ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး နှင့်အဖွဲ့ ဆုပေးပွဲသို့ တက်ရောက်

 

၂၉.၉.၂၀၁၇ ရက်နေ့ သောကြာနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပသော ဓမ္မစကြာင်္ရွတ်ဖတ်ပူဇော်မှုယှဉ်ပြိုင်ပွဲ ဆုပေးပွဲ      အခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသောတာဝန်ရှိသူများမှ ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု နှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားသို့ ပင့်ဖိတ်ထားသော ဆရာတော် နှင့် သီလရှင် ဆရာကြီးများ ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ၊ ဗဟိုအလုပ်အမှုဆောင် တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ၊ ဗဟိုကော်မတီဝင် ဦးတင်လှိုင်မြင့် ၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့် ၊ တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ပါတီဥက္ကဋ္ဌ နှင့် ခရိုင်ကော်မတီဝင်များ ၊ မြို့နယ်ကော်မတီဝင်များ ၊ ဓမ္မစကြာင်္ဝတ်အသင်းများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ်နှင့်အဖွဲ့ ဓမ္မစင်္ကြာရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲသို့တက်ရောက်

 

၂၈.၉.၂၀၁၇ ရက်နေ့ ကြာသာပတေးနေ့ နေ့လည် ၁၂ နာရီခွဲခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်သော ယဉ်ကျေးလိမ္မာသော မြန်မာအမျိုးသမီးလေးများရဲ့ ဓမ္မစကြာင်္ရွတ်ဖတ်ပူဇော်မှု ပြိုင်ပွဲအခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ၊ တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့် ၊ တိုင်းပါတီ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သိင်္ဂီဝင်းရွှေနှင့်တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ကော်မတီဝင်များ ၊ မြို့နယ်ကော်မတီဝင်များ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ခရိုင်များအား ကိုယ်စားပြုယှဉ်ပြိုင်မည့် မြို့နယ်အသီးသီးမှ အမျိုးသမီးများ စုစုပေါင်းအင်အား (၂၅၀)ခန့်တို့တက်ရောက်ခဲ့ကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဓမ္မစကြာရွတ်ဖတ်ပူဇော်ပွဲကျင်းပ

 

စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီမှကြီးမှူး၍ ခရိုင်အဆင့်ဓမ္မစကြာရွတ်ဖတ် ပူဇော်ပွဲကို ယနေ့နံနက် ၈ နာရီက တိုင်းဒေသကြီးပါတီရုံးခန်းမ၌ကျင်းပ ရာ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ မုံရွာခရိုင်နှင့် မုံရွာမြို့နယ်မှပါတီကော်မတီဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့  ဝင်များ၊ ပြိုင်ပွဲဝင်ဓမ္မစကြာဝတ်အသင်းများ၊ ဖိတ် ကြားထားသောဧည့်သည်တော်များ စုစုပေါင်း၂ဝဝခန့်တက်ရောက်သည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင်ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် ချောင်းဦးမြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီခေါင်း ဆောင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲသို့ ပါတီ ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဒေါက်တာမြင့်သိန်း၊ တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါက်တာဝင်းမြင့်အောင်၊ မုံရွာခရိုင်ပါတီဥက္ကဋ္ဌ ဦးအောင်တိုး၊မုံရွာခရိုင်ပါတီအတွင်းရေးမှူးဒေါ်ကြူ မိုးသန့်၊ ခရိုင်ပါတီကော်မတီဝင်များ၊ ချောင်းဦးမြို့နယ်ပါတီဥက္ကဋ္ဌ ဦးသောင်းထိုက်၊ မြို့နယ်ပါတီ အတွင်းရေးမှူးဦးမျိုးမြင့်ဦး၊ မြို့ နယ်ပါတီကော်မတီဝင်များ၊ချောင်းဦး မြို့နယ်အတွင်းရှိ ရပ်/ကျေးအုပ် စု ၃၂အုပ်စုမှ ရပ်/ ကျေးပါတီ ခေါင်းဆောင်များ စုစုပေါင်းအင် အား ၈ဝ တက်ရောက်ခဲ့ကြသည်။ ပထမဦးစွာ တက်ရောက်လာ ကြသော ရပ်/ကျေးပါတီခေါင်းဆောင်များက တစ်ဦးချင်း မိတ်ဆက် စကားပြောကြားခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌက အဖွင့် အမှာစကားပြောကြားပြီး တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါက်တာဝင်းမြင့် အောင်က ဆွေးနွေးပြောကြားခဲ့ သည်။ ထို့နောက် အမြင့်ကျေးရွာ အုပ်စု ရပ်/ကျေးပါတီကော်မတီ အဖွဲ့မှ ပါတီဝင် ၁၇ဦး၏ ပါတီ နှစ်စဉ်ကြေး ငွေကျပ် ၁၇ဝဝဝကို အမြင့်ကျေးရွာအုပ်စု ပါတီခေါင်း ဆောင်ဦးသန်းဝင်းက ပေးအပ်၍ မြို့နယ်ပါတီဥက္ကဋ္ဌက လက်ခံခဲ့ သည်။ ထို့နောက် တက်ရောက်လာကြသော ရပ်/ကျေးပါတီ ခေါင်းဆောင်များက အုပ်စုအလိုက် တင်ပြဆွေးနွေး ခဲ့ကြပြီး တိုင်းဒေသ ကြီးပါတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာ စကားပြောကြားကာ တွေ့ဆုံဆွေးနွေးပွဲ ကို မွန်းတည့် ၁၂ နာရီတွင် ရုပ်သိမ်းခဲ့သည်။ Union daily

 

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ ခရိုင်ချောင်းဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော် မတီဝင် တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် ချောင်းဦးမြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီခေါင်း ဆောင်များနှင့်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ များ လိုက်ပါလျက် နယ်မြေ ကွင်းဆင်း ဆောင်ရွက်ခဲ့ —

 

မုံရွာခရိုင်အတွင်းရေးမှူးနှင့်အတူ မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီ များ လိုက်ပါလျက် နယ်မြေကွင်းဆင်း ဆောင်ရွက်ခဲ့ကြပါသည်။

မုံရွာခရိုင် မုံရွာမြို့နယ်ကော်မတီများ လစဉ်ပုံမှန် ရပ်/ကျေး ပြည်ခိုင်ဖြိုး ပါတီခေါင်းဆောင်ကော်မတီများထံ (၄.၉.၂၀၁၇)ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်မှ စတင်ထွက်ခွါခဲ့ပြီး သက္ကယ်ကျင်းကျေးရွာအုပ်စု ၊ မုံရွေး ကျေးရွာအုပ်စုနှင့် အောင်သာကျေးရွာ များသို့  သွားရောက်တွေ့ဆုံခဲ့ကြပါ သည် ။

ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံဦးမြင့်စိုး စစ်ကိုင်းခရိုင် မြို့နယ် ရပ်/ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး တာဝန်ခံ ဦးမြင့်စိုးသည် ယနေ့နံနက် ၁၁ နာရီတွင် စစ်ကိုင်းခရိုင် မြောင်မြို့နယ် ပါတီကော်မတီဝင်များ      ကျောက်တန်းကျေးရွာအုပ်စု၊ စည်ပင်ကျေး ရွာပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက်ပြီး ပါတီ စည်းရုံးရေးလုပ်ငန်းများနှင့်ပတ် သက်၍ အကျယ်တဝင့်ဆွေးနွေး ညှိနှိုင်းသည်။

ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံဦးမြင့်စိုး ကသာခရိုင်နိုင်ငံရေးစီမံခန့်ခွဲမှု သင်တန်းသားများနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယခုလ ၂၄ ရက် ညနေ ၅ နာရီတွင် ကသာခရိုင် ပင်လည်ဘူးမြို့နယ်မံ စီလေးကျေး ရွာတွင်ဖွင့်လှစ်သော ကသာခရိုင် နိုင်ငံရေး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် ၄/၂ဝ၁၇သင်တန်းသားများနှင့်တွေ့ဆုံကာ ပါတီစည်းရုံး ရေးလုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးသည်။

ဗဟိုအလုပ်အမှုဆောင် တိုင်း ဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ခရိုင် မြို့နယ် ရပ်/ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့နံနက် ၁၁ နာရီတွင် ကသာခရိုင် ကောလင်းမြို့နယ်ပါတီရုံး၌ ကျင်းပသော ကသာခရိုင် ကောလင်းမြို့နယ်နှင့်ဝန်းသိုမြို့နယ် ပါတီကော်မတီဝင်များ၊အရန်ကော်မတီဝင်များ၊မြို့နယ်အတွင်းရှိ ရပ်/ကျေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသည်။

ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး စစ်ကိုင်းတိုင်းဒေသကြီး ခရိုင် မြို့နယ် ရပ်/ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြို ရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့နံနက် ၁၁ နာရီတွင် ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် ပါတီရုံး၌ ကျင်းပသော ကန့်ဘလူ ခရိုင်နှင့် ကန့်ဘလူမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များ၊ ကော်မတီဝင်များ၊ မြို့နယ်အတွင်းရှိ ရပ်/ကျေး ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍အကျယ်တဝင့်ဆွေးနွေး ညှိနှိုင်းသည်။

ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး တန့်ဆည်မြို့နယ်ပါတီကော်မတီဝင်များ ရပ်/ကျေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့မွန်းလွဲ ၃ နာရီတွင် တန့်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခန်းမ၌ ကျင်းပသော ပါတီကော်မတီဝင်များ၊ တန့်ဆည်မြို့နယ်အတွင်းရှိ ရပ်/ ကျေးပါတီခေါင်းဆောင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် ပြီး ပါတီစည်းရုံးရေး လုပ်ငန်းများနှင့်ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသည်။အဆိုပါတွေ့ဆုံပွဲသို့ ပါတီ ဗဟိုအလုပ်အမှုဆောင်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ရွှေဘိုခရိုင်ပါတီကော်မတီဝင်များ၊ တန့်ဆည်မြို့နယ်ပါတီ ကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ စုစုပေါင်းအင်အား ၁၈၉ ဦး တက်ရောက်ကြသည်။