ပြည်ထောင်စုကြံ့ခိုင်ရေး၊နှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး မအူပင်ခရိုင် မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

 

မအူပင် ဇန်နဝါရီ ၂၈

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီးတာဝန်ခံ ဦးသန်းထွန်းသည် ယမန်နေ့ နံနက် ၉ နာရီက မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီရုံး မျိုးဆက်အားမာန်ခန်းမ တွင် မအူပင်ခရိုင်နှင့် မြို့နယ်ပြည် ခိုင်ဖြိုးပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေးဒရဲမြို့နယ်တွင် တိုင်း ခရိုင် မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်နှင့် ဒေါက်တာမြတ်မြတ်အုန်းခင်တို့သည် ယမန်နေ့နံနက် ၁ဝ နာရီက ဒေးဒရဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ဖျာပုံခရိုင်ပါတီကော်မတီဝင်များ၊ ဒေးဒရဲမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ စည်းရုံးရေးမှူးများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး မွန်းတည့် ၁၂ နာရီ တွင် အခမ်းအနားပြီးဆုံးခဲ့သည်။

ဘကပညာရေး မူလွန်ကျောင်းပညာရည်ချွန်ဆုပေးပွဲသို့ ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီတက်ရောက်

 

ပန်းတနော် ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကဿ ဝင်ကျေးရွာအုပ်စု ကျက်ကျွန်းကျေးရွာရှိ ကျောင်းအုပ်ဆရာတော် ဦးဥတ္တမသာရ (နယ်လှည့်ဓမ္မကထိက အေးဝင်္ကဘာကျောင်းဆရာ တော်)ဖွင့်လှစ်သော သာသနာ့အလင်းရောင်ဘုန်းတော်ကြီးသင်ပညာ ရေးမူလွန်ကျောင်း၏၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်အတွက် ပညာရည် ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၁နာရီက အဆိုပါ ကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ထီးချိုင့်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေပျံကျေးရွာတောင်သူများနှင့်ဆွေးနွေးပွဲကျင်းပ

 

ထီးချိုင့် ဇန်နဝါရီ ၁၆

ထီးချိုင့်မြို့နယ် ရေပျံကျေးရွာ ၌ ပြည်ခိုင်ဖြိုးပါတီက မြို့နယ်တာ ဝန်ခံဦးစိုးစိုးနှင့် မြို့နယ်အမှုဆောင် များဦးဆောင်ပြီး ရေပျံကျေးရွာ ဦးခင်အောင်နေအိမ်တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ၌ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မအူပင် ဇန်နဝါရီ ၁၆

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၏မြို့နယ်ပါတီကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝနာရီ၌ မအူပင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းတနော်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မီးသတ်သင်တန်းဖွင့်ပွဲတက်ရောက်

 

ပန်းတနော် ဇန်နဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် အရန် မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂ဝ၁၉)သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ မြို့ပေါ်ရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ပန်းတနော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဧရာဝတီတိုင်းဒေသကြီး ပါတီကိုယ်စားပြု ပထမအကြိမ် လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ

 

ပုသိမ်၊ ဇန်နဝါရီ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ပထမအကြိမ် လွှတ်တော်အရပ်ရပ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီတာဝန်ရှိသူများတွေ့ဆုံပွဲအား ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီဗဟိုအလုပ်မှုဆောင်များ၊ ပါတီဗဟိုကော်မတီဝင်များ၊တိုင်းဒေသကြီးပါတီကော်မတီဝင်များနှင့် ပထမအကြိမ် လွှတ်တော်အသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များတက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ နှုတ်ခွန်ဆက်စကားပြောကြားခဲ့ပြီး တက်ရောက်လာသော ပထမအကြိမ်လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက်ပါတီဗဟိုအတိုင်ပင်ခံနှင်ပါတီဗဟိုအလုပ်မှုဆောင်များမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ဖျာပုံမြို့နယ်ရှိ မီးဘေးသင့် ပြည်သူများအတွက် အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်း

 

မအူပင် ဒီဇင်ဘာ ၂၇

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ကြီးမှူးကျင်းပသည့် မြို့ နယ်ပါတီကော်မတီ လုပ်ငန်းညှိ နှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁နာရီခွဲက မအူပင်မြို့နယ် ပြည် ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အိမ်မဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီကော်မတီအစည်းအဝေးကျင်းပ

 

အိမ်မဲ ဒီဇင်ဘာ ၂၆

အိမ်မဲမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့ နယ်ပါတီကော်မတီအစည်းအဝေး ကို ယမန်နေ့နံနက် ၉ နာရီတွင် စတင် ကျင်းပရာ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ဧရာဝတီတိုင်း ဒေသကြီးတာဝန်ခံ ပါတီဗဟို အတွင်းရေးမှူး ဦးသန်းထွန်း၏ လမ်းညွှန်မှုများကို မြို့နယ်ပါတီ ကော်မတီဝင်များအား ရှင်းလင်း ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ဟင်္သာတခရိုင်နှင့် ခြောက်မြို့နယ်ပါတီကော်မတီဝင်များတွေ့ဆုံ

 

ဟင်္သာတ ဒီဇင်ဘာ ၂၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်တင် မြင့်နှင့် ဟင်္သာတခရိုင်အတွင်းရှိ မြို့နယ် အလိုက် ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးများတွေ့ဆုံပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် အင်္ဂပူမြို့နယ်ပါတီရုံးအစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။