တာမွေပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေက ဦးဆောင်၍ ဇူလိုင် (၃၀) ရက် နံနက် (၁ဝ) နာရီတွင် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက် စည်းရုံးရေးမှူးနှင့်အမှုဆောင်များသည် (၁၆)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် တာမွေမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊ ပါတီဝင်များက ဆပ်ကပ် လှူဒါန်းသည့် ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုလှူဒါန်းငွေ စုစုပေါင်းငွေကျပ် ၁၄၂ဝဝဝဝ ကို ဓမ္မာလင်္ကာရပရိ ယတ္တိစာသင်တိုက်၊ သာသနဇောတိ ပါလပရိယတ္တိစာသင်တိုက်၊ ကံ ဆယ်ပရိယတ္တိစာသင်တိုက်ရှိ ဆရာတော် သံဃာတော်များအား ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။

တာရာ(တာမွေ)


Leave a Reply