ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး နှင့်အဖွဲ့ ဆုပေးပွဲသို့ တက်ရောက်

 

၂၉.၉.၂၀၁၇ ရက်နေ့ သောကြာနေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပသော ဓမ္မစကြာင်္ရွတ်ဖတ်ပူဇော်မှုယှဉ်ပြိုင်ပွဲ ဆုပေးပွဲ      အခမ်းအနားအားကျင်းပပြုလုပ်ခဲ့ပြီး တက်ရောက်လာသောတာဝန်ရှိသူများမှ ပထမဆု ၊ ဒုတိယဆု ၊ တတိယဆု နှင့် နှစ်သိမ့်ဆုများ ချီးမြှင့်ခဲ့ကြပါသည်။
အခမ်းအနားသို့ ပင့်ဖိတ်ထားသော ဆရာတော် နှင့် သီလရှင် ဆရာကြီးများ ၊ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာဒေါ်စန်းစန်းနွယ် ၊ ဗဟိုအလုပ်အမှုဆောင် တိုင်းပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း ၊ ဗဟိုကော်မတီဝင် ဦးတင်လှိုင်မြင့် ၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့် ၊ တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်ပါတီဥက္ကဋ္ဌ နှင့် ခရိုင်ကော်မတီဝင်များ ၊ မြို့နယ်ကော်မတီဝင်များ ၊ ဓမ္မစကြာင်္ဝတ်အသင်းများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

Du WonKyal