သန်လျင်မြို့နယ် မြို့နယ်ပါတီကော်မတီ လစဉ်ပုံမှန်အစည်းအဝေးကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်ကော်မတီ ပုံမှန် အစည်းအဝေးကို ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ (၂) ရက် နံနက် (၁၀) နာရီခွဲအချိန်တွင် မြို့နယ်ပါတီရုံးတွင် ကျင်းပ ပြုလုပ်ရာ မြို့နယ်ပါတီဥက္ကဌ ဦးကျော်မင်း၊ အတွင်းရေးမှူး ဦးရန်နိုင်ရွှေနှင့် မြို့နယ် ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီဝင်အင်အားများကိစ္စ၊ လူငယ်/အမျိုးသမီးရေးရာများ ဖွဲ့စည်းရေးနှင့် သတင်းမီဒီယာ ဆိုင်ရာများ အားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရန်ကုန်(အရှေ့ပိုင်း)ခရိုင်တွင် ပါတီဝင်များတွေ့ဆုံပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း) ခရိုင် စည်းရုံးရေးနယ်မြေ အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှပါတီဝင်များအား ခရိုင်ပါတီကော်မတီနှင့် မြို့နယ်ပါ တီကော်မတီတို့မှ ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ရက် တွေYဆုံလျက်ရှိရာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ (၁) ရက် နံနက် ၈ နာရီတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမဆောင်၌ေ တွ့ဆုံကြသည်။

လက်တွေ့အသုံးချWindows Basic and Office Application Course သင်တန်း ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီဖွင့်

 

ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးကွန်ပျူတာသင်တန်း ခန်းမတွင် လက်တွေ့အသုံးချ Windows Basic and Office Application Courseသင်တန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၁၇ ဇန်န၀ါရီ (၂) ရက် နံနက် ၁ဝ နာရီက ကျင်းပသည်။

ကော့မှူးမြို့နယ်ပါတီနှင့် “ဖြိုးစေတနာ” နယ်လှည့် ဆေးကုသအဖွဲ့ ကျေးရွာအရောက် ကွင်းဆင်းကုသ

 

ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ကော့မှူးပြည်ခိုင်ဖြိုးပါတီ နှင့် ‘ဖြိုးစေတနာ’ ဒေါက်တာ သိန်းဇော်မြင့် ဦးဆောင်သော ဆေးကုသရေးအဖွဲ့ (တွံတေး) တို့ပူးပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း ကော့မှူး မြို့နယ်အတွင်း သွားလာရခက်ခဲ သော ကျေးရွာများအရောက် ကျန်း မာရေးစောင့်ရှောက်ကုသပေးလျက် ရှိရာ ကော့မှူးအနောက်ခြမ်း ရေ ကျော်ကျေးရွာအုပ်စု ကျုံဖာကျေး ရွာပါတီခေါင်းဆောင်ဦးခင်တိုး၏ နေအိမ်၌ ဒီဇင်ဘာ (၃၁) ရက် နံနက် ၈နာရီမှစ၍ ၁၁ နာရီအထိ အနီးဝန်းကျင်ကျေး ရွာများဖြစ်သော ပျဉ်းကတိုးကျေး ရွာ၊ ကွမ်းခြံကုန်းလေးကျေးရွာ၊ ချောင်းဝကျေးရွာ၊ ရေကျော်ကျေး ရွာများမှ လူနာ (၁၅၅) ဦးကို ကုသပးခဲ့သည်။

အင်းစိန်ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်ထုနှင့် အမျိုးသမီးထုများအားတွေ့ဆုံပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ထုနှင့်အမျိုး သမီးထုများ တွေ့ဆုံပွဲအခမ်းအနား ကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်ရုံးခန်း၌ကျင်းပသည်။

ကော့မှူးပြည်ခိုင်ဖြိုးပါတီ ကျေးရွာများအရောက် Social Media အခြေခံသင်တန်းဖွင့်လှစ်

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီမှ ကော့မှူးမြို့နယ်အနောက်ခြမ်း တိုက်နယ် ပျဉ်းကတိုးကျေးရွာအုပ်စု အိုးဘိုကျေးရွာ ပါတီခေါင်းဆောင်ဦးတင်ဝင်း၏နေအိမ်၌ှSocial Media အခြေခံသင်တန်းကို ဒီဇင်ဘာ (၃၁) ရက် နံနက် ၈ နာရီက ဖွင့်လှစ်ခဲ့ရာ ဝါသနာပါစိတ်ဝင်စားကြသူ အနီး ဝန်းကျင်ကျေးရွာများမှ ကျား ၁၁ ဦး၊ မ ခြောက်ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၁၇ ဦး တက်ရောက်ခဲ့သည်။

ကော့မှူးပြည်ခိုင်ဖြိုးပါတီ (၆၉)ကြိမ်မြောက် လွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်လှုပ်ရှားမှု အားကစားပွဲပြုလုပ်မည်

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှဦးဆောင်၍ (၆၉)ကြိမ်မြောက် လွပ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယခုလ ၃၁ရက်တွင် ကော့မှူးပြည်ခိုင်ဖြိုးရုံးတွင် ပြုလုပ်သွားမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲအား ပထမဆုကို ကျပ်တစ်သိန်း၊ ဒုတိယဆုကို ကျပ်ရှစ်သောင်း၊ တတိယဆုကို ကျပ်ခြောက်သောင်းနှင့်အခြား နှစ်သိမ့်ဆုများ၊တစ်ဦးချင်း (ရိုက်/ ထောင်/ဆယ်) ဆုများကို ကျပ်နှစ် သောင်းစီ ဆုချီးမြှင့်မည်ဖြစ်ကြောင်း၊ကော့မှူးမြို့နယ် ကျေးရွာများမှ အသင်း ၁၆ သင်း စာရင်းအတည်ပြုထားပြီးဖြစ်ကြောင်း ဆက် လက်ဆောင်ရွက်မှုများတွင် လူငယ်ကဏ္ဍြ မှင့်တင်နိုင်ရန် ကြိုးစား သွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်သာယာပြည်ခိုင်ဖြိုး ဓမ္မာရုံများ ပြုပြင်မွမ်းမံရန် ဘိလပ်မြေအိတ်များ လှူဒါန်း

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဒီဇင်ဘာ (၂၇) ရက် နံနက်ပိုင်းက လှိုင်သာယာမြို့နယ် ရွှေလင်ပန်းကျေးရွာ မြေတိုင်း(၂၆) အောင်ချမ်းသာဓမ္မာရုံ နှင့် မြေတိုင်း(၂၃) စိတ္တသုခဓမ္မာရုံတို့အား ပြန်လည်ပြုပြင် မွန်းမံနိုင်င်ရန် အတွက် ဘိလပ်မြေအိတ်များ လှူ ဒါန်းခဲ့ကြောင်း သိရှိရပါသည်။

လှိုင်သာယာပြည်ခိုင်ဖြိုး

ကြည့်မြင်တိုင်ပြည်ခိုင်ဖြိုးအမှုဆောင်များ မဲရုံကိုယ်စားလှယ်များနှင့်တွေ့ဆုံ

 

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ကြည့်မြင်တိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယခုလ ၂၃ရက် မွန်းလွဲ ၁နာရီမှ ညနေ ၄နာရီအထိ ရပ်ကွက်အမှုဆောင်များ၊ မဲရုံကိုယ်စားလှယ်များအားတွေ့ဆုံ၍ ကြားဖြတ်ရွေးကောက်ပွဲ အတွက်ဆွေးနွေးပြုလုပ်ရာ ရန်ကုန်အနောက်ပိုင်းခရိုင်ပါတီကော်မတီ ဝင် ဒေါ်အိအိလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်လွင်နှင့် ကော်မတီဝင် များ၊ ရပ်ကွက်အမှုဆောင်များနှင့် မဲရုံကိုယ်စားလှယ် ၅ဝ တို့တက် ရောက်ကြကြောင်း သိရသည်။

ထိန်ဝင်း(ကြည့်မြင်တိုင်)

ခရိုင်တာဝန်ခံ ခရိုင်/မြို့နယ်ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး

 

ရန်ကုန်မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဒီဇင်ဘာ (၂၂) ရက် နံနက် (၁၀) နာရီ အချိန်မှစ၍ ဗဟိုကော်မတီဝင် ရန်ကုန်မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်း၊ မြောက်ပိုင်းခရိုင်ပါတီဥက္ကဌ ဦးတင်ယုနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ (၈)မြို့နယ်မှ ပါတီဥက္ကဌများနှင့် အတွင်းရေးမှူးများ တွေ့ဆုံ၍ ပါတီလုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။