ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ စုပေါင်း၍ ကျောက်တန်းဘိုးဘွားရိပ်သာတွင် သန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်နေကြစဉ်


NLD ပါတီ ၂၈ နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်များ တက်ရော

၂၀၁၆ စက်တင်ဘာ (၂၇) ရက်နေ့ တွင် ကျရောက်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၂၈ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို NLD ပါတီဌာနချုပ်ရုံးရှိရာ ဗဟန်းမြို့နယ် အနောက်ရွှေဂုံတိုင်လမ်း၊ အမှတ် (၉၇/ခ) ၌ကျင်းပပြုလုပ်ရာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟို ကော်မတီဝင်များဖြစ်သော ဦးသာဝင်း၊ ဦးတင်အောင်တို့နှင့် ပြည်သူ့ ဆက်ဆံရေးအဖွဲ့ဝင်များ စုစုပေါင်း ၄ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရမ်းမြို့နယ်ပါတီကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ (၂၆) ရက်နေ့လည် ၁ နာရီတွင် မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးကို တိုင်းပါတီ၏ညွှန်ကြားချက်အရ ခရမ်းမြို့နယ်ပါတီ မြို့နယ်အလုပ်အမှုဆောင် လိုအပ်ချက် ဖြည့်တင်းရန် ပြုလုပ်ခြင်းဖြစ်ပြီး အစည်းအဝေးဆုံးဖြတ်ချက်အရ ဦးမျိုးဇော်ဦးနှင့် ဦးအောင်ကိုကိုဦး တို့အား မြို့နယ်အလုပ်အမှု ဆောင်များအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။

တိုင်း/ခရိုင်ပါတီကော်မတီဝင်များနှင့် ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ် ပါတီ ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ကော်မတီဝင်များ တွေ့ဆုံပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တိုင်း၊ ခရိုင်၊ မြို့နယ် ရပ်ကွက်/ကျေးရွာ ပါတီကော်မတီဝင်များ တွေ့ဆုံပွဲကို စက်တင်ဘာ (၂၂) ရက် နေ့လည် (၁) နာရီမှ (၃) နာရီအထိ မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်း၊ တိုင်းပါတီကော်မတီဝင် ဦးတင်လှိုင်၊ အရှေ့ပိုင်းခရိုင်ပါတီဥက္ကဌ ဦးစိန်မြင့်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးကျော်စိုး၊ ခရိုင်ပါတီကော်မတီဝင် ဦးဝဏ္ဏမျိုး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဝင်းနှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ရပ်ကွက်/ကျေးရွာ ပါတီခေါင်းဆောင်နှင့် ကော်မတီဝင်များ စုစုပေါင်း အင်အား (၉၈) ဦး တက်ရောက်ခဲ့ကြသည်။

သန်လျင်ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ ပုဂံဘုရားများပြုပြင်ရန်အတွက် အလှူငွေများ လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ရပ်ကွက်/ကျေးရွာအုပ်စု (၄၅)ခုမှ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် စေတနာရှင် မိဘပြည်သူများမှ စုပေါင်း၍ ပုဂံရှေးဟောင်းနယ်မြေ ဒေသရှိ သမိုင်းဝင် တန်ခိုးကြီး ဘုရားအချို့နှင့် စေတီပုထိုးများ၊သာသနိက အဆောက်အအုံများ၊ ပြိုကျပျက်စီးမှုများကို ပြန်လည်ပြု ပြင်တည်ဆောက်ရန်အတွက် လှူဒါန်းထားသော အလှူငွေကျပ်(၄၄၆၀၀၀၀/ိ) (ကျပ်လေးဆယ့်လေးသိန်းခြောက်သောင်း) တိတိကို စက်တင်ဘာလ (၂၁) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

ရာဇသင်္ဂဟဖောင်ဒေးရှင်း၏ ဂုဏ်ပြုငွေလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ မအူကုန်းရပ်ကွက် စည်းရုံးရေးမှူးနှင့် အမှုဆောင်များသည် ၂ဝ၁၆ ခုနှစ် စက်တင်ဘာ ၁၉ ရက် နံနက် ၁၁ နာရီခန့်က နိုင်ငံတော် သမ္မတ(ငြိမ်း)ဦးသိန်းစိန်(ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်နာယကကြီး) ရာဇသင်္ဂဟ ဖောင်ဒေး ရှင်းမှချီးမြှင့်သော ဂုဏ်ပြုငွေ ကျပ်နှစ်သိန်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာကို အမှတ် ၅၅၊ ၁၃၆ လမ်းနေ အသက် ၁ဝ၆ နှစ်ရှိ ဒေါ်ဟာလီမာအား ‘သျှင်ပါကူ’ အထူးကုဆေးခန်းတွင် သွားရောက် ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

သုံးခွမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ လပတ်အစည်းအဝေးကို ယနေ့ (စက်တင်ဘာလ ၂၀ ရက်) နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံး အစည်းအဝေးခမ်းမတွင် ကျင်းပရာ သုံးခွမြို့နယ် ပါတီနာယက ဒေါက်တာမြင့်သိန်း တက်ရောက်၍ အမှာ စကားပြောကြားခဲ့သည်။

3-kwa2

(more…)


နတ်စင်တစ်ရာဆရာတော်ဦးဆောင်သော စတုဒိသာပင်မအလှူရှင်များနှင့် ပြည်ခိုင်ဖြိုးပါတီ ဗဟိုနာယကဦးဌေးဦး ပုဂံ-ညောင်ဦးဒေသ မှ ဘုရားပုထိုးစေတီများတွင် လုပ်အားဒါနပြု နေကြသည့် ပါတီဝင်များအား စတုဒိသာလှူဒါန်

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာ ကျောင်းတိုက် အထူးသာသနာပြုဆရာတော် ဘဒ္ဒန္တပညာတေဇ ဦးဆောင် ၍ ပင်မစတုဒိသာအလှူရှင် ပြည်ခိုင်ဖြိုးပါတီဗဟိုနာယက ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းနှင့် ပင်မစတုဒိသာအလှူရှင်များသည် ယခုလ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်နှင့် အလုပ်အမှုဆောင်များ၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ အတွင်းရေး မှူး၊ အလုပ်အမှုဆောင်များနှင့်အတူ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ပုဂံ-ညောင်ဦး ဒေသရှိ ဘုရားပုထိုးစေတီများမှ ဘုရားအမှတ်စဉ် ၂၂ဝ၂ တွင် လုပ်အားဒါနပြုနေကြသော ရှမ်းပြည်နယ်(မြောက်ပိုင်း) ၁၉ မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် ၂၇၁ ဦး တို့အား စတုဒိသာ (ဒံပေါက်) နှင့်အချိုရည်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်မှ ပါတီအကြီးအကဲများနှင့် ရန်ကုန်တိုင်း ဒေသကြီး ပါတီကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ (၁၈) ရက် နံနက် (၉) နာရီအချိန်က ရန်ကုန်တိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

14390718_430455440462922_7057835873200095571_n

(more…)


ဒုတိယအကြိမ်ပါတီညီလာခံကချမှတ်သော ရှေ့လုပ်ငန်းစဉ်များရှင်းလင်း

ဒုတိယအကြိမ် ပါတီညီလာခံ ကချမှတ်သော ရှေ့လုပ်ငန်းစဉ် များ ထပ်ဆင့်ရှင်းလင်းပွဲအခမ်း အနားကို မင်္ဂလာတောင်ညွန့် မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ တွင် ယမန်နေ့ မွန်းလဲ ၃နာရီက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ် ပါတီကော်မတီဝင်ဒေါ်နှင်းအိအိခင် (ဘဏ္ဍာရေးမှူး)က အခမ်းအနား မှူးအဖြစ်ဆောင်ရွက်ပြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ပြည်ခိုင်ဖြိုးပါ တီဥက္ကဋ္ဌ ဦးဝင်းလှိုင်က ဒုတိယအ ကြိမ် ပါတီညီလာခံကချမှတ်သော ရှေ့လုပ်ငန်းစဉ်များကို ထပ်ဆင့် ရှင်းလင်းပြောကြားခဲ့သည်။