Jisoo ရဲ့ ပထမဆုံး တစ်ကိုယ်တော် အယ်လ်ဘမ် မတ် ၃၁ ရက်ထွက်မယ်

တောင်ကိုရီးယား နာမည်ကျော်မိန်းကလေးအဆိုရှင်အဖွဲ့ BLACKPINK အဖွဲ့ဝင် Jisoo ရဲ့ ပထမဆုံး တစ်ကိုယ်တော်အယ်လ်ဘမ် မတ် ၃၁ ရက် ထွက်လာမယ်ဆိုတာကို သူတို့ရဲ့အေဂျင်စီ YG Entertainment က အတည်ပြုပြောကြားလိုက်ပါတယ်။ အဖွဲ့ဝင်လေးဦးအနက် ကျန်သုံးယောက် က တစ်ကိုယ်တော် အယ်လ်ဘမ်တွေ ထွက်ရှိထားပြီးဖြစ်ပါတယ်။ Jennie က Solo ဆိုပြီး ၂၀၁၈ ခုနှစ်က အယ်လ်ဘမ် ဖြန့်ချိခဲ့ပြီး Rose  နဲ့ Lisa က ၂၀၂၁ မှာ R နဲ့ Lalisa လို့ နာမည်ပေးထားတဲ့ အခွေတွေထုတ်ဝေခဲ့ကြကာ Jisoo က အခုမှ ဖြန့်တာဖြစ်ပါတယ်။

Jisoo ရဲ့ အခွေထွက်မယ့်ရက်ကလွဲပြီး အခွေနဲ့ ပတ်သက်တဲ့ အခြားအသေးစိတ်တွေကိုတော့ အေဂျင်စီ က မပြောခဲ့ပါဘူး။ BLACKPINK အဖွဲ့က လတ်တလောမှာ အာရှမှာ ဖျော်ဖြေပွဲတွေ အတွက် လှည့်လည်နေပါတယ်။

-Ref:UPI