ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီသတင်းမီဒီယာဥပဒေရှင်း လင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်၍ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ မြို့နယ်သတင်းတာဝန်ခံများ၊ Online မီဒီယာတာဝန်ခံများအား ပြည်ထောင်စုလွှတ်တော်မှအတည် ပြုပြဋ္ဌာန်းပြီးဖြစ်သည့် သတင်းမီဒီ ယာဥပဒေပါ အကြောင်းအရာ ကဏ္ဍရပ်များအား ကျယ်ပြန့်စွာ သိရှိနားလည်ရန်အတွက် ရှင်းလင်းဆွေးနွေးခြင်းအစီအစဉ်ကို ယမန်နေ့ နံနက် ၁ဝ နာရီက အဆိုပါ တိုင်းဒေသကြီးရုံး ဒုတိယထပ်ခန်းမ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ တိုင်းဒေသကြီး သတင်းတာဝန်ခံ ဦးတင်လှိုင်က ယခုကဲ့သို့ရှင်းလင်းဆွေးနွေးရခြင်း အကြောင်းရင်းများကို ဦးစွာရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီတိုင်းဒေသကြီး ဥပဒေအကြံပေး ဦးလေးမြင့်က သတင်းမီဒီယာ၏ နောက်ခံသမိုင်း၊ သတင်းမီဒီယာသမားများ၏ ရပိုင် ခွင့်များ၊ သတင်းမီဒီယာသမားများ လိုက်နာရမည့် တာဝန်နှင့်ကျင့်ဝတ်များအပြင် ဆက်သွယ်ရေး ဥပဒေပါ နာမည်ကြီးပုဒ်မများဖြစ်သည့် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၆၆(ဃ) ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ (၅ဝဝ) အစရှိသည့် အကြောင်းအရာများကို ဥပမာသာဓကများဖြင့် စိတ်ဝင်စားဖွယ် ရှင်းလင်း ဆွေးနွေးပြီး မြို့နယ်တာဝန်ခံများကလည်း ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ကောင်းမွန်သည့် အတိုက်အခံပါတီအဖြစ်ရပ်တည်ကာ ပါတီမှလေ့ကျင့်ပေး ထားသည့် သတင်းသမားများအနေဖြင့်လည်း စတုတ္ထမဏ္ဍိုင်အဖြစ် ဥပဒေပြုရေး၊ တရားစီရင်ရေး၊ အုပ်ချုပ်ရေး အစရှိသည့် မဏ္ဍိုင်ကြီးသုံးရပ်အား အပြုသဘောဖြင့် စောင့်ကြည့်လေ့လာ သတင်း ဖော်ထုတ်ရေးသားတင်ပြကြရန် ယခုကဲ့သို့ဆောင်ရွက်ခြင်းဖြစ်ပြီး ဆက်လက်လုပ်ဆောင်ရန် ကဏ္ဍရပ် များစွာရှိနေသေးကြောင်းလည်း သိရသည်။

ရွှေမြင့်စိုး


Leave a Reply