အင်းစိန်မြို့နယ်ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ရပ်/ကျေးကော်မတီများနှင့်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအင်းစိန် မြို့နယ် ပါတီဥက္ကဋ္ဌဦးတင့်လွင်နှင့် မြို့နယ်ကော်မတီ ဝင်များသည် ယခုလ ၁၃ ရက် ညနေ ၄ နာရီက အင်းစိန်မြို့နယ် ရွာမအနောက်ရပ်ကွက် ရပ်ကွက် ပါတီဥက္ကဋ္ဌ ဦးကြည်စိုးနှင့် ရပ်ကွက်ပါတီကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများနှင့် အဆိုပါရပ်ကွက်ပါတီ ဥက္ကဋ္ဌနေအိမ်၌ တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ပါတီဝင်များ လိုက်နာရမည့် စည်းကမ်းချက် ၂၁ ချက်အား မြို့နယ်ဥက္ကဋ္ဌ ဦးတင့် လွင်က အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး တက် ရောက်လာကြသူ ရပ်မိရပ်ဖများနှင့်ရပ်/ကျေး ကော် မတီဝင်များက ဆွေးနွေးကြကြောင်း သိရသည်။

ရေဘေးသင့်ကျေးရွာများ သောက်သုံးရေရရှိရေး ကြံခင်းပြည်ခိုင်ဖြိုးလှူဒါန်း

ကြံခင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေ ဖြင့် မြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများကို ပြည်သူများထံ လက်ရောက်လှူဒါန်း လျက်ရှိသည်။

29540236-13082016

(more…)


ဒုတိယအကြိမ် ပါတီညီလာခံကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအရှေ့ပိုင်းခရိုင်မှပါတီဝင်များစုပေါင်းသွေးလှူ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် မြို့နယ် ၁၄ မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဝင်အင်အား ၂၇ဝ သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီးအမျိုးသားသွေး လှူဘဏ်သို့ သွားရောက်သွေးလှူ ဒါန်းကြသည်။

13912519_857253431074737_2493985332041942809_n

(more…)


မှော်ဘီတွင် ကျောင်းဆောင်သစ်ခြောက်ခု လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အလင်းရောင်ဖောင်ဒေးရှင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် အရကျောင်းဆောင်သစ် ခြောက်ဆောင် ဆောက်လုပ်ရန်အတွက် လှူဒါန်းပွဲအခမ်းအနား ကို မှော်ဘီမြို့နယ် ရေသိုးဗမာကျေးရွာ အမကကျောင်းတွင် သြဂုတ် (၁၄) ရက် နံနက် (၉) နာရီက ကျင်းပခဲ့သည်။

34120520-14082016

(more…)


ကမာရွတ်တွင် ဝါဆိုသင်္ကန်းဆက်ကပ်

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးထုမှကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁ဝ နာရီက မြို့နယ်ပါတီရုံး၌ ကျင်းပသည်။

ကမာရွတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးမျိုးအောင်၊ အတွင်းရေးမှူး ဒေါ်သီသီမွန်တို့ကြီးမှူး၍ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးပါတီကော်မတီဝင်များက စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အပတ်စဉ်လုပ်ငန်းညှိနှိုင်းစည်းဝေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အသစ်ပြန်လည်ဖွဲ့စည်းပြီး သော (၁၉)ရပ်ကွက် စည်းရုံးရေးမှူးများနှင့် ကော်မတီဝင်များအား တာဝန် ပေးအပ်ပွဲအခမ်းအနားကို သြဂုတ်လ (၁) ရက်နေ့ နေ့လည် (၃) နာရီမှ ညနေ (၅) နာရီအချိန်အထိ မြိုနယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။

တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်ကြသော ကျောင်းသား ကျောင်းသူများကို ဂုဏ်ပြုဆုချီးမြှင့်

ယခုနှစ် မတ်လတွင်ကျင်းပခဲ့ သည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် စာစစ်ဌာနမှ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများ၊ ဂုဏ်ထူးအများဆုံးရရှိအောင် သင်ကြာ ပို့ချခဲ့သည့် ဆရာ ဆရာမများ၊ မြို့ နယ်အောင်ချက်အကောင်းဆုံးဆု (ပထမ၊ဒုတိယ၊ တတိယ) ရရှိသည့် ကျောင်းများနှင့်ဘက်စုံပညာထူးချွန် လူငယ်ဆုရရှိသူများအား ဆုချီးမြှင့်သည့် အခမ်းအနားကို ဇူလိုင် (၃၁) ရက်နေ့ မွန်းလွဲ (၁) နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် သျှရီဘုသ်နာသ် ဟိန္ဒူဘုရားကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရန်ကုန်တောင်ပိုင်းခရိုင်ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့ စည်းရေးနှင့် မျက်နှာစုံညီအစည်းအဝေးကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေးနှင့် မျက်နှာစုံညီ အစည်းအဝေးကို ဇူလိုင်လ (၃၀) ရက် နံနက် (၁ဝ) နာရီက သန်လျင်မြို့နယ်ရှိ တောင်ပိုင်းခရိုင် ရုံးခန်းမ၌ ကျင်းပသည်။

YGN South

(more…)


တာမွေပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေက ဦးဆောင်၍ ဇူလိုင် (၃၀) ရက် နံနက် (၁ဝ) နာရီတွင် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက် စည်းရုံးရေးမှူးနှင့်အမှုဆောင်များသည် (၁၆)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အောင်ဗောဓိစေတီရင်ပြင်တော်တွင် ပြည်ခိုင်ဖြိုးပါတီမှ သန့်ရှင်းရေးဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ၂ဝ ရပ်ကွက် ကန်တော်မင်္ဂလာလမ်း ရှိ အောင်ဗောဓိစေတီတော် ဘုရားရင်ပြင်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင် လူငယ်ထုနှင့် အမျိုးသမီးလူငယ်ထုများစုပေါင်း၍ ဇူလိုင် (၃၁) ရက် နံနက် (၇) နာရီတွင် သန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။