၁ဝ၅ ကြိမ်မြောက် သစ္စာဓိဋ္ဌာန် စတုဒိသာအလှူတော် ရေစက်ချ အခမ်းအနား ပုပ္ပားတောင်ကလပ်တွင် ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နတ်စင်တစ်ရာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပညာတေဇ ဦးဆောင်၍ အလှူရှင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို နာယကအဖွဲ့ (ဗဟိုဦးဆောင်ကော်မတီဝင်) ဦးဌေးဦးနှင့်ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းမိသားစုနှင့် ဒါယကာ ဒါယိကာမများ စုပေါင်း ၍ (၁ဝ၅)ကြိမ်မြောက် သစ္စာဓိဋ္ဌာန် စတုဒိသာအလှူတော် ရေစက်ချ အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် စက်တင်ဘာ (၁၇) ရက်နေ့က ကျင်းပခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးသန်းဌေး နိုင်ငံရေးပါတီ များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်နှင့် ဖွံ့ဖြိုးရေးပါတီပါတီဥက္ကဌ ဦးသန်းဌေး သည် နိုင်ငံရေးပါတီများဖြစ်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ အမျိုးသားနိုင်ငံရေးမဟာမိတ်များ အဖွဲ့ချုပ်၊ ၀ံသာနု ဒီမိုကရက်တစ်ပါတီ၊ ခေတ်သစ်ပြည်သူ့ပါတီ၊ “၀” ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီ ပါတီသစ်၊ အမျိုးသားတိုးတက်ရေးပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ စသည့် ပါတီအဖွဲ့အစည်းပေါင်း (၁၁)ဖွဲ့နှင့် စက်တင်ဘာလ (၁၆) ရက် နေ့လည် (၁) နာရီအချိန်က ရန်ကုန်မြို့ရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

14372331_429847390523727_5290016578016377989_o

(more…)


သန်လျင်မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်/ကျေးရွာကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာ ကော်မတီဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ပါတီရုံး ရတနာခန်းမ၌ စက်တင်ဘာ (၁၄) ရက် နံနက် (၁၁) နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးသို့ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးကျော်မင်း၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးရန်နိုင်ရွှေနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ(၄၅)ခုမှ စည်းရုံးရေးမှူးများ၊ ဒုတိယစည်းရုံးရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဗဟိုဦးဆောင်ကော်မတီဝင်ဦးဌေးဦး ရန်ကုန်တိုင်းဒေသကြီးပါတီ လုပ်ငန်းညှိနှိုင်းစည်းဝေး တက်ရောက် အမှာစကားပြောကြား

ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂ဝ၁၆ခုနှစ် စက်တင်ဘာ ၉ ရက် မွန်းလွဲ ၁ နာရီခွဲက ကျင်းပပြုလုပ်ရာ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဌေးဦး၊ ရန်ကုန်တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင် နှင့် မြို့နယ်များမှ ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။

ပုဇွန်တောင်တွင်အသက် ၁ဝဝ ကျော်ဘိုးဘွားများအား ရာဇသင်္ဂဟဖောင်ဒေးရှင်းက အလှူငွေများပေးအပ်

ရန်ကုန်တိုင်းဒေသကြီး ပုဇွန် တောင်မြို့နယ်တွင် စက်တင်ဘာလ (၈) ရက် မွန်းလွဲ ၁နာရီခွဲက အမှတ်(၁၄) ခြောက်လွှာ၊ နေကြာလမ်း၊ အမှတ်(၂)ရပ် ကွက်၊ ပုဇွန်တောင်မြို့နယ် တွင် နေ ထိုင်သူအဘိုးဦးမောင်ထွေး၊အသက် (၁ဝ၁)နှစ်နှင့်အမှတ်(၆၄)ရေကျော် လမ်းမကြီး အမှတ်(၇)ရပ်ကွက် တွင်နေထိုင်သောအဘွားဒေါ်လှတင် တို့အား အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန် (နိုင်ငံတော်သမ္မတ၊ငြိမ်း) နာယက အဖြစ် ဖွဲ့စည်း တည်ထောင်ထားသည့် ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းသည့် အလှူငွေကျပ် နှစ်သိန်း နှင့် လှူဖွယ်ဝတ္တုများကို ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုပါတီကော်မတီဝင် ဒေါ်စန်းစန်းဝင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း၊ ပုဇွန်တောင် မြို့နယ်ပါတီ ကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းသန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များက သွားရောက် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်ရှိ အသက်၁၀၀ ကျော် အဘွားအား ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းထောက်ပံ့

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် အမှတ်(၉၀)ရပ်ကွက် မင်းလှလမ်း ကျူးနေ ဒေါ်ညို အသက်(၁၀၂)နှစ် နိုင်ငံတော်သမ္မတ (ငြိမ်း) ဦးသိန်းစိန် ၏ ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်း ငွေကျပ် ၂ သိန်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးတင်လှိုင်၊ အရှေ့ပိုင်းခရိုင်ပါတီကော်မတီဝင် ဦးသိန်းကျော်အောင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်ဝင်း နှင့် ပါတီကော်မတီဝင်များ၊ ရပ်ကွက် ကော်မတီဝင်များက စက်တင်ဘာလ (၇) ရက်နေ့ နေ့လည် (၂) နာရီခွဲအချိန်တွင် အိမ်တိုင် ရာရောက် သွားရောက်လှူဒါန်းပေးခဲ့ပြီး အဘွား ဒေါ်ညို မှ ဝမ်းသာမျက်ရည်များဖြင့် ဆုတောင်းမေတ္တာပြန်လည် ပို့သပေးခဲ့ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင်းရှိ အသက် (၁၀၀)ကျော်ဘိုးဘွားများကို ရာဇသင်္ဂဟဖေါင်ဒေးရှင်းမှ ပူဇော်ကန်တော့

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်တွင် စက်တင်ဘာလ (၇)ရက် နေ့လည် (၁) နာရီက အမှတ် (၅၅) ဗားဂရာလမ်း အိုးဘိုရပ်ကွက်တွင် နေထိုင်သူ အဘွားဒေါ်တင်တင် အသက် (၁၀၁)နှစ်အား အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မဦးသိန်းစိန် (နိုင်ငံတော်သမ္မတ-ငြိမ်း) နာယကအဖြစ် ဖွဲ့စည်း တည်ထောင် ထားသည့် ရာဇသင်္ဂဟဖေါင်ဒေးရှင်းမှ လှူဒါန်းသည့် အလှူငွေကျပ်(၂)သိန်းနှင့် လှူဖွယ်ဝတ္ထုများကို ရန်ကုန်တိုင်း
ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးပါတီကော်မတီဝင်များဖြစ်ကြသော ဦးမင်းသိန်း၊ ဒေါ်သင်းမိုး၊ ဦးတင်ဝင်း၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်အိအိလှိုင်၊ ကြည့်မြင်တိုင်မြို့နယ်ပါတီဥက္ကဌ ဦးမြင့်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင် များမှ သွားရောက်လှုဒါန်းခဲ့ကြကြောင်း သိရှိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် သတ္တမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မြို့နယ်ကော်မတီ အဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရပ်ကွက်နှင့် ကျေးရွာများရှိ ပါတီအဖွဲ့ခေါင်းဆောင်များနှင့် ဒုအဖွဲ့ခေါင်းဆောင်များ၊ အမာခံပါတီဝင်များ၊ ပါတီကို ထောက်ခံအားပေးသော ပါတီ မိတ်ဆွေများ၏ (သတ္တမ)အကြိမ်မြောက် စုပေါင်းဝါဆိုသင်္ကန်းဆက် ကပ်လှူဒါန်းပွဲကို မြို့နယ်ပါတီရုံး၌ ယခုလ ၄ ရက် နံနက် ၉ နာရီခွဲတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ လှူဒါန်းငွေများ ရန်ကင်းမြို့နယ်ရှိ သက်ကြီးဘိုးဘွားများထံ ပေးအပ်လှူဒါန်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်(ငြိမ်း) ဦးဆောင်သည့် “ရာဇသင်္ဂဟ ဖောင်ဒေးရှင်း” မှ လှူဒါန်းသော အသက်(၁၀၀)နှင့် အထက် အဘိုးအဘွား ထောက်ပံ့ငွေများအား စက်တင်ဘာလ (၄) ရက် နေ့လည် (၂) နာရီအချိန်တွင် ရန်ကင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ပါသည်။

ရာဇသင်္ဂဟဖောင်ဒေးရှင်းမှ အသက် ၁ဝဝ နှင့်အထက် ဘိုးဘွားများကို ငွေကျပ် နှစ်သိန်းစီ နှင့် လှူဖွယ်ပစ္စည်းများလှူဒါန်း

နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်း စိန်၏ ရာဇသင်္ဂဟဖောင်ဒေးရှင်း မှ အသက် ၁ဝဝ အထက် ဘိုးဘွား များကိုလှူဒါန်းသော ငွေကျပ် နှစ်သိန်းတိတိစီကို စက်တင်ဘာလ (၅) ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မှော်ဘီမြို့နယ်အတွင်းရှိ အဘိုး၊ အဘွား နှစ်ဦးကို ဖောင်ဒေးရှင်းကိုယ်စား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။