ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ရေနွေးကြမ်းစကားဝိုင်းသို့ တက်ရောက်ဆွေးနွေး

 

ချောင်းဦး ၊ ဇူလှိုင်

စစ်​ကိုင်းတိုင်း​ဒေသကြီး၊ မုံရွာခရိုင်​၊ ​ချောင်းဦးမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ​ ​ရေ​နွေးကြမ်း စကားဝိုင်းဆွေး​နွေးပွဲကို ​ကျောက်​စစ်​ကန်​ကျေးရွာအုပ်​စု ဦး​ဇော်​မြင့်​နေအိမ်​၌ ၉ – ၇ – ၂၀၁၉ ရက်​​နေ့ မနက်​၁၀ နာရီ၌လည်း​ကောင်း၊ ငါးလုံးတင်​​ကျေးရွာ ဦး​အောင်​ဝင်းနေအိမ်​၌ ၁၄း၃၀ နာရီ၌လည်း​ကောင်း ကျင်းပပြုလုပ်​ရာ ဗဟိုအလုပ်​အမှု​ဆောင်​ တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ​ဒေါက်​တာမြင့်​သိန်းတက်​​ရောက်​၍ ယ​နေ့နိုင်​ငံ​ရေးအ​ခြေအ​နေများ ရှင်းလင်း​ဆွေး​နွေးခဲ့ပါသည်​။

ဆက်​လက်​ပြီး တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ​ဒေါ်သိင်္ဂီဝင်း​ရွှေမှ သက်​ငယ်​မုဒိန်းမှု ​သေဒဏ်​​ပေးရေးနှင့်​ အမျိုးသမီးနှင့်​ နိုင်​ငံ​ရေးကိစ္စများ ​ဆွေး​နွေးခဲ့သည်​။ ထို့​နောက်​ ခရိုင်​ပါတီဥက္ကဋ္ဌ ဦး​အောင်​တိုးမှ နိုင်​ငံသားများ၏ ရပိုင်​ခွင့်​အခွင့်​အ​ရေးများနှင့်​ တာဝန်​များကို ရှင်းလင်းဆွေး​နွေးပြီး၊ မြို့နယ်​ပါတီ​ကော်​မတီဝင်​ ဦး​မောင်​​မောင်​မြင့်​မှ ယ​နေ့ ဒီမိုက​ရေစီနှင့်​ ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ၊ မြန်​မာ့တပ်​မ​တော်​ အခန်းကဏ္ဍတို့ကို တက်​​ရောက်​လာသူများနှင့်​ အပြန်​အလှန်​ ​ဆွေး​နွေးခဲ့ပါသည်​။

ဆွေး​နွေးပွဲသို့ ဗဟိုအလုပ်​အမှု​ဆောင်​ တိုင်း​ဒေသကြီးပါတီဥက္ကဋ္ဌ ​ဒေါက်​တာမြင့်​သိန်း၊ တိုင်း​ဒေသကြီးပါတီ​ကော်မတီဝင်​ ​ဒေါ်သိင်္ဂီဝင်း​ရွှေ၊ ခရိုင်​ပါတီဥက္ကဋ္ဌ ဦး​အောင်​တိုးနှင့် မြို့နယ်​အတွင်း​ရေးမှူး ဦးမျိုးမြင့်​ဦး မြို့နယ်ပါတီ ကော်မတီဝင်များ၊​ ကျောက်​စစ်​ကန်​​​ကျေးရွာမှ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်များနှင့် ပြည်သူများ ငါးလုံးတင် ကျေးရွာမှ ရပ်ကျေးပါတီ ဥက္ကဋ္ဌများ၊ ပါတီဝင်များ တက်ရောက်​ခဲ့ကာ ရင်းနှီး​နွေး​ထွေးစွာ ဆွေး​နွေးခဲ့ကြပါသည်။