ဘုတလင်မြို့နယ် ယုန်လှေးကုန်းကျေးရွာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဆိုင်းဘုတ်တင်

 

ဘုတလင် ဧပြီ ၂၈

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာ ခရိုင် ဘုတလင်မြို့နယ် ယုန်လှေး ကုန်းကျေးရွာအုပ်စုယုန်လှေးကုန်း ရွာဟောင်းကျေးရွာ ဦးမန်းစီ၏ နေအိမ်ခြံဝင်းအတွင်း ယမန်နေ့ နံနက် ၁၁ နာရီခွဲက ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့သည်။

ယင်းမာပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲပြုလုပ်

 

ယင်းမာပင် ဧပြီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် ခရိုင် ယင်းမာပင်မြို့နယ် တောင်ပုအုပ်စု အိုးဘိုကျေးရွာ ဦးတင်မြင့် နေအိမ်ဝိုင်း အတွင်း ပါတီရုံးဖွင့်လှစ်ခြင်းနှင့် ပါတီဆိုင်း ဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီတွင် စတင်ပြုလုပ်ခဲ့သည်။

ကလေးဝမြို့နယ် နောင်ဖနန်ကျေးရွာအုပ်စုတွင် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်

 

ကလေးဝ ဧပြီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် နောင်ဖနန်ကျေးရွာအုပ်စု ဦးမွှေးအောင် နေအိမ်တွင် ယနေ့ နေ့လည် ၁၁နာရီ အချိန်တွင် ရေနွေးကြမ်းစကားဝိုင်းပြု ကျင်းပပြုလုပ်ခဲ့သည်။

ဆက်လက်ပြီး ကလေးဝမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဠ ဦးတင်ထွန်းလွင်၊မြို့နယ်အတွင်းရေမှူး ဦးထွန်းထွန်း နှင့် မြို့နယ်ပါတီကော်မတီဝင်များ နောင်ဖနန်ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ကြပါသည်။ မြို့နယ်ပါတီဥက္ကဠ မှ ပါတီ၏ မူဝါဒများ လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ ကို အပြန်အလှန်ဆွေးနွေးကြပြီး နေ့လည် ၁၂နာရီတွင် ပြီးစီးကြောင်းသိရသည်။

ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ရပ်ကျေးပါတီ ဥက္ကဋ္ဌများတွေ့ဆုံ

 

ရွှေဘို ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘို ခရိုင် ရွှေဘိုမြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံးခန်းမတွင် ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ် ရပ်/ကျေး ပါတီ ဥက္ကဋ္ဌများ တွေ့ဆုံပွဲအစည်းအဝေး ကျင်းပခဲ့သည်။

ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ခရိုင်ကော်မတီဝင်များနှင့် မြို့နယ်ကော်မတီဝင်များတွေ့ဆုံ လုပ်ငန်းညှိနှိုင်း

 

ကနီ ဧပြီ ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ခရိုင်ပါတီကော်မတီဝင် များနှင့် မြို့နယ်ပါတီကော်မတီဝင် များတွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ပုံတောင်ဝံသဖောင်ဒေးရှင်း တတိယအကြိမ်မြောက် ဆုနှင်းသဘင်နှင့်ဆုပေးပွဲအခမ်းအနားပြည်ခိုင်ဖြိုးတက်ရောက်လှူဒါန်း

 

ပုလဲ ဧပြီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ပုလဲမြို့နယ် ပုံတောင် တောင်တန်းဒေသ ဆရာတော် သံဃာတော်အရှင်သူမြတ်များက ကြီးမှူးကျင်းပသော ပုံတောင်ဝံသ ဖောင်ဒေးရှင်း၏ တတိယအကြိမ် မြောက် စာအောင်သံဃာတော်များ ဆုနှင်းသဘင်နှင့် တက္ကသိုလ်ဝင် တန်းဂုဏ်ထူးရကျောင်းသားကျောင်း သူများအားဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီတွင် ပုလဲ မြို့နယ် ဝက်ကျကျေးရွာ ဗုဒ္ဓဝါဒ ဓမ္မရောင်ခြည် ဘုန်းတော်ကြီး ကျောင်းတွင် ကျင်းပခဲ့သည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဟုမ္မလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲ

 

ဟုမ္မလင်း / ဧပြီ / ၂

ဗဟိုအလုပ်အမှုဆောင်ကော်မတီနှင့် ဟုမ္မလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံပွဲ အခမ်းအနားကို (၂-၄-၂၀၁၉) ရက်နေ့ နံနက် (၉း၃၀)နာရီအချိန် ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအကြံပေး ဦးသာအေး၊ ဗဟိုအလုပ်အမှုဆောင် (စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံ) ဦးမြင့်စိုး၊ တိုင်းဒေသကြီးအလုပ်အမှုဆောင် (ခန္တီးခရိုင်တာဝန်ခံ) ဦးစောမြင့်ဦး၊ ခရိုင်အလုပ်အမှုဆောင် ဦးခင်မောင်ဆွေ၊ ဟုမ္မလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အလုပ်အမှုဆောင်များ အရန်မြို့နယ်အလုပ်အမှုဆောင်များ ရပ်ကွက်/ကျေးရွာအုပ်စုပါတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

မိုင်းချောင်းကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်စိုက်ထူခြင်းပြုလုပ်

 

ဧပြီလ ၁

စစ်ကိုင်းတိုင်းဒေသကြီး မော် လိုက်ခရိုင် ဖေါင်းပြင်မြို့နယ် မိုင်း ချောင်းအုပ်စု မိုင်းချောင်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီဝင် ဦးသန်းအောင် နေအိမ်ရှေ့၌ ယမန်နေ့ နံနက် ၉ နာရီ ခွဲတွင် မော်လိုက်ခရိုင် ပါတီကော် မတီဝင် ဦးတင်မင်းထွဋ်၊ ဖောင်း ပြင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဦးဇော်ဝင်း၊ မြို့နယ်ပါတီကော် မတီများဖြစ်ကြသည့် ဦးမောင်ရွှေ၊ ဦးဆန်းဝင်း၊ ဦးကံရှိန်၊ ဦးကျော် လင်းစိုးတို့နှင့်အတူမိုင်းချောင်းအုပ်စု မှပါတီဝင်အင်အားစုများဖြင့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဆိုင်းဘုတ်ကိုစိုက်ထူခဲ့ကြသည်။

မန်သဲအုပ်စု ကုန်းကြီး(မန်သဲ)ရွာတွင် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ဖောင်းပြင် မတ် ၃၁

စစ်ကိုင်းတိုင်းဒေသကြီး မော် လိုက်ခရိုင် ဖောင်းပြင်မြို့နယ် မန်သဲအုပ်စုကုန်းကြီး(မန်သဲ) ကျေးရွာတွင် ယမန်နေ့ နံနက်၈နာရီက မြို့နယ် ပါတီကော်မတီဝင် ဦးဆန်းဝင်း နေအိမ်၌ ခရိုင်ပါတီကော်မတီဝင် များ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့် ပါတီဝင်များ တက်ရောက်အားပေး ကာ အမွှေးနံ့သာရည်များဖြင့် ပက် ဖျန်း၍ဆိုင်းဘုတ်တင်ခဲ့ကြကြောင်း သိရသည်။

ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သရက်ပင်ကျေးရွာ အခြေခံယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲတွင် ဆုများချီးမြှင့်

 

ကနီ မတ် ၂၅

စစ်ကိုင်းတိုင်း ဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ချိုင် ကျေးရွာအုပ်စု သရက်ပင်ကျေးရွာ သရက်ပင်တောရကျောင်းတိုက် တွင် အနာဂတ်အလင်းရောင် မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ် ရေးရာ တောင်တန်းသာသနာနုဂ္ဂဟ အသင်း(ဗဟို) အခြေခံယဉ်ကျေး လိမ္မာသင်တန်းကို ပထမဦးဆုံး အကြိမ်အဖြစ်ကျင်းပခဲ့ပြီး သင် တန်းဆင်းပွဲကို ယနေ့တွင်ကျင်းပခဲ့ သည်။ ယင်းသင်တန်းကို ယခုလ ၆ ရက်မှ ယမန်နေ့ထိ သင်ကြားခဲ့ ကြောင်း သိရသည်။