ရွှေပြည်သာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများနှင့် သွားရောက် တွေ့ဆုံ

     ၂ – ၃ – ၂၀၂၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီမှ ၁၁း၃၀ အချိန်တွင် အမှတ်(၁၁)ရပ်ကွက် ပပဝတီ ပန်းခြံရှိ ဗောဓိရုက္ခဓမ္မာရုံ၌ ရွှေပြည်သာမြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ယာယီဥက္ကဌဦးထွန်းထွန်းဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များသည်  ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ပါတီဝင်များ စုစုပေါင်းအင်အား(၈၀)ဦးနှင့် တွေ့ဆုံကာ ရပ်ကွက်ဖွံ့ဖြိုး တိုးတက်ရေးကိစ္စများ၊ လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေများ၊ ပါတီ၏ ရှေ့လုပ်ငန်းစဉ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည်။

ထို့နောက် မွန်းလွဲ ၁၂:၃၀ အချိန်တွင် အမှတ်(၂၁) ရပ်ကွက်(လိန်ကုန်းကျေးရွာ)ရှိ ရပ်မိရပ်ဖ ဦးစန်းနိုင်နေအိမ်၌ မြို့နယ်ပြည်ခိုင်ဖြိုးပါတီယာယီဥက္ကဌနှင့် မြိုနယ်ပါတီကော်မတီဝင်များသည် ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ပါတီဝင်များ စုစုပေါင်းအင်အား (၃၀)ဦးနှင့်တွေ့ဆုံကာ ရပ်ကွက်ဖွံဖြိုးရေး ကိစ္စများ၊ လက်ရှိနိုင်ငံရေးအခြေအနေများ ၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။