ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေး စစ်​ကိုင်းတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီလူငယ်​တွေ့ဆုံပွဲအခမ်းအနားတွင်​ လမ်းညွှန်​အမှာစကား​ပြောကြား

 

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးသည်​ ယ​နေ့​နေ့လည်​၁နာရီက မုံရွာမြို့​တော်​ခန်းမတွင်​စစ်​ကိုင်းတိုင်း​ဒေသကြီးပြည်​ခိုင်​ဖြိုးပါတီ လူငယ်​တွေ့ဆုံပွဲအခမ်းအနားသို့     တက်​​ရောက်​၍ လမ်းညွှန်​အမှာစကား​ပြောကြားခဲ့သည်​။

ယ​နေ့ကျင်းပသည့်​ ​တွေ့ဆုံပွဲအခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်း​ဌေးနှင့်​အတူ ပါတီအ​ထွေ​ထွေအတွင်းရေးမှူးဦးသက်​နိုင်​ဝင်း၊ပါတီဗဟိုအလုပ်​အမှု​ဆောင်​များဖြစ်​ကြ​သော ဦးဝဏ္ဏ​မောင်​လွင်​၊ စစ်​ကိုင်းတိုင်း​ဒေသကြီးနယ်​​မြေတာဝန်​ခံဦးမြင့်​စိုး၊ဗဟိုလူငယ်​​ရေးရာ ကဏ္ဍတာဝန်​ခံ​ဒေါက်​တာ​အောင်​မြတ်​ဦးနှင့်​တိုင်း​ဒေသကြီးပါတီဥက္ကဌ​ဒေါက်​တာမြင့်​သိန်း၊ဗဟို​ကော်​မတီဝင်​များ၊တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူးဦး​​အောင်​​ဇော်​ဦး၊တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​များ၊ခရိုင်​​နှင့်​မြို့နယ်​များမှပါတီဥက္ကဌများ၊အတွင်း​ရေးမှူးများနှင့်​ပါတီ ​ကော်​မတီဝင်​များနှင့်​ပါတီဝင်​လူငယ်​များ အပါအဝင်​စုစု​ပေါင်းအင်​အား၁၀၃၅ဦး​တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။

အခမ်းအနားအား နိုင်​ငံ​တော်သီချင်းသံပြိုင်​သီဆိုဖွင့်​လှစ်​၍ ရပ်​/​ကျေးပါတီ လူငယ်​​ရေးရာအဖွဲ့ ဝင်​တစ်​ဦးဖြစ်​သည့်​ မုံရွာမြို့နယ်​၊​ကျောက္ကာ​ကျေးရွာမှ မရီရီထွန်း၊ပုလဲမြို့နယ်​ပါတီလူငယ်​​ခေါင်း​ဆောင်​တစ်​ဦးဖြစ်​သည့်​ ကို​အောင်​လင်းနှင့်​စစ်​ကိုင်းတိုင်း​ဒေသကြီး
ပြည်​ခိုင်​ဖြိုးပါတီ လူငယ်​​ရေးရာတာဝန်​ခံတိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​​ဦး​အောင်​ကိုစံမှ နယ်​​မြေအလိုက်​လူငယ်​​ရေးရာဖွဲ့စည်းလှုပ်​ရှား​ဆောင်​ရွက်​​နေမှုအ​ခြေအ​နေများအားရှင်းလင်းတင်​ပြခဲ့ကြသည်​။

မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ သာစည်ကျေးရွာ ပါတီခေါင်းဆောင် ကော်မတီဝင်များနှင့် သွားရောက်တွေ့ဆုံ

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ( မုံရွာမြို့ ) (၁၈.၁၂.၁၀၇) ရက်နေ့ မုံရွာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ၊ သာစည်ကျေးရွာ ပါတီခေါင်းဆောင်နှင့် ကော်မတီဝင်များ၊ အမျိုးသမီးများ သွားရောက်တွေ့  ဆုံခဲ့ကြပါသည်။
ထိုသို့  တွေ့ဆုံခဲ့ရာတွင် မုံရွာမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းနိုင်မှ ရခိုင်ပြည်နယ် ဖြစ်စဉ်နှင့် နိုင်ငံ အချူပ်အခြာ အာဏာနှင့် ပြည်တွင်းပြည်ပ စွက်ဖက်ပါတ်သက်မှုများ၊ ဦးမြင့်အောင်မှ နိုင်ငံစီးပွားရေး ဘာသာရေးနှင့် နိုင်ငံရေးဖြစ်ရပ်များကို သုံးသပ်တင်ပြ လည်းကောင်း၊ ဦးမြင့်စိန်မှ အမျိုး ဘာသာသာသနာ အတွက် သွေးအေးမနေကြဘဲ အသိသတိများဖြင့် ဆောင်ရွက်သွားရှိကြရန် ပြောဆိုဆွေးနွေးခဲ့ကြပါသည်။
သာစည်ကျေးရွာအုပ်စု ပါတီခေါင်ဆောင် ကော်မတီဝင်များ အမျိုးသမီးများ တင်ပြပြောဆိုဆွေးနွေးမှုမျာကို ပြန်လည် ဆွေနွေကြပြီး ဝိုင်ဝန်းပူပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သဘောတူခဲ့ကြပါသည်။

မြင်းမူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲကျင်းပ

 

မင်းမူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်တွေ့ဆုံပွဲအား ယနေ့နံနက် ၁ဝး၀၀ နာရီအချိန် က မြင်းမူမြို့ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး မြို့နယ်ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ခရိုင်ကော်မတီဝင်များ၊ ကျေးရွာအုပ်စုအတွင်းမှ လူငယ် ၇၅ ဦး တက်ရောက်ခဲ့ကြသည်။

ဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ရွှေဘိုခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ ဘုတ်ကုန်းကျေးရွာအုပ်စု ပါတီဝင်များနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာ ဦးသန်းလှ၏နေအိမ်တွင် ယနေ့ညနေ ၄ နာရီခွဲက ကျင်းပသော ရွှေဘိုမြို့ နယ် ပါတီကော်မတီဝင်များ ရွှေဘိုမြို့နယ် ဘုတ်ကုန်းကျေးရွာအုပ်စု ပါတီဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် စစ်ကိုင်းဒေသကြီးတာဝန် ဦးမြင့်စိုး ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓ ဘိသေကအနေကဇာတင်ပူဇော်ပွဲအခမ်းအနား တတ်ရောက်

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်  စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးနှင့်ဇနီး ဒေါ်ခင်မြဦးတို့သည် ၃-၁၂-၂၀၁၇ ရက်နေ့ မနက် (၉) နာရီအချိန်တွင် ရွှေဘိုမြို့နယ် ဇီးဖြူကုန်းကျေးရွာ မြို့လှတောရ ဘုန်းကြီး ကျောင်း အတွင်းရှိ အလိုတော်ပြည့်အောင်တော်မူ ဘောဂစေတီတော်မြတ်ကြီး ရွှေထီးတော် တင်လှူပွဲနှင့် ဗုဒ္ဓဘိသေကအနေကဇာတင် ပူဇော်ပွဲအခမ်းအနားသို့ တတ်ရောက်၍ စေတီတော်မြတ်ကြီး၏ စိန်ဖူးတော်အား ပင့်ဆောင်တင်လှူခဲ့ပါသည်။ ထို့နောက်တွင် ပင့်သံဃာ ၅၄ ပါးတို့အား ဆွမ်းဆန်စိမ်းများ လောင်းလှူပူဇော်ခဲ့ရာ ဗဟိုအလုပ်အမှုဆောင်နှင့်ဇနီးတို့မှ လှူဖွယ်ပစ္စည်းများနှင့်ဝတ္တုငွေများ လောင်းလှူခဲ့ပါသည်။

မုံရွာ ပြည်ခိုင်ဖြိုးပါတီ တွေဆုံပွဲ

မုံရွာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲကို ၁၄.၇.၂၀၁၇ ရက်နေ့ နံနက် ၉း၀၀နာရီအချိန် တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ ရွှေဘိုခရိုင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ ရွှေဘို မြို့နယ် ၊ ဝက်လက်မြို့နယ် ၊ ရေဦးမြို့နယ် ၊ ခင်ဦးမြို့နယ်၊ တန့် ဆည်မြို့နယ် ၊ ဒီပဲယင်းမြို့နယ်တို့မှ ဥက္ကဋ္ဌ ၊ အတွင်းရေးမှူးများနှင့်အတူ မြို့နယ်ပါတီကော်မတီဝင်များ အင်အား (၈၀) ဦး တက်ရောက်ကြပြီး လုပ်ငန်းညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြပါသည်။

မုံရွာခရိုင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီဝင်များ တွေ့ဆုံညှိနှိုင်း

မုံရွာခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မုံရွာခရိုင် ဥက္ကဌနှင့် မုံရွာမြို့နယ် ပါတီဥက္က၊ ပါတီအတွင်းရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင် များ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ၅.၁၁.၂၀၁၇ ရက်နေ့ ၁၂း၀၀ နာရီ အချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

ပြည်ခိုင်ဖြိုးပါတီသည် မိမိတို့ပါတီတာဝန်များကို စဉ်ဆက်မပြတ် ဆက် လက် ဆောင်ရွက်သွားရှိကြရန်နှင့် ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲလုပ်ငန်း များကို ၀ိုင်းဝန်းသုံးသပ် ဆွေးနွေးကြပြီး ရှေ့လုပ်ငန်းစဉ်တာဝန်များကို အရှိန်အဟုန်မပျက် ပုံမှန်ဆောင်ရွက်သွားရှိကြဖို့ ဆွေးနွေးတိုင်ပင်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြပါသည်။

မုံရွာမြို့နယ် ကိုယ်စားပြု ကော်လပြကျေးရွာ (ငြိမ်းချမ်းအေး) ဓမ္မစကြာ ၀တ်အသင်း ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

 

စစ်ကိုင်းတိုင်း ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာမှ ကျင်းပသော ဓမ္မစကြာ ရွတ်ပွားပူဇော်ပြိုင်ပွဲ ပထမဆုရ မုံရွာမြို့နယ် ကိုယ်စားပြု ကော်လပြကျေးရွာ (ငြိမ်းချမ်းအေး) ဓမ္မစကြာဝတ်အသင်း ဂုဏ်ပြုပွဲ အခမ်းအနားကို ၁၅.၁၀.၂၀၁ရ ရက်နေ့ နံနက် ၉း၀၀ – ၁၁း၀၀ နာရီ အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုးစစ်ကိုင်းတိုင်းဒေသကြီး ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ)တို့သည် ယနေ့နံနက် ၉ နာရီတွင် စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့ရှိ တိုင်းပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော တိုင်းဒေသကြီးအတွင်းရှိ ပါတီအဆင့်ဆင့်၏ ငါးလပတ်လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့ တက်ရောက်၍ လုပ်ငန်းလမ်းညွှန် အမှာစကားပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျိုးဆက်သစ် လူငယ်မောင်/မယ်များတွေ့ဆုံပွဲကို မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁ဝနာရီက ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး တက်ရောက်၍ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ရှေးဦးစွာ တက်ရောက်လာ သူများမှ နိုင်ငံတော်သီချင်းသံပြိုင် သီဆိုခဲ့ကာ ရာသက်ပန်ပြည် ထောင်စုတေးသီချင်းကို လူငယ် မောင်/မယ်များမှ သီဆိုပြီးနောက် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင် ဖြိုးပါတီလူငယ်ရေးရာကဏ္ဍတာ ဝန်ခံ တိုင်းဒေသကြီးပါတီကော်မ တီဝင် ဒေါ်သိင်္ဂီအောင်က လူငယ် ရေးရာဖွဲ့စည်းလှုပ်ရှားဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် ပါတီ ဗဟိုအလုပ်အမှုဆောင်၊ မန္တလေး တိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးဝဏ္ဏမောင်လွင်က ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးသန်းဌေးက တိုင်းပြည်နှင့် ပါတီနောင်ရေးအတွက် လူငယ် များကို အားကိုးအားထားပြုပါ ကြောင်း၊ လူငယ်များကို လက်ဆင့် ကမ်းအမွေများ ပေးသွားမည်ဖြစ် ကြောင်း၊ လူငယ်များအနေဖြင့် သမိုင်းဖြစ်ရပ်မှန်များကို သိရှိနား လည်အောင်ကြိုးစားကြပြီး အမျိုး သားရေးတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြစေလိုကြောင်း၊ မိမိ တို့ပါတီအနေဖြင့် သွေးသစ်လူငယ်၊ ရှေ့ဆောင်လူငယ်နှင့် ဦးဆောင် လူငယ်များအဖြစ် စဉ်ဆက်မပြတ် လက်ဆင့်ကမ်းတာဝန်ထမ်းဆောင် နိုင်ရေးလေ့ကျင့်စီမံလျက်ရှိကြောင်း၊ နိုင်ငံရေးခေါင်းဆောင်များ ကိုယ် ခံအားကောင်းပါက တိုင်းပြည် အင်အားတောင့်တင်းခိုင်မာမည်ဖြစ် ကြောင်း၊ ကိုယ်ခံအား မကောင်းပါ က တိုင်းပြည်အချုပ်အခြာအာဏာ ဆုံးရှုံးနိုင်ကြောင်း၊ သို့ဖြစ်၍ အနာ ဂတ်ကိုဦးဆောင်မည့် မျိုးဆက်သစ် လူငယ်များအနေဖြင့် အမျိုးသားရေး ကိုယ်ခံအားကောင်းအောင်ကျင့်ကြံ အားထုတ်ကြစေလိုကြောင်း အစရှိ သည်တို့အား လမ်းညွှန်မှာကြား ခဲ့သည်။ ဆက်လက်၍ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ လူငယ်ပါ တီဝင် ၂၇၃ ဦး၏ အဆိုပြုလွှာများ အားပေးအပ်၍ တွေ့ဆုံပွဲအခမ်း အနား ခေတ္တရပ်နားခဲ့သည်။ ယနေ့ကျင်းပသည့် တွေ့ဆုံပွဲ အခမ်းအနားသို့ ပါတီ ဗဟိုဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ပြည်ခိုင်ဖြိုး ပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက် ထွေး၊ ပါတီဗဟိုအလုပ်အမှုဆောင် များဖြစ်ကြသော မန္တလေးတိုင်း ဒေသကြီးနယ်မြေတာဝန်ခံ ဦးဝဏ္ဏ မောင်လွင်၊ ဗဟိုလူငယ်ရေးရာ တာဝန်ခံဒေါက်တာအောင်မြတ်ဦး၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်း မောင်နှင့် ဒေါက်တာမောင်သင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေး မှူး ဦးအောင်ကျော်မိုး၊ ဗဟိုကော် မတီဝင် ဒေါက်တာနန္ဒာလှမြင့် တိုင်းဒေသကြီး ပါတီကော်မတီဝင် များ၊ အခြားနိုင်ငံရေးပါတီ ခုနစ် ပါတီမှ တာဝန်ရှိသူများ၊ မန္တလေး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ မျိုးဆက်သစ်လူငယ်မောင်/မယ်များ အပါအဝင် စုစုပေါင်း အင်အား ၆ဝဝ ကျော် တက်ရောက်ခဲ့ကြ သည်။