အိုင်အက်စ်ချေမှုန်းရေး စစ်ဆင်တိုက်ခိုက်မှု တူရကီစတင်ကာကမစ်မြို့ကို ရွှေ့ပြောင်းရန်အမိန့်ထုတ်
အန်ကာရာ သြဂုတ် ၂၄
တူရကီတပ်မတော်သည် ဆီးရီးယား နယ်စပ်မြို့ဖြစ်သည့် ဂျရာဘူလပ်စ်တွင် အိုင်အက်စ် စစ်သွေြး<ွကအုပ်စုများကို သုတ်သင်ရှင်းလင်းသည့် ထိုးစစ်ဆင်မှု တစ်ရပ်ကို ပြန်လည်စတင်လိုက်ပြီဖြစ် ကြောင်း အာဏာပိုင်များက ထုတ်ဖော် ပြောကြားခဲ့သည်။
ဆီးရီးယားရှိစစ်ဆင်ရေးဆင်နွှဲမည့် တူရကီ အထူးတိုက်ခိုက်ရေးအင်အားစု များကို တူရကီနှင့်အမေရိကန်ဦးဆောင် သည့်မဟာမိတ်လေကြောင်း တိုက်ခိုက် ရေးအဖွဲ့က ကျောထောက်နောက်ခံ ပြုထားသည်ဟု အစိုးရအာဏာပိုင်အဖွဲ့ က ပြောကြားသည်။
တူရကီပိုင်နက် နယ်မြေအတွင်းရှိ မြို့တစ်မြို့ကို ဆီးရီးယားသူပုန်များက ကျူးကျော်ရန်စရန် ပြင်ဆင်ခဲ့သဖြင့် စစ်ဆင်ရေးပြန်လည်စတင်လာခြင်းဖြစ်သည်။
ထို့ပြင် တူရကီအစိုးရသည် ဆီးရီး ယားရှိ အိုင်အက်စ်စစ်သွေြး<ွကများ၏ အမြောက်ပစ်ခတ်မှု ထိမှန်ခံခဲ့ရသည့် ကာကမစ်နယ်စပ်မြို့ရှိ ပြည်သူများကို နေရာမှ ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန် ခဲ့သည်။ ကာကမစ်မြို့သည် အိုင်အက်စ် တို့ ထိန်းချုပ်ထားသော ဂျရာဘူလပ်စ် နယ်စပ်အနီးတွင်ရှိပြီး တူရကီကျော ထောက်နောက်ခံပြုထားသည့် သူပုန် အဖွဲ့ကသိမ်းပိုက်ရန် ကြိုးစားနေသည့် မြို့ဖြစ်သည်။
(ဘီဘီစီ)