ရေးကြီးမှုကြောင့် လမ်းမများအတွင်း တင်ကျန်နေသည့် သဲမြေများအား ရှင်းလင်း

 

ရေကြီး​ရေလျှံမှု​ကြောင့် ရွှေတောင်​ရပ်​ကွက်​ ​ရွှေ​တောင်​လမ်း အ​ပေါ်ပိုင်းလမ်း မ​ပေါ်တင်ကျန်နေသော သဲမြေများအား မော်လမြိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ GREEN 9 လူငယ်များ၊ ရပ်​မိရပ်​ဖများနှင့်အတူ ယနေ့ ရှင်းလင်း လုပ်​အား​ပေးဖြစ်​ခဲ့ကြကြောင်း သိရသည်။


ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီ အလံနှင့်ဝတ်စုံပေးအပ်ပွဲကျင်းပ

 

ရန်ကုန် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်နှင့်ခရိုင်ပါတီ ကော်မတီများသို့ ပြည်ခိုင်ဖြိုးဝတ်စုံနှင့် ပါတီအလံပေးအပ်ပွဲကို ယမန် နေ့ နံနက် ၁ဝ နာရီက တိုင်းဒေသကြီးပါတီကော်မတီ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်နှင့်အဖွဲ့ ပုသိမ်းကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာသို့ ကွင်းဆင်း

 

မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးမျိုးမြင့်၊ မန္တလေးခရိုင်ဥက္ကဌ ဦးဘိုသင်းနှင့်ခရိုင်ကော်မတီဝင်များ၊ ပုသိမ်ကြီးမြို့နယ်ပါတီဥက္ကဌနှင့်အဖွဲ့များသည် (၁၉.၆.၂၀၁၈) ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာသို့ ကွင်းဆင်းကာ ပါတီအမှုဆောင်အဖွဲ့နှင့် ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြပါသည်။


မင်္ဂလာဒုံတွင်ပြည်ခိုင်ဖြိုးပါတီဝင် နာရေးကူညီထောက်ပံ့

 

ရန်ကုန် ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ ဒုံမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှမင်္ဂလာ ဒုံမြို့နယ် ပလရရပ်ကွက် ကြူစမ်း ရွာမ ပြည်ခိုင်ဖြိုးပါတီဝင် နှစ်ဦး ကွယ်လွန်သည့်အတွက် ထောက်ပံ့ ငွေများအားယမန်နေ့ကမြို့နယ်ပါတီ မှ ကော်မတီဝင် ဦးကျော်သန်း၊ ဦးဝင်းသန်းနှင့် နယ်မြေတာဝန်ခံ ဦးမြင့်ကျော်၊ရပ်/ကျေးပါတီဥက္ကဋ္ဌ နှင့်ကော်မတီဝင်များမှ ကွယ်လွန် သူ၏မိသားစုဝင်များအား တစ်ဦး လျှင် ကျပ်နှစ်သိန်းစီ သွားရောက် ပံ့ပိုးကူညီခဲ့ကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် ကြံတဲစုကျေးရွာ ပြည်ခိုင်ဖြိုးပါတီ ဆင်သေချောင်းရေကာ တာတည်ဆောက်ပြီးစီးမှု သွားရောက်ကြည့်ရှု

 

နေပြည်တော် ဇွန် ၁၉

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ် မြေပါတီ နေပြည်တော်ခရိုင်ပါတီ ပုဗ္ဗသီရိမြို့နယ်ပါတီတို့မှ ပူးပေါင်း ပြီး တည်ဆောက်လျက်ရှိသော ပြည်ခိုင်းဖြိုးပါတီ ဆင်သေချောင်း ရေကာ တာတည်ဆောက်ပြီးစီးမှု အခြေအနေအား ယနေ့နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ အတွင်းရေးမှူးဦးဌေးဝင်း၊နေပြည် တော်ခရိုင်ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး တို့က သွားရောက်ကြည့်ရှုခဲ့ရာ ဖြုတ်ခွဲကျေးရွာအုပ်စုပါတီဥက္ကဋ္ဌ ဦးလှငွေနှင့် ရေကာ တာတည် ဆောက်ရေးအဖွဲ့များမှပြီးစီးမှုအခြေ အနေအား လိုက်လံပြသခဲ့သည်။

ဖုန်းကို တစ်နာရီအကြာ မသုံးခဲ့ရင် IPhone ရဲ့ Lightning Port ကို Disable လုပ်ဖို့စီစဉ်နေတဲ့ Apple

iPhone ထုတ်ကုန်တွေထဲကို ဥပဒေအဖွဲ့အစည်းတွေ ထိုးဖောက်ဝင်ရောက်တဲ့ လုံခြုံရေးအပေါက်ကို ပိတ်ဆို့ဖို့ အတွက် iPhone setting တွေကို ပြောင်းလဲသွားမယ်လို့ Apple က ဇွန်လ ၁၃ ရက် (ဗုဒ္ဓဟူးနေ့) က ထုတ်ပြန်ခဲ့ ပါတယ်။ ဒီပိတ်ဆို့မှုဟာ Apple က သုံးစွဲသူတွေအားလုံးကို ကာကွယ်ဖို့ ရည်မှန်းထားတာဖြစ်ပြီး အထူးသဖြင့် ရဲတွေနဲ့ ရာဇဝတ်ကောင်တွေက iPhone တွေကို ရယူသိမ်းဆည်းထားတဲ့ နိုင်ငံတွေမှာ ပျံ့နှံ့နေတဲ့ တိုက်ခိုက်မှု နည်းလမ်းကို အမြစ်ဖြတ်သွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

မြန်မာနဲ့ ရေးထိုးတဲ့ MoU ဘင်္ဂလားဒေ့ရှ်ကို ကုလရှင်းပြ

ရိုဟင်ဂျာ ဒုက္ခသည်တွေ သူတို့ နေရပ်ရင်းကို ဂုဏ်သိက္ခာ ရှိရှိ လုံလုံခြုံခြုံ ပြန်နိုင်မယ့် အခြေနေတွေ ဖန်တီးပေးဖို့ ကုလသမဂ္ဂအဖွဲ့စည်း နှစ်ခုနဲ့ မြန်မာတို့ကြား မကြာသေးခင်ကမှရရှိခဲ့တဲ့ နားလည်မှု စာချွန်လွှာ MoU ပါ သဘောတူညီမှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာအဖွဲ့ UNHCR က ဘင်္ဂလားဒေ့ရှ် အစိုးရကို အကြမ်းဖျင်း ရှင်းလင်းပြောပြခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် ကလာတဲ့ သတင်းတွေမှာ ဖေါ်ပြပါတယ်။

စာရင်းစစ်ချုပ်ရုံးဝန်ထမ်းများ မသမာမှုဆောင်ရွက်ပါက ထိရောက်စွာအရေးယူမည်ဟု ပြည်ထောင်စု စာရင်းစစ်ချုပ်ပြော

စာရင်းစစ်ချုပ်ရုံး ၀န်ထမ်းများ မရိုးသားမှုနှင့် မသမာမှုများ ဆောင်ရွက်ပါက ထိရောက်ပြတ်သားစွာ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းကပြောသည်။ ဇွန်လ ၁၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး ခေတ္တရပ်နားချိန်တွင် သတင်းမီဒီယာများနှင့် တွေ့ဆုံရာ၌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။

ကုလသမဂ္ဂနှင့် မြန်မာအကြား အပြုသဘောဆောင်သည့်ပံ့ပိုးမှုများ ပေါင်းကူးဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း အထူးကိုယ်စားလှယ်အား ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂအကြား  အပြုသဘော ဆောင်သည့်ပံ့ပိုးမှုများ ပေါင်းကူးဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယမန်နေ့ (ဇွန်လ၁၃ရက်)တွင် ကုလအတွင်းရေးမှူးချုပ်၏အထူး ကိုယ်စားလှယ် မစ္စစ်ခရစ္စတင်းရှယန်နာဘာဂီနာကို နေပြည် တော်၌လက်ခံ တွေ့ဆုံရာ အထက်ပါအတိုင်း ထည့်သွင်း ပြောကြားသည်။

ကယားပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပတ်စဉ်ပုံမှန် လုပ်ငန်းညှိနှိုင်း အစည်းအဝေး

 

ယနေ့ ၁၄-၆-၂၀၁၈ ရက်နေ့ နံနက်(၁၀း၄၅)နာရီမှ (၁၂း၄၅)နာရီအချိန်အထိ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အပတ်စဉ်ပုံမှန် လုပ်ငန်းညှီနှိုင်းအစည်းအဝေးကို ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းတွင် ကျင်းပပြုလုပ်ပါသည်။

ယင်းအစည်းအဝေးသို့ ကယားပြည်နယ်၊ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးပိုးရယ်အောင်သိန်း (ဗဟိုအလုပ်အမှုဆောင်)၊ ပြည်နယ်ပါတီနာယကများ ဖြစ်ကြသော ဦးတောရယ်နှင့် ဒေါ်စုလေးဖြူ ပြည်နယ်ယာယီ အတွင်းရေးမှူး ဦးကျော်မြင့် ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးတင်ဦး၊ ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာမောင်နှင့် ဒေါ်ဒေါရစ်လေးတို့ တက်ရောက်ကြောင်း သိရှိရသည်။