သာကေတပြည်ခိုင်ဖြိုးပါတီ အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသမီးဘဝ မြင့်တင်ရေး အခြေခံစက်ချုပ်သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲကို‎ ယနေ့ ဒီဇင်ဘာလ (၁၃) ရက် နံနက် (၉) နာရီအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဗဟိုကော်မတီဝင် ဦးသာဝင်းမှ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။

ကော့မှူးမြို့နယ်တွင်း ရပ်ကွက်/ကျေးရွာများတွင် ပါတီဆိုင်းဘုတ်များ တစ်ပြိုင်တည်း စိုက်ထူ

 

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ဇင်ဟိန်း၏ လမ်းညွှန်မှုဖြင့် ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များအားလုံး ပါတီ ဆိုင်းဘုတ်စိုက်ထူ ခြင်းကို ယနေ့ (ဒီဇင်ဘာ ၁၃ ရက်) နံက် (၉) နာရီအချိန်က တပြိုင်တည်း ပြုလုပ်ခဲ့ကြသည်။

ရှေ့တန်းရောက်တိုက်ပွဲဝင် တပ်မတော်သားများအား ဂုဏ်ပြုသွေးလှူဒါန်းပွဲပြုလုပ်

 

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အမျိုးသားသွေးဌာနတွင် ဒီဇင်ဘာ (၁၀) ရက် နံနက် ၉ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီးက ကြီးမှူး၍ ရှေ့တန်းရောက် တိုက်ပွဲဝင်တပ်မတော်သားများအား ဂုဏ်ပြုသွေးလှူဒါန်းပွဲ ကျင်းပခဲ့သည်။

တတိယအကြိမ် သက်ကြီးသတင်းစာပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကျင်းပ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလှူငွေလှူဒါန်း

 

မြန်မာနိုင်ငံသတင်းစာဆရာအသင်း(MJA) မှ ကြီးမှူးကျင်းပသည့် တတိယအကြိမ် သက်ကြီးသတင်းစာပညာရှင်ကြီးများ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ (၁၀) ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမ၌ကျင်းပခဲ့ရာ အခမ်းအနားသို့ ကန်တော့ခံ သက်ကြီး သတင်းစာပညာရှင်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ရန်ကုန်မြို့တော်ဝန်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ မြန်မာနိုင်ငံ သတင်းစာဆရာအသင်းဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်။

လှိုင်သာယာမြို့နယ်ပါတီ လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာတွေ့ဆုံပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာတွေဆုံပွဲကို ဒီဇင်ဘာ (၅) ရက်က ကျင်းပပြုလုပ်ရာ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ရွှေမြင့်၊ ဗဟိုကော်မတီဝင် ဗဟိုလူငယ်ရေးရာ တွဲဘက် တာဝန်ခံ ဦးလှထွန်းဦး မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးတင်ယု၊ အတွင်းရေးမှူး မြောက်ပိုင်းခရိုင် လူငယ်နှင့် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်သင်းသင်းလှိုင်နှင့် ခရိုင်ကော်မတီဝင်များ၊ လှိုင်သာယာမြို့နယ်ပါတီ အတွင်း ရေးမှူးနှင့် ကော်မတီဝင်များ ရပ်ကွက်လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာ တာဝန်ခံများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

ဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့ မြို့နယ်ပါတီရုံး၌ ခရိုင်/မြို့နယ်/ရပ်ကျေး ပါတီကော်မတီဝင်များ လူငယ်ရေးရာ အမျိုးသမီးရေးရာ မီဒီယာနှင့်ပြည်သူ့ဆက်ဆံရေး တာဝန်ခံများ တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင်ကျင်းပပြုလုပ်


ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် စေတီတော်တစ်ဆူတည်ထားကိုးကွယ်နိုင်ရေး အလှူငွေပေးအပ်

ရန်ကုန်အရှေ့ပိုင်းခရိုင် ဒဂုံမြို့ သစ်(မြောက်ပိုင်း)မြို့နယ် အမှတ် (၁၆)ရပ်ကွက်ရှိ ပြည်ကြီးချမ်းသာ မဟာစေတီတော် (မြို့ဦးစေတီ တော်)ဝင်းအတွင်း စေတီတော် တစ်ဆူ တည်ထားကိုးကွယ်နိုင်ရေး အတွက် အလှူငွေပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ နံနက် ၁ဝ နာရီ က ကျင်းပခဲ့သည်။

” မြောက်ဒဂုံပြည်ခိုင်ဖြိုးပါတီဝင်များ ရပ်ကွက်သန့်ရှင်းသာယာလှပရေး လုပ်အားပေး ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမှတ် ၄၉ ရပ်ကွက်နှင့် အမှတ် ၅၁ ရပ်ကွက်ကြား ဗိုလ်သုန်လမ်းအား ကွန်ကရစ်ခင်းမည်ဖြစ်၍ လမ်းသားပေါ်အောင် ချုံနွယ်များရှင်းလင်းခြင်းနှင့် ခြင်ဆေးမှုတ်ခြင်းများကို မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ၊ စည်းမှူး/အမှု ဆောင်များ၊ လူငယ်များ အင်အား (၃၀) ကျော်မှ ဒီဇင်ဘာ (၄) ရက် နံနက် (၈) နာရီမှ စတင်၍ မွန်းလွဲ (၁) နာရီအချိန်အထိ သန့်ရှင်းရေးဆောင်ရွက်မှုများကို လုပ်အားပေးဆောင်ရွက်ခဲ့ကြကြောင်း သိရပါသည်။

ပုဇွန်တောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ ပူဇော်ခံ

ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီရုံးတွင် မြို့နယ်ပါတီကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းသန်းနှင့် မြို့နယ်ပါတီ ကော်မတီဝင်များမှ ဗုဒ္ဓပူဇာအဖြစ် တိုက်ကြီးမြို့နယ် ချင်းကုန်း ကျေးရွာအုပ်စု သက္ကဝတီ ဂျိုးဖြူ တောင်တော်သာသနာ့နယ်မြေတွင် ကိန်းဝပ်စံပယ်တော်မူကြသော ရှေးနှစ်ပေါင်း များစွာ မင်းစဉ်မင်းဆက် ဆရာတော်အစဉ်အဆက် ကိုးကွယ်ခဲ့သော ရှေးဟောင်း ဗုဒ္ဓ ရုပ်ပွားတော်များ ဘုမ္မိယဆိုင်ရာသိုက်ဘုရားများအား နိုဝင်ဘာ (၂၉) ရက်မှ ဒီဇင်ဘာ (၆) ရက်အထိ ပင့်ဆောင်၍ ပူဇော်ခံလျက် ရှိရာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ရပ်နီးရပ်ဝေးမှ လုပ်သားပြည်သူများ လာရောက်ဖူးမြော်လျက်ရှိကြပြီး ဒီဇင်ဘာ (၆) ရက်အထိ မည်သူမဆို လာရောက် ဖူးမြော်နိုင်ရန် ဖိတ်ကြားကြောင်း သိရသည်။

လှိုင်သာယာပြည်ခိုင်ဖြိုးလစဉ်ပုံမှန်အစည်းအဝေးကျင်းပ

ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လစဉ်ပုံမှန် မြို့နယ်/ရပ်ကျေး အစည်းအဝေးကို နိုဝင်ဘာ (၃၀) ရက် နေ့လည် (၁) နာရီအချိန်က မြို့နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြောက်ပိုင်းခရိုင် ပါတီဥက္ကဌ ဦးတင်ယုမှ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။