ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

ရေးမြို့၊ အောက်တိုဘာ ၂၈

ရေးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကို အောက်တိုဘာ ၂၈ ရက်နေ့၌ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦး၊ ပြည်နယ်ကော်မတီဝင် အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မေသူဝင်း၊ မော်လမြိုင်ခရိုင်ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီများနှင့်ရပ်/ကျေးအမျိုးသမီးရေးရာပါတီဝင်များ တက်ရောက်ခဲ့ပြီး အခမ်းအနားကို သဘာပတိအဖွဲ့မှနေရာယူပြီး နိုင်ငံတော်အလံအားအလေးပြုကာ နိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက် ပြည်နယ်ပာတီအတွင်းရေးမှူးမှ မိတ်ဆက်အမှာစကား ပြောကြားပြီးမြို့နယ်ပါတီဥက္ကဋ္ဌက နှီးနှောဖလှယ်ပွဲကျင်းပရသည့်ရည် ရွယ်ချက်အသေးစိတ်ကို ရှင်းလင်း ပြောကြားကာ တက်ရောက်လာကြ သော ရပ်/ကျေးအမျိုးသမီးကိုယ်စားလှယ်များမှ အစုအဖွဲ့လေးဖွဲ့ဖြင့် စာတမ်းများပြုစုခဲ့ကြကြောင်း သိရှိရသည်။

Crd;