ရန်ကုန်(အရှေ့ပိုင်း)ခရိုင်တွင် ပါတီဝင်များတွေ့ဆုံပွဲကျင်းပ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်(အရှေ့ပိုင်း) ခရိုင် စည်းရုံးရေးနယ်မြေ အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှပါတီဝင်များအား ခရိုင်ပါတီကော်မတီနှင့် မြို့နယ်ပါ တီကော်မတီတို့မှ ရက်သတ္တပတ်တစ်ပတ်လျှင် တစ်ရက် တွေYဆုံလျက်ရှိရာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ (၁) ရက် နံနက် ၈ နာရီတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမဆောင်၌ေ တွ့ဆုံကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပြည ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ၊ပါတီအရန် ဗဟိုကော်မတီဝင် ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ဥက္ကဋ္ဌ ဦးစိန်မြင့်၊ ပါတီအရန်ဗဟိုကော်မတီဝင် များဖြစ်ကြသည့် ရန်ကုန်(အရှေ့ ပိုင်း)ခရိုင်အတွင်းရေးမှူးဒေါက်တာ ကျော်စိုး၊ ဘဏ္ဍာရေးမှူး (နယ်မြေ တာဝန်ခံ) ဒေါ်အေးအေးမြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် လောင်း ဦးနေလင်း၊ မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာများမှ ပါတီဝင်များ စုစုပေါင်း ၉ဝ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ခရိုင်ပါတီ ဥက္ကဋ္ဌ ဦးစိန်မြင့်၊ အတွင်းရေးမှူး ဒေါက်တာကျော်စိုး၊ ဘဏ္ဍာရေးမှူး ဒေါ်အေးအေးမြင့်၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်၊ မြို့နယ်ပါတီ ကော်မတီ ဝင်များက ပါတီဗဟို၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့်ဆင့်မှ စည်းရုံးရေး၊ စီမံ ရေးနှင့် ပြည်သူလူထုအကျိုးပြု လုပ်ငန်းများဆောင်ရွက်နေမှုများကို အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ရပ်ကွက်၊ ကျေးရွာ ပါတီဝင်များမှ ၄င်းတို့ အနေဖြင့် အောက်ခြေတွင် ဆောင်ရွက်နေရသည့် အခြေအနေများ၊ ဒေသခံပြည်သူတို့၏ အသံများ၊ ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အတွေ့အကြုံများ၊ အားနည်းချက်၊ အားသာချက်များကို ရပ်ကွက်နှင့် ကျေးရွာအလိုက် တင်ပြကြပြီး ပါတီအဆင့်ဆင့်မှ ပံ့ပိုးကူညီဆောင် ရွက် ပေးသင့်သည်များအား အသီးသီး အကြံပြုဆွေးနွေးတင်ပြကြသည်။

ထို့နောက် ပါတီတာဝန်ရှိသူများမှ ပါတီဝင်များ၏ ဆွေးနွေးတင်ပြမှုများအပေါ် ပြန်လည်ရှင်း လင်းဆွေးနွေးကြပြီး ပါတီဝင်များ ၏ဆွေးနွေးအကြံပြုတင်ပြချက်များ ထဲမှ ပါတီအတွက် အကျိုးရှိစေ မည့် အချက်များအား ထုတ်နှုတ် ရွေးချယ်၍ ပါတီအဆင့်ဆင့်သို့ ဆက်လက်တင်ပြပေးသွားမည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။

လှမျိုး(ဒဂုံအရှေ့)