ဓမ္မစကူးလ်သင်တန်းသားများကို စာအုပ်နှင့် စာရေးကိရိယာများလှူဒါန်း

damah-school

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် မလွှကုန်းရပ်ကွက် ဓမ္မရက္ခိတဘုန်းတော် ကြီးကျောင်းတွင် ယခုလ ၈ ရက် နံနက် ၁ဝ နာရီခွဲက ဓမ္မစကူးလ် သင်တန်းသား သင်တန်းသူများအား မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ လူငယ်ရေးရာတာဝန်ခံ ဦးဗိုလ်ဗိုလ်ခင်မောင်တင့်၊ ပညာရေးရာ တာဝန်ခံ ဦးသူရထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မလွှကုန်းရပ်ကွက် ပါတီခေါင်းဆောင် ဒေါ်ဝင့်ဝင့်နွယ်နှင့် ရပ်ကွက်ပါတီ ခေါင်းဆောင်များက ကျောင်းသုံးဗလာစာအုပ်များ၊ ခဲတံ၊ ဘောလ်ပင်များ၊ စားစရာမုန့်များကို ဓမ္မကူးလ်သင်တန်းသား စုစုပေါင်း ၉၈ ဦးအား ကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

ပါတီဗဟိုနာယက ဗဟိုဦးဆောင်ကော်မတီဝင်ဦးဌေးဦး ရွှေပြည်သာမြို့နယ် ပါတီဝင်များနှင့် တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဗဟိုနာယက ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး မှ အောက်တိုဘာ (၉) ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ရွှေပြည်သာမြို့နယ် ပါတီရုံးခန်းမတွင် မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ မြို့နယ်ပါတီ ကော်မတီဝင် များ၊ ရပ်/ကျေး ၂၇ အုပ်စုမှ စည်းရုံးရေးမှူးများ၊ ပါတီဝင်များအား တွေ့ဆုံရာ၌ ပါတီဝင်များအား မွဲချင်သလောက်မွဲပါစေ စေတနာမမွဲပါစေနဲ့၊ လွဲချင်သလောက် လွဲပါစေနားလည်မှု မလွဲပါစေနဲ့၊ ကွဲချင်သလောက်ကွဲပါစေ အချင်းချင်းမကွဲပါစေ နဲ့ ဟုမှာကြားခဲ့သည်။

14600952_439171922924607_2338264426504458897_n

(more…)


ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီဝင်များ ပုဂံရှေးဟောင်းနယ်မြေရှိ စေတီနှစ်ဆူအား စုပေါင်းသန့်ရှင်းရေး လုပ်အား ဒါနများဖြင့် ကုသိုလ်ယူဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီုးမြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အောက်တိုဘာလ (၅) ရက် နံနက်(၈း၃၀) အချိန်ခန့်မှစတင်ကာ ရန်ကုန်မြောက်ပိုင်းခရိုင်ရှိ မြို့နယ်များနှင့်အတူ ရှေးဟောင်းစေတီ နှစ်ဆူအား ပါတီဝင် စုစုပေါင်း အင်အား (၄၄၀) ကျော်တို့ဖြင့် စုပေါင်းသန့်ရှင်းရေး လုပ်အားဒါနများ ပြုလုပ်ကုသိုလ်ယူ ဆောင်ရွက်ခဲ့ကြပါသည်။

14604872_178486365927655_9143885191721002429_n

(more…)


ရန်ကုန်မြောက်ပိုင်းခရိုင်ပါတီဝင်များမှ ပြုပြင်လှူဒါန်းခဲ့သော ပုဂံဒေသရှိ ဘုရားအမှတ် (၂၁၄၃) အနေကဇာတင် အခမ်းအနားကျင်းပ

ပုဂံပြည်ရှင် အနော်ရထာမင်း၊ ကျန်စစ်သားမင်းနှင့် မူလအလှူရှင်များအား ဦးထိပ်ထား၍  ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ခရိုင်အတွင်းရှိ (၈)မြို့နယ် ပါတီကော်မတီများနှင့် ပါတီဝင်များမှ ပြုပြင် လှူဒါန်းခဲ့သော ပုဂံဒေသရှိ ဘုရားအမှတ် (၂၁၄၃) အား အနေကဇာတင် အခမ်းအနားကို အောက်တိုဘာလ (၅) နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ပါသည်။

14570748_180501609024156_4404492187384604126_o

(more…)


ထူးချွန်ကျောင်းသားကျောင်းသူများ ဂုဏ်ပြုပွဲ ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီကျင်းပ

ရန်ကုန်တိုင်းဒေသကြီးရန်ကင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်တွင်းရှိ ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် ထူးချွန်ကျောင်းသားကျောင်းသူများ ကို အောက်တိုဘာလ (၂) ရက်နေ့ နံနက် ၉ နာရီက ပါတီ ခန်းမ၌ ဂုဏ်ပြုပွဲကျင်းပသည်။

အဆိုပါဂုဏ်ပြုပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်း၊ တိုင်းဒေသကြီး/ခရိုင်မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သန်လျင်မြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေကိစ္စ၊ လယ်ယာမြေ မှတ်ပုံတင်ပုံစံ(၇) ရရှိရေးကိစ္စများ ရှင်းလင်းပြောကြား

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ရတနာခန်းမ၌ အောက်တိုဘာ (၂) ရက် နံနက် (၁၀) နာရီခွဲအချိန်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဝင်းမှ သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ တောင်သူလယ်သမားများ၏ ကိုယ်စား တိုင်းဒေသကြီး လွှတ်တော်တွင် စိုက်ပျိုးစရိတ်ချေးငွေကိစ္စ၊ လယ်ယာမြေ မှတ်ပုံတင်ပုံစံ(၇) မရရှိသေးသောသူများ ပုံစံ(၇)ရရှိရေးကိစ္စရပ်များနှင့်ပက်သက်၍ ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းခဲ့ရာ တိုင်းဒေသကြီး လယ်/ဆည်ဝန်ကြီးမှ ပြန်လည်ဖြေကြား ပေးခဲ့သည့် အကြောင်းအရာများကို တောင်သူလယ်သမားများထံ လာရောက် တွေ့ဆုံ၍ ပြန်လည်ရှင်းလင်း ပြောကြားခဲ့ပါသည်။

မင်္ဂလာတောင်ညွန့်ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်လွင်၊ အတွင်းရေးမှူး ဦးဇော်ဝင်း အောင်နှင့်နယ်မြေတာဝန်ခံများသည် ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်နှင့် ရပ်ကွက်အမာခံပါတီဝင်များထံ ကွင်းဆင်း တွေ့ဆုံခဲ့သည်။ စက်တင်ဘာ ၂၉ ရက် ညနေ ၅ နာရီခွဲက ထီးတန်းရပ်ကွက် အမာခံပါတီဝင်များအား မဟာဒုက် ဓမ္မာရုံတွင်တွေ့ဆုံကာ ပါတီစည်းရုံးရေးလုပ်ငန်းများနှင့် လက်ရှိဖြစ်ပေါ်နေသည့်အခြေအနေများကို ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)

မရမ်းကုန်းမြို့နယ်/ရပ်ကွက်ပါတီ ပုံမှန်အစည်းအဝေးပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ရပ်ကွက်ပါတီများ ပုံမှန် အစည်းအဝေးကို စက်တင်ဘာ (၂၈) ရက် နေ့လည် (၁) နာရီခွဲအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ အနောက်ပိုင်းခရိုင်ပါတီ ဥက္ကဌ ဦးနေဝင်း တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော ရပ်ကွက်ခေါင်းဆောင်များနှင့် မိတ်ဆက်၍ ပါတီ၏ ရှေ့လုပ်ငန်းများကို ဆက်လက် ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖက်ဒရယ်အလုပ်ရုံဆွေးနွေးပွဲကျင်းပ

Canada အခြေစိုက် The Global Network On Federalism နှင့် PAÑÑÃ Institute တို့မှ ဦးဆောင် ဆွေးနွေးသော Workshop on Federalism အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာလ (၂၈) ရက်က ကြံခင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး အနောက်ပိုင်းခရိုင်အတွင်းရှိ ပါတီကော်မတီဝင် များနှင့်တွေ့ဆုံ

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းပါတီကော် မတီဝင်များဖြစ်ကြသော ဦးမင်းသိန်း၊ ဒေါ်သင်းသင်းမိုးတို့သည် စက်တင် ဘာလ (၂၇)ရက် နေ့လည် (၁) နာရီအချိန်က အနောက်ပိုင်းခရိုင်ပါတီရုံး အစည်းအဝေး ခန်းမ၌ အနောက်ပိုင်းခရိုင်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲအခမ်းအနားသို့ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးနေဝင်းနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ် (၁၃)မြို့နယ်မှ မြို့နယ်ပါတီဥက္ကဌနှင့် မြို့နယ်ပါတီ ကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီစည်းရုံးရေးလုပ်ငန်းဆောင်ရွက်ချက်များကို ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။