ဗန်းမောက်မြို့နယ် ကျေးရွာအုပ်စု ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ဗန်းမောက် မေ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ခြင်းနှင့် ရေနွေးကြမ်းစကားဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၈ နာရီကစ၍ ပြုလုပ် ခဲ့ကြသည်။ အဆိုပါ ဆိုင်းဘုတ်တင်ရာတွင် မံယူးကြီးကျေးရွာအုပ်စု၊ မံယူးပေကုန်း ကျေးရွာအုပ်စု၊ ယာယူးကျေးရွာ အုပ်စုတို့တွင် ပါတီဆိုင်းဘုတ်သစ်ကို အသီးသီးစိုက်ထူခဲ့ကြပြီး တက်ရောက်လာကြသော ရပ်မိရပ်ဖများ၊ ပါတီဝင် များအား ကသာခရိုင် ပါတီဥက္ကဋ္ဌ ဦးထွန်းအောင်ဝင်း၊ ခရိုင်ပါတီ အတွင်းရေးမှူး ဦးမင်းဇော်မြင့်၊ ခရိုင်ပါတီ ကော်မတီဝင် ဦးကျော်သန်း၊ ဗန်းမောက်မြို့နယ် ပါတီနာယက ဦးမှိုင်းညို၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးခင်အောင်နှင့် နယ်မြေတာဝန်ခံ ကော်မတီဝင်များက အပြန်အလှန် ရေနွေးကြမ်း စကားဝိုင်း ဆွေးနွေးပြုလုပ် ခဲ့ကြကြောင်း သိရသည်။