၂၀၁၆ အတွက် Google မှာ ရိုက်နှိပ်ရှာဖွေမှုအများဆုံး ဝေါဟာရ (၁၀) ခု

Google ကနေ search request ထရီလီယံနဲ့ချီ နှစ်စဉ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကယ်လ်လီဖိုးနီးယား အခြေစိုက် Google ကုမ္ပဏီဟာ ၂၀၁၆ ခုနှစ်အတွင်း သူ့ရဲ့ search engine ကို အကြီးစိုးနိုင်ဆုံး ဝေါဟာရတွေကို ထုတ်ဖော်ခဲ့ပါတယ်။

အံ့အားသင့်စရာမရှိတာက စကားလုံးများစွာဟာ အမေရိကနိုင်ငံရေး ဖြစ်စဉ်၊ သတင်းအကြောင်းအရာတွေနဲ့ တစ်နှစ်ပတ်လုံး အရေးပါထင်ရှားခဲ့တဲ့ အခြားထူးခြားဖြစ်ရပ်တွေ ထင်ဟပ်စေပါတယ်။ ရေပန်းအစားဆုံး စကား လုံးက ၂၀၁၆ ခုနှစ် အစောပိုင်းက လက်မှတ်ကိုင်ဆောင်သူ ၃ ဦး ရရှိခဲ့တဲ့ $1.56 billion လောင်းကြေးကို ရည်ညွှန်းတဲ့ “Powerball” ပဲ ဖြစ်ပါတယ်။ “Prince” ၊ “Hurricane Matthew” ၊ “Pokemon Go” နဲ့ “Slither.io” တို့က ထိပ်ဆုံး ၅ ခုထဲမှာ ပါဝင်သလို “Trump” ၊ “Hillary Clinton” တို့ စာရင်းရဲ့နောက်ဆုံးပိုင်းမှာ နေရာယူထား ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရေပန်းစားခဲ့တဲ့ နံပါတ်တစ် search term စကားလုံးက NBA ကစားသမားဟောင်းနဲ့ reality TV စတား “Lamar Odom” ပဲဖြစ်ပါတယ်။ “Jurassic World” နဲ့ “American Sniper” တို့က ၂၀၁၅ ခုနှစ် Google ရဲ့ အဆင့်သတ်မှတ်မှု ထိပ်ဆုံးနေရာမှာ ရောက်ရှိကြပါတယ်။

ရေပန်းစားတဲ့ ဝေါဟာရဆိုတာ ၂၀၁၆ ခုနှစ်အတွင်း ဒီစကားလုံးတွေ ရိုက်နှိပ်ရှာဖွေမှုအများဆုံး ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်အတွက် Google ရဲ့ ထိပ်တန်း (၁၀) ခုစာရင်းဝင် ရိုက်နှိပ်မေးမြန်းမှု အများဆုံး စကားလုံးတွေကတော့ – (၁) Powerball (၂) Prince (၃) Hurricane Matthew (၄) Pokémon Go (၅) Slither.io (၆) Olympics (၇) David Bowie (၈) Trump (၉) Election (၁၀) Hillary Clinton တို့ ပဲဖြစ်ပါတယ်။

Trend Myanmar