ကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကျေးပါတီ ဆိုင်းဘုတ်တင် ပါတီဝင်များနှင့်တွေ့ဆုံ

 

ကလေး မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးမြို့တွင် ယခင်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသိန်းလှိုင်တို့ ဦးဆောင်သောအဖွဲ့သည် ယမန်နေ့ နံနက် ၇ နာရီခွဲတွင် ကလေးမြို့ အောင်မင်္ဂလာရပ်ကွက် ရပ်ကျေး ဦးဘိုရွှေနေအိမ်တွင် ကလေးမြို့ ခရိုင်ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ကော်မတီဝင်များနှင့်အတူ ရပ်ကျေးပါတီ ဆိုင်းဘုတ် စိုက်ထူကြပြီး ရပ်ကျေးပါတီဝင်များနှင့် တွေ့ဆုံကာအားလုံး စည်းစည်းလုံးလုံး ရှိကြရန်နှင့် ပါတီ၏ မူဝါဒ များကို ရှင်းလင်းပြောကြားကာ တွေ့ဆုံပွဲကို နံနက် ၉ နာရီတွင် ပြီးစီးခဲ့ကြောင်း သိရသည်။   ဂျွိုင်းဆက်(ကလေး