ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ဒေးဒရဲမြို့နယ်တွင် တိုင်း ခရိုင် မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ရန်ကုန် ဇန်နဝါရီ ၂၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်နှင့် ဒေါက်တာမြတ်မြတ်အုန်းခင်တို့သည် ယမန်နေ့နံနက် ၁ဝ နာရီက ဒေးဒရဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမတွင် တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ဖျာပုံခရိုင်ပါတီကော်မတီဝင်များ၊ ဒေးဒရဲမြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ စည်းရုံးရေးမှူးများနှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီး မွန်းတည့် ၁၂ နာရီ တွင် အခမ်းအနားပြီးဆုံးခဲ့သည်။

ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင် ဦးစိုးနိုင်နှင့် ဒေါက်တာမြတ်မြတ်အုန်းခင် သည် မွန်းလွဲ ၁ နာရီခွဲတွင် ဖျာပုံမြို့နယ် ပါတီရုံးခန်းမတွင် ခရိုင်/မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌ များ၊ စည်းရုံးရေးမှူးများနှင့်တွေ့ဆုံခဲ့ပြီး မွန်းလွဲ ၃ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပါတီဗဟို အလုပ်အမှုဆောင် ဦးစိုးနိုင်က ရွေးကောက် ပွဲအောင်နိုင်ရေး လုပ်ငန်းကိစ္စရပ်များ၊ ပါတီ၏ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ လက်ရှိနိုင်ငံရေး၊ စီးပွား ရေးအခြေအနေများအား ရှင်းလင်းပြော ကြားခဲ့ပြီး တက်ရောက်လာသည့် ပါတီ ကော်မတီဝင်များက အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြောင်း သိရသည်။