ဗဟိုအလုပ်အမှုဆောင် တိုင်း ဒေသကြီးတာဝန်ခံ ဦးမြင့်စိုး ခရိုင် မြို့နယ် ရပ်/ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြင့်စိုးသည် ယနေ့နံနက် ၁၁ နာရီတွင် ကသာခရိုင် ကောလင်းမြို့နယ်ပါတီရုံး၌ ကျင်းပသော ကသာခရိုင် ကောလင်းမြို့နယ်နှင့်ဝန်းသိုမြို့နယ် ပါတီကော်မတီဝင်များ၊အရန်ကော်မတီဝင်များ၊မြို့နယ်အတွင်းရှိ ရပ်/ကျေးပါတီ ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် ပြီး ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် ပတ်သက်၍အကျယ်တဝင့် ဆွေးနွေးညှိနှိုင်းသည်။

အဆိုပါတွေ့ဆုံပွဲသို့ ဗဟို အလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမြင့်သိန်း နှင့် တိုင်းဒေသကြီးပါတီ ကော်မတီဝင်များ၊ ကသာခရိုင် ပါတီ ကော်မတီဝင်များ၊ ကောလင်းမြို့ နယ်၊ ဝန်းသိုမြို့နယ် ပါတီကော်မတီ ဝင်များ၊ ရပ်/ကျေးပါတီ ခေါင်းဆောင်များ စုစုပေါင်းအင် အား ၁ဝဝ တက်ရောက်ကြသည်။

တွေ့ဆုံပွဲ အခမ်းအနားတွင် တက်ရောက်လာကြသော ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးပါတီခေါင်းဆောင်များက တစ်ဦးချင်းမိတ်ဆက်ကြသည်။ ထို့နောက် ကောလင်းမြို့နယ်နှင့် ဝန်းသို မြို့နယ် ပါတီဥက္ကဋ္ဌများက မြို့နယ်ပါတီ လုပ်ငန်းဆောင်ရွက်နေမှုများအား တင်ပြကြသည်။ ဗဟိုအလုပ်အမှု ဆောင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံဦးမြင့်စိုးက လက်ရှိဖြစ်ပေါ်နေ သော     နိုင်ငံရေးအခြေအနေ နှင့်ပတ်သက်၍ ရှင်းလင်းပြော ကြားသည်။
ထို့အပြင် ပါတီစည်းရုံးရေးလုပ်ငန်းများဦးစားပေးဆောင်ရွက် နိုင်ရေးဆွးနွေး ပြီး စစ်ကိုင်းတိုင်း ဒေသကြီးပါတီဥက္ကဋ္ဌ ဦးမြင့်သိန်း က လိုအပ်ချက်များကို ဖြည့်စွက် ဆွေးနွေးကာ ဗဟိုအလုပ် အမှု ဆောင် စစ်ကိုင်းတိုင်းဒေသကြီး တာဝန်ခံဦးမြင့်စိုးက နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

စိမ်းနိုင်(ဝက်လက်)