သာပေါင်းမြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ ရပ်/ကျေး စည်းမှူးများ၊ တောင်သူလယ်သမား၊ အလုပ်သမားများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် မြို့နယ်ပါတီကော်မတီဝင် နယ်မြေ(၁)တာဝန်ခံများသည် အောက်တိုဘာ (၂၂) ရက်က စက်ဒေါင့်ကြီးတိုက်နယ် မြဗိမာန်မဟာစည်သာသနာ့ရိပ်သာ မြဗိမာန်ကျောင်းထိုင်ဆရာတော်အား သွားရောက် ဖူးမျှော်၍ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီးနောက် နယ်မြေ(၁) ရပ်ကျေးစည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကမ္ဘဲ့ညောင်ကုန်းအုပ်စု တောင်သူလယ်သမား အလုပ်သမားများနှင့် တွေ့ဆုံခဲ့သည်။

14724369_130382334097800_665933633930903136_n

တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌမှ ပြည်ခိုင်ဖြိုးပါတီ အစိုးရတာဝန်ယူခဲ့စဉ်က ပြည်သူ့အတွက် အဖက်ဖက်က အကျိုးပြုဆောင်ရွက်ခဲ့ကြောင်း၊ ယခုလည်း ပြည်သူအတွက် တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးနေကြောင်း၊ ပြည်သူနှင့်ပြည်ခိုင်ဖြိုး တသားတည်းရပ်တည်နေသည့် ပြည်သူ့ပါတီဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အတွင်းရေးမှူးမှ တောင်သူလယ်သမားများအတွက် အကျိုးဖြစ်ထွန်းစေရန် ပြည်ခိုင်ဖြိုး အစိုးရ လက်ထက်က တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းပေးခဲ့ကြောင်းနှင့် ၎င်းဥပဒေပါ ပြဋ္ဌာန်းချက်၏ အကျိုးသက်ရောက်မှုများအား အကျယ်တဝင့် ရှင်းလင်း၍ ယ္ခင်နှင့်ယ္ခု တိုးတက်မှု အခြေအနေ များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ကော်မတီဝင်များ၊ စိုက်ပျိုးရေးဦးစီး(ငြိမ်း)တို့က စိုက်ပျိုးရေးလုပ်ငန်း၏ ရေမြေသဘာဝ မျှတမှု့ အခြေအနေနှင့် စိုက်ပျိုးရေးအခြေခံနည်းစနစ်များကို ရှင်းလင်းပြောကြားကာ  တောင်သူများ၊ ရပ်/ကျေးစည်းမှူး များ၏ မေးမြန်းချက်များကို ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

# Htay Win Usdp 


Leave a Reply