ဘုတလင်မြို့နယ် ကြို့ကုန်းကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

 

ဘုတလင် ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာ ဦးဇော်မျိုးနိုင်၏ နေအိမ်ခြံဝင်း အတွင်းတွင် ယမန်နေ့ နံနက် ၈ နာရီခွဲ တွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနား ပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဦးသက်နိုင်ဦး၊ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်ခိုင်ညိမ်းသူ၊ မြို့နယ်မီဒီယာ တာဝန်ခံ ဦးဇော်ထွေးနှင့် မြို့နယ်ကော်မတီဝင်များ၊ ကျေးရွာပြည်ခိုင်ဖြိုး ပါတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။ရွှေကျီစု(ဘုတလင်)