ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ဗီယက်နမ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ခေါင်းဆောင်သည့် အဖွဲ့ဝင်ငါးဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညပိုင်းက လေကြောင်းခရီးစဉ် VN 956 ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာသွားခဲ့သည်။

အဆိုပါကိုယ်စားလှယ်အဖွဲ့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်း ဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ ပါတီဌာနချုပ်မှ တာဝန်ရှိသူများ၊ ဗီယက်နမ်သံရုံးမှ တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ လိုက်ပါပို့ဆောင်နှုတ်ဆက်သည်။

ကိုယ်စားလှယ်အဖွဲ့တွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ ဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်သိန်း၊ ဗဟို ကော်မတီဝင် ဦးတင်ဦးလွင်၊ ပါတီဌာနချုပ် နိုင်ငံတကာရေးရာကော်မတီဌာနမှူး ဦးမြင့်ကိုကိုနှင့် ပါတီဝင် ဦးအောင်လတ်တို့ လိုက်ပါသွားကြောင်း သိရသည်။