ကြာပိုင်ဓမ္မစကူးလ်ကျောင်းရှိ ကျောင်းသားကျောင်းသူ ၂ဝဝ ကျော်အား တိုင်းခရိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နံနက်စာ အာဟာရဒါနပြု

 

မုံရွာ သြဂုတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကြာပိုင်ကျေးရွာ စိတ္တသုခကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြားပေးလျက် ရှိသော ဓမ္မစကူးလ်ကျောင်း၌ ကျောင်းသားကျောင်းသူ ၂၃၄ ဦးအား ယမန်နေ့ နံနက်ပိုင်းက တိုင်း/ခရိုင်/မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နံနက်စာအာဟာရ ဒါနပြုခဲ့ကြောင်း သိရသည်။ ကြာပိုင်ကျေးရွာ စိတ္တသုခကျောင်းတိုက်တွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသော ဓမ္မစကူးလ်ကျောင်း၌ ကျောင်းသားကျောင်းသူ ၂၃၄ ဦးအား နံနက်စာအာဟာရ ဒါနပြုပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးခရိုင် ကော်မတီဝင်များ၊ မုံရွာခရိုင်ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်များ၊ မုံရွာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်နှင့်ပါတီကော်မတီဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီ စစ်ကိုင်းတိုင်းဒေသကြီးဥက္ကဋ္ဌ တိုင်း ခရိုင် မြို့နယ်ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

 

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်မြို့နယ်ပါတီ ဥက္ကဋ္ဌများနှင့် တိုင်းဒေသကြီးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပါတီလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ် ပါတီဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြောင်း သိရသည်။

ဖောင်းပြင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပိုးစာကုန်းကျေးရွာတွင် ပါတီဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်

 

ဖောင်းပြင် ဇူလိုင် ၁၄

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ် ပိုးစာကုန်းကျေးရွာအုပ်စု ပိုးစာကုန်းကျေးရွာ ရပ်ကျေး ပါတီဥက္ကဋ္ဌ ဦးတင်ထွန်းနေအိမ်တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ က ပြုလုပ်ခဲ့သည်။

ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ရေနွေးကြမ်းစကားဝိုင်းသို့ တက်ရောက်ဆွေးနွေး

 

ချောင်းဦး ၊ ဇူလှိုင်

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ မုံရွာခရိုင်​၊ ​ချောင်းဦးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ​ ​ရေ​နွေးကြမ်း စကားဝိုင်းဆွေး​နွေးပွဲကို ​ကျောက်​စစ်​ကန်​ကျေးရွာအုပ်​စု ဦး​ဇော်​မြင့်​နေအိမ်​၌ ၉ – ၇ – ၂၀၁၉ ရက်​​နေ့ မနက်​၁၀ နာရီ၌လည်း​ကောင်း၊ ငါးလုံးတင်​​ကျေးရွာ ဦး​အောင်​ဝင်းနေအိမ်​၌ ၁၄း၃၀ နာရီ၌လည်း​ကောင်း ကျင်းပပြုလုပ်​ရာ ဗဟိုအလုပ်​အမှု​ဆောင်​ တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ​ဒေါက်​တာမြင့်​သိန်းတက်​​ရောက်​၍ ယ​နေ့နိုင်​ငံ​ရေးအ​ခြေအ​နေများ ရှင်းလင်း​ဆွေး​နွေးခဲ့ပါသည်​။

ကျောက္ကာ (တောင်) ရွာမှ ဒေသခံအမျိုးသမီးများနှင့် စကားဝိုင်း ဆွေးနွေးပွဲပြုလုပ်

 

ယ​မန်နေ့ (၈.၇.၂၀၁၉) ရက်​​နေ့ မွန်းလွဲ (၁၄း၃၀) အချိန်​တွင်​ စစ်​ကိုင်းတိုင်း​ဒေသကြီး ပြည်​ခိုင်​ပါတီ တိုင်းပါတီ​ကော်​မတီဝင်​ ​ဒေါ်သိင်္ဂီဝင်း​ရွှေ (တိုင်းအမျိုးသမီး​ရေးရာ တာဝန်​ခံ) သည်​ ​တိုင်းအရံပါတီ​ကော်​မတီဝင်​ ​ဒေါ်ကြူ မိုးသန့်​ (မုံရွာခရိုင်​အမျိုးသမီး​ရေးရာ တာဝန်​ခံ)၊ မုံရွာမြို့ နယ်​ပါတီဥက္ကဌ ဦး​ကျော်​ဝင်း၊ အတွင်း​ရေးမှူး ဦးမြင့်​စိုး၊ မြို့နယ်​ပါတီ ကော်​မတီဝင်​များ ဖြစ်​ကြသည့်​ ဦး​ကျော်​ဝင်းနိုင်​၊​​ ​ဒေါ်သီတာစိမ့်​ (မြို့နယ်​အမျိုးသမီး​ရေးရာ တာဝန်​ခံ) တို့နှင့်​အတူ မုံရွာမြို့နယ်​ ​ကျောက္ကာ (​တောင်​) ရွာ ဦး​ကျော်​ဝင်း​ နေအိမ်​၌ ပါတီဝင်​အမျိုးသမီးများ၊​ကျေးရွာ အမျိုးသမီးအဖွဲ့များနှင့်​ ​တွေ့ဆုံခဲ့ပါသည်​။

ကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီ ဆိုင်းဘုတ်တင်ပွဲနှင့် ရေနွေးကြမ်းစကားဝိုင်း ကျင်းပ

 

ကလေး ဇွန် ၃ဝ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့ပေါ်ရပ်ကွက် ရပ်ကျေးဆိုင်း ဘုတ်တင်ရန် ကျန်ရှိနေသော တောင်ဇလပ်ရပ်ကွက် ရပ်ကျေးပါတီဥက္ကဋ္ဌ ဦးအဲမောင်နေအိမ်တွင် ယမန်နေ့ နံနက် ၈နာရီခွဲက ပါတီဆိုင်းဘုတ်အား ခရိုင်ပါတီဝင်များနှင့် မြို့နယ်ဥက္ကဋ္ဌ ဦးအောင်ဆန်းဝင်း၊ မြို့နယ်ပါတီ ကော်မတီဝင်များက ဆိုင်းဘုတ်စိုက်ထူပြီး ရပ်ကျေးပါတီဝင်များနှင့် ရေနွေးကြမ်းစကားဝိုင် ပြုလုပ်ခဲ့သည်။

ပင်လည်ဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ ရပ်ကျေးပါတီ ဥက္ကဋ္ဌများနှင့် တွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေး

 

ပင်လည်ဘူး ဇွန် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် ရပ်ကျေးပါတီ ဥက္ကဋ္ဌများ တွေ့ဆုံပြီး ပါတီ၏ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပြည်ခိုင်ဖြိုး ပါတီရုံး အစည်းအဝေး ခန်းမ၌ ကျင်းပရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နာယက ဦးမျိုးမြင့်၊ ပါတီ ဥက္ကဋ္ဌ ဦးဝင်းသိန်း၊ ခရိုင်ပါတီ ကော်မတီဝင် ဦးမြင့်ကျော်၊ အတွင်းရေးမှူး ဦးသောင်းဌေးနှင့် ကော်မတီဝင်များ၊ ရပ်ကျေးပါတီ ဥက္ကဋ္ဌများနှင့် ကော်မတီဝင်များ တက်ရောက်ကြသည်။

ကနီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်း ဆွေးနွေး

 

ကနီ ဇွန် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ယင်းအခမ်းအနားကို ကနီမြို့နယ် ပါတီနာယကများ၊ ဥက္ကဋ္ဌ ဦးကျန်ထွန်း၊ အတွင်းရေးမှူး ဒေါ်မာမာဦး၊ ကော်မတီ ဝင်များ၊ အရန်ကော်မတီများနှင့် ဦးစီးရုံးအဖွဲ့များ တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ ပါတီ၏ရှေ့လုပ်ငန်း စဉ်များ၊ ဆောင်ရွက်ကြရမည့် လုပ်ငန်းများကို ဆွေးနွေးခဲ့ကြသည်။

မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ ပြုလုပ်

 

ဇွန်၊ ၊ ၁၄ မုံရွာ

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ထန်းတောရပ်ကွက်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဆိုင်းဘုတ် တင်ပွဲအခမ်းနားကို ယနေ့ ၉ နာရီ မိးနစ် ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားသို့ မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဌ ဦးကျော်ဝင်း ၊ မြို့နယ်ပါတီ အတွင်းရေးမှုး ဦးမြင့်စိုးနှင့် မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ပြီး။ ရပ်ကွက်တွင်းရှိ ပြည်သူတချို့မှလည်း လာရောက်၍ ဝန်းရံအားပေး ခဲ့ကြသည်။

ဘုတလင်မြို့နယ် ကြို့ကုန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ဘုတလင် ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာ ဦးဇော်မျိုးနိုင်၏ နေအိမ်ခြံဝင်း အတွင်းတွင် ယမန်နေ့ နံနက် ၈ နာရီခွဲ တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါသည်။