်/ ကျေးပါတီဥက္ကဋ္ဌ ဦးဝင်းချိုနေအိမ်၌ ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားဆိုင်း ဘုတ်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းဖွင့်လှစ်ပြီး ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ နာယက၊ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဦးစီးရုံးအဖွဲ့များ၊ ရပ်/ကျေးပါတီ အလုပ်အမှုဆောင်များနှင့်ပါတီဝင် စုစုပေါင်းအင်အား၎ဝခန့်တက်ရောက် ခဲ့ကြသည်။ထို့နောက်တက်ရောက် လာကြသော ရပ်မိရပ်ဖများ၊ အမျိုး သမီးရေးရာများနှင့်ပါတီဝင်များအား ရေနွေးကြမ်းစကားဝိုင်းဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တန့်ဆည်ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပပြုလုပ်

 

ဇန်နဝါရီ ၈ ရက် ၂၀၁၉

ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲအား တန့်ဆည်မြို့နယ် တုတ္တလုပ်ကျေးရွာအုပ်စု တုတ္တလုပ်(မ) ရွာ၌ကျင်းပပြုလုပ်။

အဆိုပါ` ဆိုင်းဘုတ်တင်ပွဲသို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်ဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးသန့်စင်ဝင်း ဦးစိုးကြည် ဦးဝင်းဇော် ဦးဖိုးကျော်တို့တက်ရောက်ကြ၍ ကျေးရွာရပ်မိရပ်ဖများနှင့်နိုင်ငံရေး စီးပွားရေး လူမှုရေးများဆွေးနွေးနှီးနှောဖလှယ်ကြပြီးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။

မုံရွာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

 

မုံရွာ။ ဇန်​နဝါရီ ၈ ။

မုံရွာမြို့နယ်ပြည်ထောင်စုကြံ့ခိုင် ရေး နှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင်မြို့နယ်ပါတီရုံးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့ရာဗဟိုအလုပ်အမှုဆောင်တိုင်းဒေသ ကြီးပါတီဥက္ကဌဒေါက်တာ မြင့်သိန်း၊ တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ တိုင်းပါတီကော်မတီဝင် ​ဒေါ်ညွှန့့်​ညွှန့်​ဋ္ဌေး၊မုံရွာခရိုင်တာဝန်ခံ ဒေါ်ကြူမိုးသန့်​၊မုံရွာခရိုင် ပါတီ ဥက္ကဋ္ဌ ဦး​အောင်တိုး၊ခရိုင်ကော်မတီ ဝင်များ ၊ ​မုံရွာမြို့နယ် ပါတီဥက္ကဌ ဦး​​ကျော်​ဝင်း ၊ မြို့နယ်ပါတီကော်မတီဝင် များ၊ အရံကော်မတီဝင်များ ၊ ရပ်​ကွက်​နှင့်​​ကျေးရွာပါတီဥက္ကဋ္ဌများ တတ်ရောက်ခဲ့ ကြပါသည်။

မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်

 

ချောင်းဦး၊ ဇန်နဝါရီ-၈

ယမန်နေ့ (၈-၁-၂၀၁၉ )ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် ချောင်းဦးမြို့နယ်ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တိုင်းပါတီဥက္ကဌ ဒေါက်တာမြင့်သိန်း ၊တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ဇော်ဦး၊
တိုင်းပါတီကော်မတီဝင် ဒေါ်ညွန့်ညွန့်ဌေး၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဌများ၊ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဌများ တက်ရောက်ခဲ့ကြပါသည်။

စစ်ကိုင်းတိုင်းပြည်ခိုင်ဖြိုးပါတီ